AB သွေးပိုင်ရှင်မိန်းကလေးနဲ့ ချစ်သူဖြစ်ထားတယ်ဆိုရင် ဒါလေးတွေတော့သိထားသင့်
trend.com.mm
|
2018-10-06

သင့်ချစ်သူက AB သွေးပိုင်ရှင်လား? ဒါဆိုရင်တော့ သူမရဲ့ပင်ကိုယ်စိတ်အခြေအနေလေးကိုသိထားဖို့လိုအပ်ပါတယ်နော်။AB သွေးကရှားပါးသွေးလည်းဖြစ်တဲ့အတွက် သူတို့ရဲ့စိတ်နေစိတ်ထားကလည်းထူးခြားနေတတ်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်…







AB သွေးပိုင်ရှင်မိန်းကလေးတွေဟာ သူတို့ရဲ့ ချစ်သူကိုအကောင်းဆုံးပေးဆပ်ပြီးချစ်တတ်ကြသလို သူတို့ကိုမင်းသမီးလိုပြန်ပြီး ဆက်ဆံပြုမူတာကိုသဘောကျကြပါတယ်။ဥပမာအမှတ်တရနေ့လေးတွေမှာသူမအတွက် ထူးထူးခြားခြားဖန်တီးပေးတာမျိုးပေါ့။ဒါ့အပြင် AB သွေးပိုင်ရှင်မိန်းကလေးတွေဟာအချစ်ရေးတစ်ခုမှာသူတို့ဖြစ်ချင်တာ၊သူတို့လိုချင်တာကိုလည်းတိတိကျကျသတ်မှတ်ထားတတ်ကြပါတယ်။ကိုယ့်ချစ်သူအတွက်အသေးစိတ်ကအစသေချာဂရုစိုက်ပေးတတ်ကြလို့ စိတ်ကျဉ်းကျပ်တာတွေလည်းဖြစ်တတ်တယ်ဆိုပေမဲ့ ဒီမိန်းကလေးတွေဟာအမေနဲ့တူတဲ့ ချစ်သူမျိုးပါ။








သူတို့ဟာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလည်းအပြည့်ရှိကြသလိုသူတို့ရဲ့စိတ်က ချစ်သူကို
သဝန်တိုစိတ်နဲ့သူမဆီကထွက်မသွားအောင်အမြဲဂရုစိုက်နေတာမျိုးမဟုတ်ပဲ သူတို့ရဲ့Type ကိုက ချစ်တဲ့သူကိုဂရုစိုက်ပေးချင်တဲ့ Type မျိုးပါ။သူတို့စိတ်ကအရမ်းရိုးစင်းပါတယ်။ဒီလိုဖြူစင်သလို သူတို့က စစချင်းမှာတော့ သူတို့ရဲ့တကယ့်စိတ်ရင်းအမှန်ကိုဖွင့်လှစ်မပြတတ်ပါဘူး။သူတို့နဲ့အတူတူရှိတာကြာမှ တဖြည်းဖြည်းသူတို့ရဲ့စိတ်ကိုသိလာရတာပါ။







AB သွေးလေးတွေဟာစိတ်တည်ငြိမ်ပြီးအခြေအနေအချိန်အခါအလိုက်သူတို့ရဲ့စိတ်ကိုပြောင်းလဲနိုင်စွမ်းလည်းရှိပါတယ်။ဉာဏ်လည်းကောင်းပါတယ်။အားနည်းချက်တစ်ခုကတော့အလွယ်တကူလက်လျှော့အရှုံးပေးတတ်တာပါ။သူတို့ဘက်ကအလေးထားသလောက်တစ်ဖက်လူဆီက ပြန်ပြီးအလေးထားခြင်းမခံရတဲ့အခါအရမ်းစိတ်အားငယ်တတ်ပါတယ်။စိတ်ကူးယဉ်ဆန်တတ်တယ်ပြောရမလား၊အရမ်းချစ်တတ်တယ်ပြောရမလား သူတို့ကအချစ်ရေးတစ်ခုမှာအသေးစိတ်ကအစအလေးထားတန်ဖိုးထားတတ်သလို သူတို့ရဲ့ချစ်သူအတွက်လည်းအမြဲအမှတ်ရစရာတစ်ခုခုဖန်တီးပေးတတ်ကြပါတယ်။ပြီးတော့သူမကလည်းအဲ့ဒီလိုပြန်ပြီးဂရုစိုက်ခံချင်၊တန်ဖိုးထားခံချင်ကြပါတယ်။သူမကိုဂရုစိုက်ပေးမယ်၊အလေးထားမယ်ဆိုရင်အဲ့ဒီအချစ်ရေးကအကြာကြီးမြဲသွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူက AB သွေးလေးဆိုရင်သူမရဲ့အသေးစိတ်ဂရုစိုက်တာကို ချုပ်ချယ်တယ်၊ကျဉ်းကျပ်တယ်မမြင်ပဲ သူမကိုလည်းအဲ့ဒီလိုလေးပြန်ပြီးဂရုစိုက်ကြည့်ပါ။သူမအတွက်အမှတ်တရနေ့လေးတွေဖန်တီးပေးပါ။သူတို့ကလည်းသင့်အပေါ်အကောင်းဆုံးပေးဆပ်ပြီးချစ်သွားတတ်တဲ့သူမျိုးတွေဖြစ်လို့တန်ဖိုးထားပြီးချစ်ပေးပါလို့အကြံပြုလိုက်ပါတယ်။







Unicode

သင့်ချစ်သူက AB သွေးပိုင်ရှင်လား? ဒါဆိုရင်တော့ သူမရဲ ့ပင်ကိုယ်စိတ်အခြေအနေလေးကိုသိထားဖို့လိုအပ်ပါတယ်နော်။AB သွေးကရှားပါးသွေးလည်းဖြစ်တဲ့အတွက် သူတို့ရဲ ့စိတ်နေစိတ်ထားကလည်းထူးခြားနေတတ်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်…

AB သွေးပိုင်ရှင်မိန်းကလေးတွေဟာ သူတို့ရဲ့ ချစ်သူကို အကောင်းဆုံးပေးဆပ်ပြီးချစ်တတ်ကြသလို သူတို့ကိုမင်းသမီးလိုပြန်ပြီး ဆက်ဆံပြုမူတာကိုသဘောကျကြပါတယ်။ဥပမာ အမှတ်တရနေ့လေးတွေမှာသူမအတွက် ထူးထူးခြားခြားဖန်တီးပေးတာမျိုးပေါ့။ဒါ့အပြင် AB သွေးပိုင်ရှင်မိန်းကလေးတွေဟာအချစ်ရေးတစ်ခုမှာသူတို့ဖြစ်ချင်တာ၊သူတို့လိုချင်တာကိုလည်းတိတိကျကျသတ်မှတ်ထားတတ်ကြပါတယ်။ကိုယ့်ချစ်သူအတွက် အသေးစိတ်ကအစသေချာဂရုစိုက်ပေးတတ်ကြလို့ စိတ်ကျဉ်းကျပ်တာတွေလည်းဖြစ်တတ်တယ်ဆိုပေမဲ့ ဒီမိန်းကလေးတွေဟာ အမေနဲ့တူတဲ့ ချစ်သူမျိုးပါ။


သူတို့ဟာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုလည်းအပြည့်ရှိကြသလိုသူတို့ရဲ့စိတ်က ချစ်သူကို
သဝန်တိုစိတ်နဲ့သူမဆီကထွက်မသွားအောင်အမြဲဂရုစိုက်နေတာမျိုးမဟုတ်ပဲ သူတို့ရဲ ့Type ကိုက ချစ်တဲ့သူကိုဂရုစိုက်ပေးချင်တဲ့ Type မျိုးပါ။သူတို့စိတ်က အရမ်းရိုးစင်းပါတယ်။ဒီလိုဖြူစင်သလို သူတို့က စစချင်းမှာတော့ သူတို့ရဲ ့တကယ့်စိတ်ရင်းအမှန်ကိုဖွင့်လှစ်မပြတတ်ပါဘူး။သူတို့နဲ့အတူတူရှိတာကြာမှ တဖြညး်ဖြည်းသူတို့ရဲ့စိတ်ကိုသိလာရတာပါ။

AB သွေးလေးတွေဟာစိတ်တည်ငြိမ်ပြီး အခြေအနေအချိန်အခါအလိုက်သူတို့ရဲ ့စိတ်ကိုပြောင်းလဲနိုင်စွမ်းလည်းရှိပါတယ်။ဉာဏ်လည်းကောင်းပါတယ်။အားနည်းချက်တစ်ခုကတော့ အလွယ်တကူလက်လျှော့အရှုံးပေးတတ်တာပါ။သူတို့ဘက်က အလေးထားသလောက်တစ်ဖက်လူဆီက ပြန်ပြီးအလေးထားခြင်းမခံရတဲ့အခါ အရမ်းစိတ်အားငယ်တတ်ပါတယ်။စိတ်ကူးယဉ်ဆန်တတ်တယ်ပြောရမလား၊အရမ်းချစ်တတ်တယ်ပြောရမလား သူတို့က အချစ်ရေးတစ်ခုမှာအသေးစိတ်ကအစ အလေးထားတန်ဖိုးထားတတ်သလို သူတို့ရဲ့ချစ်သူအတွက်လည်းအမြဲအမှတ်ရစရာတစ်ခုခုဖန်တီးပေးတတ်ကြပါတယ်။ပြီးတော့သူမကလည်း အဲ့ဒီလိုပြန်ပြီးဂရုစိုက်ခံချင်၊တန်ဖိုးထားခံချင်ကြပါတယ်။သူမကိုဂရုစိုက်ပေးမယ်၊အလေးထားမယ်ဆိုရင် အဲ့ဒီအချစ်ရေးက အကြာကြီးမြဲသွားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူက AB သွေးလေးဆိုရင်သူမရဲ ့အသေးစိတ်ဂရုစိုက်တာကို ချုပ်ချယ်တယ်၊ကျဉ်းကျပ်တယ်မမြင်ပဲ သူမကိုလည်း အဲ့ဒီလိုလေးပြန်ပြီးဂရုစိုက်ကြည့်ပါ။သူမအတွက် အမှတ်တရနေ့လေးတွေဖန်တီးပေးပါ။သူတို့ကလည်းသင့်အပေါ် အကောင်းဆုံးပေးဆပ်ပြီးချစ်သွားတတ်တဲ့သူမျိုးတွေဖြစ်လို့တန်ဖိုးထားပြီးချစ်ပေးပါလို့ အကြံပြုလိုက်ပါတယ်။




Some text some message..