ချစ်သူကောင်လေးကို ကိုယ့်မိဘတွေသဘောကျလက်ခံလာအောင်…
trend.com.mm
|
2018-10-01

ကိုယ့်မိဘတွေက ကိုယ့်ချစ်သူကောင်လေးနဲ့ပတ်သက်ပြီးအဆိုးမြင်မှာ၊သဘောမကျမှာ၊သူနဲ့ဆိုသဘောမတူဘူးဆိုတာတွေဖြစ်မှာ စိုးရိမ်တတ်ကြတာမိန်းကလေးတိုင်းပါပဲ။ကိုယ့်မိဘတွေကလည်း သူ့ကိုသဘောကျတယ်ဆိုမှ ရှေ့ဆက်မယ့်ခရီးကချောမွေ့မယ်မဟုတ်လား။ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးကိုမိဘတွေသဘောကျနှစ်သက်အောင် ဒီအဓိကအချက် ၄ချက်ကိုသိထားဖို့လိုအပ်ပါတယ်။








*ပထမဆုံး မိဘတွေကိုအသိပေးပါ
ရုတ်တရက်ကြီးမပြောမဆိုပေါက်ချလာပြီး ဒါသမီးချစ်သူ မေမေလို့မိတ်ဆက်ပေးတာမျိုး လုံးဝမလုပ်မိပါစေနဲ့နော်။မိဘတွေအတွက်လည်း စိတ်ပြင်ဆင်ချိန်ဆိုတာလိုပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူနဲ့မိတ်မဆက်ပေးခင်မှာ သူကတော့ ဘယ်လိုလူမျိုးပါ၊ကိုယ့်အပေါ်လည်းဘယ်လိုသဘောထားတာ၊သူ့ရဲ့အလုပ်အကိုင်အရည်အချင်းကဘယ်လို၊ချစ်သူတွေဖြစ်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတွေပြောပြပါ။မိဘတွေသဘောတူတာ မတူတာတွေကိုစိတ်ပူမနေပဲ စိတ်အေးအေးထားပြီး ယဉ်ကျေးစွာဆွေးနွေးပါ။အဓိကက သူက ကိုယ့်အပေါ်ဘယ်လိုကောင်းမွန်တယ်ဆိုတဲ့အကြောင်း၊သူ့ကိုကိုယ်က ဘာတွေသဘောကျတယ်ဆိုတဲ့အကြောင်း၊ဒီ Relationship ကြောင့်အလုပ်ကိုရော၊ပညာရေးကိုပါ မထိခိုက်စေကြောင်းအသားပေးပြောပြပါ။ဘယ်မိဘမဆို ကိုယ့်သားသမီးကို
စိတ်ချမ်းသာအောင်၊လုံခြုံအောင်ထားတဲ့ယောကျ်ားလေးမျိုးကို သဘောကျကြပါတယ်။


*သူတို့ရဲ့အမြင်ကိုနားထောင်ပါ
မိဘတွေက ကိုယ့်ချစ်သူကိုသဘောမကျဘူး၊သဘောမတူဘူးစတဲ့အဆိုးမြင်စကားတွေက ကိုယ့်ကိုစိတ်ညစ်စေ၊စိတ်တိုစေတာဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သူတို့မှာလည်းသူတို့အမြင်ကိုပြောပြခွင့်၊သူတို့သဘောထားကိုပြောခွင့်ရှိပါတယ်။သူတို့မှာကိုယ့်ချစ်သူနဲ့အရင်ကပြဿနာတွေရှိခဲ့ဖူးလား၊ဒါမှမဟုတ် ကိုယ့်ကိုဒုက္ခပေးမှာ၊တကယ်မချစ်မှာကိုသူတို့စိုးရိမ်နေတာလား?စသဖြင့် သေချာပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုအပ်ပါတယ်။








*ချက်ချင်းတုံ့ပြန်ဖြေရှင်းတာမျိုးလုံးဝမလုပ်ပါနဲ့
မိဘတွေက ကိုယ့်ချစ်သူနဲ့ပတ်သက်လို့တစ်ခုခုမကောင်းတာပြောလိုက်တဲ့အခါ ဝူးဝူးဝါးဝါးထလုပ်တာမျိုး၊ဆန္ဒပြတာမျိုးလုံးဝမလုပ်ပါနဲ့။ဒါက ပိုဆိုးသွားစေတာပဲရှိတာပါ။မိဘတွေလည်းစိတ်ဆင်းရဲရတယ်။ကိုယ်လည်း စိတ်ညစ်ရတယ်။ဒါကြောင့် ကိုယ့်ချစ်သူအပေါ်မကောင်းမြင်စကားပြောတဲ့အခါအရွဲ့တိုက်တာမျိုး၊မိဘတွေကိုစိတ်ဆင်းရဲအောင်ပြောတာမျိုးလုံးဝမလုပ်မိပါစေနဲ့။ကိုယ်ပြောရမှာက သူတို့ဆီကဝေဖန်တာထက်အားပေးမှုကိုပိုပြီးလိုအပ်တဲ့အကြောင်း၊သူတို့ထင်သလို သူက ကိုုယ့်အပေါ်မှာအနိုင်ယူတဲ့သူမဟုတ်တဲ့အကြောင်းအေးအေးဆေးဆေးပြောပြပါ။မိဘဆိုတာကိုယ့်သားသမီးစိတ်ဆင်းရဲတာကို ပထမဆုံး မမြင်ချင်တဲ့သူတွေပါ။သူတို့နားလည်မှုလွဲနေရင်တောင်ကိုယ်က ကိုယ်လိုချင်တဲ့အရာကိုအေးအေးဆေးဆေးရှင်းပြပြောပြဖို့လိုအပ်ပါတယ်။








*သူတို့ရဲ့စိုးရိမ်မှုကို တလေးတစားတုံ့ပြန်ပါ
လူကြီးတွေဆိုတာကတော့အမြဲတမ်းစိုးရိမ်ပူပန်နေမှာပါပဲ။ဒါကိုအပြစ်တစ်ခုလိုမြင်နေလို့မရပါဘူး။ကိုယ်နဲ့ကိုယ့်ချစ်သူကိုသဘောမတူဘူးဆိုတာနဲ့ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်တာမျိုး၊မိဘတွေသဘောမတူလည်းလုပ်ချင်ရာလုပ်မယ်လို့ပြောတာမျိုးက ကိုယ့်ချစ်သူကောင်လေးအပေါ် ပိုပြီးအမြင်ဆိုးစေပါတယ်။ဒါကြောင့် ကိုယ်က စိတ်ရှည်ရမယ်။ရင့်ကျက်ရမယ်။လေးစားမှုရှိရမယ်။အဲ့ဒါက ကိုယ်က ကိုယ့်ချစ်သူနဲ့အဆင်ပြေပြေရှေ့ဆက်နိုင်မယ်ဆိုတာယုံကြည်ပြီးကိုယ့်ချစ်သူအပေါ်လည်းအကောင်းမြင်ပေးဖို့အခွင့်အရေးပေးမှာဖြစ်ပါတယ်။


ဒီအချက်လေးတွေကိုသေချာသတိထားပြီးလုပ်မယ်ဆိုရင်တော့မိဘတွေက သင့်ချစ်သူကောင်လေးကို သဘောကျပြီးလက်ခံလာမှာအသေအချာပါပဲ










Unicode

ကိုယ့်မိဘတွေက ကိုယ့်ချစ်သူကောင်လေးနဲ့ပတ်သက်ပြီးအဆိုးမြင်မှာ၊သဘောမကျမှာ၊သူနဲ့ဆိုသဘောမတူဘူးဆိုတာတွေဖြစ်မှာ စိုးရိမ်တတ်ကြတာမိန်းကလေးတိုင်းပါပဲ။ကိုယ့်မိဘတွေကလည်း သူ့ကိုသဘောကျတယ်ဆိုမှ ရှေ့ဆက်မယ့်ခရီးကချောမွေ့မယ်မဟုတ်လား။ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးကိုမိဘတွေသဘောကျနှစ်သက်အောင် ဒီအဓိကအချက် ၄ချက်ကိုသိထားဖို့လိုအပ်ပါတယ်။


*ပထမဆုံး မိဘတွေကိုအသိပေးပါ
ရုတ်တရက်ကြီးမပြောမဆိုပေါက်ချလာပြီး ဒါသမီးချစ်သူ မေမေလို့မိတ်ဆက်ပေးတာမျိုး လုံးဝမလုပ်မိပါစေနဲ့နော်။မိဘတွေအတွက်လည်း စိတ်ပြင်ဆင်ချိန်ဆိုတာလိုပါတယ်။ဒါကြောင့် ကိုယ့်ချစ်သူနဲ့မိတ်မဆက်ပေးခင်မှာ သူကတော့ ဘယ်လိုလူမျိုးပါ၊ကိုယ့်အပေါ်လည်းဘယ်လိုသဘောထားတာ၊သူ့ရဲ့အလုပ်အကိုင်အရည်အချင်းကဘယ်လို၊ချစ်သူတွေဖြစ်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာတွေပြောပြပါ။မိဘတွေသဘောတူတာ မတူတာတွေကိုစိတ်ပူမနေပဲ စိတ်အေးအေးထားပြီး ယဉ်ကျေးစွာဆွေးနွေးပါ။အဓိကက သူက ကိုယ့်အပေါ်ဘယ်လိုကောင်းမွန်တယ်ဆိုတဲ့အကြောင်း၊သူ့ကိုကိုယ်က ဘာတွေသဘောကျတယ်ဆိုတဲ့အကြောင်း၊ဒီ Relationship ကြောင့်အလုပ်ကိုရော၊ပညာရေးကိုပါ မထိခိုက်စေကြောင်း အသားပေးပြောပြပါ။ဘယ်မိဘမဆို ကိုယ့်သားသမီးကို
စိတ်ချမ်းသာအောင်၊လုံခြုံအောင်ထားတဲ့ယောကျ်ားလေးမျိုးကို သဘောကျကြပါတယ်။


*သူတို့ရဲ့ အမြင်ကိုနားထောင်ပါ
မိဘတွေက ကိုယ့်ချစ်သူကိုသဘောမကျဘူး၊သဘောမတူဘူးစတဲ့အဆိုးမြင်စကားတွေက ကိုယ့်ကိုစိတ်ညစ်စေ၊စိတ်တိုစေတာဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သူတို့မှာလည်းသူတို့အမြင်ကိုပြောပြခွင့်၊သူတို့သဘောထားကိုပြောခွင့်ရှိပါတယ်။သူတို့မှာကိုယ့်ချစ်သူနဲ့အရင်ကပြဿနာတွေရှိခဲ့ဖူးလား၊ဒါမှမဟုတ် ကိုယ့်ကိုဒုက္ခပေးမှာ၊တကယ်မချစ်မှာကိုသူတို့စိုးရိမ်နေတာလား?စသဖြင့် သေချာပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့လိုအပ်ပါတယ်။


*ချက်ချင်းတုံ့ပြန်ဖြေရှင်းတာမျိုးလုံးဝမလုပ်ပါနဲ့
မိဘတွေက ကိုယ့်ချစ်သူနဲ့ပတ်သက်လို့တစ်ခုခုမကောင်းတာပြောလိုက်တဲ့အခါ ဝူးဝူးဝါးဝါးထလုပ်တာမျိုး၊ဆန္ဒပြတာမျိုးလုံးဝမလုပ်ပါနဲ့။ဒါက ပိုဆိုးသွားစေတာပဲရှိတာပါ။မိဘတွေလည်းစိတ်ဆင်းရဲရတယ်။ကိုယ်လည်း စိတ်ညစ်ရတယ်။ဒါကြောင့် ကိုယ့်ချစ်သူအပေါ်မကောင်းမြင်စကားပြောတဲ့အခါ အရွဲ့တိုက်တာမျိုး၊မိဘတွေကိုစိတ်ဆင်းရဲအောင်ပြောတာမျိုးလုံးဝမလုပ်မိပါစေနဲ့။ကိုယ်ပြောရမှာက သူတို့ဆီကဝေဖန်တာထက် အားပေးမှုကိုပိုပြီးလိုအပ်တဲ့အကြောင်း၊သူတို့ထင်သလို သူက ကုုိယ့်အပေါ်မှာအနိုင်ယူတဲ့သူမဟုတ်တဲ့အကြောင်းအေးအေးဆေးဆေးပြောပြပါ။မိဘဆိုတာကိုယ့်သားသမီးစိတ်ဆင်းရဲတာကို ပထမဆုံး မမြင်ချင်တဲ့သူတွေပါ။သူတို့နားလည်မှုလွဲနေရင်တောင်ကိုယ်က ကိုယ်လိုချင်တဲ့အရာကို အေးအေးဆေးဆေးရှင်းပြပြောပြဖို့လိုအပ်ပါတယ်။


*သူတို့ရဲ့စိုးရိမ်မှုကို တလေးတစားတုံ့ပြန်ပါ
လူကြီးတွေဆိုတာကတော့ အမြဲတမ်းစိုးရိမ်ပူပန်နေမှာပါပဲ။ဒါကို အပြစ်တစ်ခုလိုမြင်နေလို့မရပါဘူး။ကိုယ်နဲ့ကိုယ့်ချစ်သူကိုသဘောမတူဘူးဆိုတာနဲ့ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်တာမျိုး၊မိဘတွေသဘောမတူလည်းလုပ်ချင်ရာလုပ်မယ်လို့ပြောတာမျိုးက ကိုယ့်ချစ်သူကောင်လေးအပေါ် ပိုပြီးအမြင်ဆိုးစေပါတယ်။ဒါကြောင့် ကိုယ်က စိတ်ရှည်ရမယ်။ရင့်ကျက်ရမယ်။လေးစားမှုရှိရမယ်။အဲ့ဒါက ကိုယ်က ကိုယ့်ချစ်သူနဲ့အဆင်ပြေပြေရှေ့ဆက်နိုင်မယ်ဆိုတာယုံကြည်ပြီးကိုယ့်ချစ်သူအပေါ်လည်းအကောင်းမြင်ပေးဖို့အခွင့်အရေးပေးမှာဖြစ်ပါတယ်။


ဒီအချက်လေးတွေကိုသေချာသတိထားပြီးလုပ်မယ်ဆိုရင်တော ့မိဘတွေက သင့်ချစ်သူကောင်လေးကို သဘောကျပြီးလက်ခံလာမှာအသေအချာပါပဲ





Some text some message..