ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်ကို စွန့်လွှတ်ဖို့ခက်ခဲနေတာလား??
trend.com.mm
|
2018-10-09




တစ်စုံတစ်ယောက်ကိုချစ်နေရဲ့သားနဲ့ လမ်းခွဲလိုက်ရတဲ့ခံစားချက်ကအရမ်းကိုနာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်းသိကြပါတယ်။ချစ်နေတယ်ဆို ဘာလို့လမ်းခွဲဖို့လိုလဲ?ဒီလူတစ်ယောက်က ကိုယ်သူ့အပေါ်ကောင်းသလို ကိုယ့်အပေါ် ပြန်မကောင်းဘူး။ကိုယ့်အပေါ်သစ္စာမရှိဘူး။ကိုယ့်ကိုအမြဲမျက်ရည်ကျအောင်လုပ်တယ်။ဒါဆိုရင် ဘယ်လောက်ချစ်ချစ် ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်ကို ထားပစ်ခဲ့ဖို့၊ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်နဲ့လမ်းခွဲဖို့ သတ္တိရှိရပါမယ်။
ဘာလို့လဲ…


မင်းက သူ့ထက်ပိုကောင်းတဲ့လူနဲ့တွေ့ဆုံဖို့ ထိုက်တန်လို့ပါ
ဒီလူကြောင့်အမြဲစိတ်ညစ်ရတယ်၊စိတ်ဆင်းရဲရတယ်ဆိုပေမဲ့ ဒီလူနဲ့ရှိခဲ့တဲ့အမှတ်တရတွေ၊
ပျော်ရွှင်မှုတွေကို မမေ့လိုက်နိုင်ဘူး။မစွန့်လွှတ်နိုင်ဘူးဖြစ်နေလား?ဘဝတစ်လျှောက်လုံးမှာ လူတွေအများကြီးနဲ့တွေ့ဆုံရဦးမှာပါ။သူ့ထက် သင့်ဘဝကိုပိုပြီးပျော်ရွှင်စရာတွေပေးနိုင်တဲ့သူဆိုတာထပ်ပြီးတွေ့လာရဦးမယ်ဆိုတာ မမေ့လိုက်ပါနဲ့







ကိုယ့်အပေါ်မကောင်းတဲ့လူကို ချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ဆက်ပြီးတွဲဦးမလို့လား?သင် ပင်ပန်းလွန်းပါတယ်။


*စွန့်လွှတ်ကြည့်ပါ
ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကိုစွန့်လွှတ်လိုက်ရတာ မနာကျင်ဘူးလို့ပြောရင်ညာတာပါပဲ။မစွန့်လွှတ်ချင်ဘူး။ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေက ကိုယ့်ကိုနာကျင်စေတယ်။သူ့ရဲ့အပြုအမူတွေက ကိုယ်သူ့အပေါ်အယုံအကြည်ကင်းမဲ့လာစေတယ်။သူ့ကြောင့်နာကျင်ရတယ်။သူ့အပေါ်လည်းယုံကြည်မှုဆက်မရှိတော့ဘူး။ဒါဆို ဒီ RS မှာ သင့်အချစ်တစ်ခုကလွဲလို့ဘာကျန်သေးလဲ?ကိုယ်သူ့ကိုတကယ်စွန့်လွှတ်နိုင်လား မစွန့်လွှတ်နိုင်ဘူးလားဆိုတာ စွန့်လွှတ်ကြည့်မှသိမှာပါ။








*နာကျင်ရမှာကိုလက်ခံပါ
ဒီလူနဲ့လမ်းခွဲလိုက်တဲ့အခါအရင်လိုပျော်စရာကောင်းတဲ့အချိန်တွေပြန်မရနိုင်တော့ဘူး၊သူကိုယ့်အပေါ်မကောင်းပေမဲ့အတူတူရှိခဲ့တဲ့အချိန်တွေမှာနှစ်ယောက်သားပျော်ရွှင်ခဲ့ရတာပဲလို့တွေးပြီး နာကျင်ခံစားရမှာကိုကြောက်နေလား။ဒီပျော်ရွှင်မှုတွေနောက်ထပ်မရှိနိုင်တော့ဘူးလို့တွေးမိရင် ဒီစိတ်ဆင်းရဲမှု၊ဒီမယုံကြည်မှုတွေကလည်း ကပ်ပါလာမှာကိုသတိရပါ။ကိုယ်မယုံကြည်နိုင်တဲ့လူတစ်ယောက်နဲ့ရှေ့ဆက်လျှောက်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်။ဒါကြောင့်လမ်းခွဲလိုက်ရင်နာကျင်ခံစားရမှာကို မကြောက်ပါနဲ့။နာကျင်မှုကအချိန်အကြာကြီးဖြစ်မနေနိုင်ပါဘူး။


*ငိုပါ
သူကိုယ့်အပေါ်ဘယ်လိုပဲမကောင်းခဲ့ပါစေ ဒီမကောင်းတဲ့လူတစ်ယောက်အတွက်မငိုဘူးလို့တင်းမထားပါနဲ့။ငိုချင်ပေမဲ့တင်းထားရတာက ပိုပြီးစိတ်ပင်ပန်းပါတယ်။နာကျင်ခံစားရတာတွေပျောက်ဖို့သင်လုပ်နိုင်တာက ငိုတာပါပဲ။ဒီလိုအချိန်မှာ သန်မာပြနေစရာမလိုပါဘူး။ငိုလိုက်ပါ။အဆင်ပြေသလို ဟန်ဆောင်ပြနေတာတွေရပ်ပြီး ငိုပါ။ငိုုပြီးတဲ့နောက်မှာအရာရာကရှင်းရှင်းလင်းလင်းဖြစ်သွားပြီး ပြန်ပြီးပြုံးရယ်နိုင်လာပါလိမ့်မယ်။








*ပျော်ရွှင်မှုက သင့်ရဲ့ထိန်းချုပ်မှုအောက်မှာပါပဲ
ချစ်သူရည်းစားနဲ့ပြတ်သွားတာက ကမ္ဘာပျက်သွားတာမဟုတ်သေးပါဘူး။သေမတက်နာကျင်ခံစားရတယ်ဆိုပေမဲ့ မသေသေးဘူးမဟုတ်လား။ပြီးတော့ဒီလိုလူတစ်ယောက်ကြောင့်အမြဲလိုလိုပူဆွေးနေဖို့လည်းသင့်မာနက ခွင့်ပြုမှာမဟုတ်ပါဘူး။ပျော်ရွှင်စရာတွေအများကြီးပါ။အထူးသဖြင့် ကိုယ့်ကိုစိတ်ဆင်းရဲစေတဲ့Relationship တစ်ခုကနေရုန်းထွက်နိုင်ခဲ့ပြီဆိုရင် ပျော်ပျော်နေသင့်တယ်မဟုတ်လား။ချစ်တဲ့သူတွေကိုရှာပါ။ပျော်ရွှင်စရာတွေကိုဖန်တီးပါ။ပျော်ရွှင်မှုဆိုတာသင့်စိတ်ရဲ့ထိန်းချုပ်မှုထဲမှာပါပဲ။







Unicode


တစ်စုံတစ်ယောက်ကိုချစ်နေရဲ့သားနဲ့ လမ်းခွဲလိုက်ရတဲ့ခံစားချက်က အရမ်းကိုနာကျင်ရတယ်ဆိုတာ ခံစားဖူးသူတိုင်းသိကြပါတယ်။ချစ်နေတယ်ဆို ဘာလို့လမ်းခွဲဖို့လိုလဲ?ဒီလူတစ်ယောက်က ကိုယ်သူ့အပေါ်ကောင်းသလို ကိုယ့်အပေါ် ပြန်မကောင်းဘူး။ကိုယ့်အပေါ်သစ္စာမရှိဘူး။ကိုယ့်ကိုအမြဲမျက်ရည်ကျအောင်လုပ်တယ်။ဒါဆိုရင် ဘယ်လောက်ချစ်ချစ် ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်ကို ထားပစ်ခဲ့ဖို့၊ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်နဲ့လမ်းခွဲဖို့ သတ္တိရှိရပါမယ်။
ဘာလို့လဲ…


မင်းက သူ့ထက်ပိုကောင်းတဲ့လူနဲ့တွေ့ဆုံဖို့ ထိုက်တန်လို့ပါ
ဒီလူကြောင့်အမြဲစိတ်ညစ်ရတယ်၊စိတ်ဆင်းရဲရတယ်ဆိုပေမဲ့ ဒီလူနဲ့ရှိခဲ့တဲ့အမှတ်တရတွေ၊
ပျော်ရွှင်မှုတွေကို မမေ့လိုက်နိုင်ဘူး။မစွန့်လွှတ်နိုင်ဘူးဖြစ်နေလား?ဘဝတစ်လျှောက်လုံးမှာ လူတွေအများကြီးနဲ့တွေ့ဆုံရဦးမှာပါ။သူ့ထက် သင့်ဘဝကိုပိုပြီးပျော်ရွှင်စရာတွေပေးနိုင်တဲ့သူဆိုတာထပ်ပြီးတွေ့လာရဦးမယ်ဆိုတာ မမေ့လိုက်ပါနဲ့

ကိုယ့်အပေါ်မကောင်းတဲ့လူကို ချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ဆက်ပြီးတွဲဦးမလို့လား?သင် ပင်ပန်းလွန်းပါတယ်။


*စွန့်လွှတ်ကြည့်ပါ
ကိုယ်ချစ်ရတဲ့လူတစ်ယောက်ကိုစွန့်လွှတ်လိုက်ရတာ မနာကျင်ဘူးလို့ပြောရင်ညာတာပါပဲ။မစွန့်လွှတ်ချင်ဘူး။ဒါပေမဲ့ သူ့ရဲ ့အပြုအမူတွေက ကိုယ့်ကိုနာကျင်စေတယ်။သူ့ရဲ ့အပြုအမူတွေက ကိုယ်သူ့အပေါ်အယုံအကြည်ကင်းမဲ့လာစေတယ်။သူ့ကြောင့်နာကျင်ရတယ်။သူ့အပေါ်လည်းယုံကြည်မှုဆက်မရှိတော့ဘူး။ဒါဆို ဒီ RS မှာ သင့်အချစ်တစ်ခုကလွဲလို့ဘာကျန်သေးလဲ?ကိုယ်သူ့ကိုတကယ်စွန့်လွှတ်နိုင်လား မစွန့်လွှတ်နိုင်ဘူးလားဆိုတာ စွန့်လွှတ်ကြည့်မှသိမှာပါ။


*နာကျင်ရမှာကိုလက်ခံပါ
ဒီလူနဲ့လမ်းခွဲလိုက်တဲ့အခါ အရင်လိုပျော်စရာကောင်းတဲ့အချိန်တွေပြန်မရနိုင်တော့ဘူး၊သူကိုယ့်အပေါ်မကောင်းပေမဲ့ အတူတူရှိခဲ့တဲ့အချိန်တွေမှာနှစ်ယောက်သားပျော်ရွှင်ခဲ့ရတာပဲလို့တွေးပြီး နာကျင်ခံစားရမှာကိုကြောက်နေလား။ဒီပျော်ရွှင်မှုတွေနောက်ထပ်မရှိနိုင်တော့ဘူးလို့တွေးမိရင် ဒီစိတ်ဆင်းရဲမှု၊ဒီမယုံကြည်မှုတွေကလည်း ကပ်ပါလာမှာကိုသတိရပါ။ကိုယ်မယုံကြည်နိုင်တဲ့လူတစ်ယောက်နဲ့ရှေ့ဆက်လျှောက်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ဒါကြောင့်လမ်းခွဲလိုက်ရင်နာကျင်ခံစားရမှာကို မကြောက်ပါနဲ့။နာကျင်မှုက အချိန်အကြာကြီးဖြစ်မနေနိုင်ပါဘူး။


*ငိုပါ
သူကိုယ့်အပေါ်ဘယ်လိုပဲမကောင်းခဲ့ပါစေ ဒီမကောင်းတဲ့လူတစ်ယောက်အတွက်မငိုဘူးလို့တင်းမထားပါနဲ့။ငို်ချင်ပေမဲ့တင်းထားရတာက ပိုပြီးစိတ်ပင်ပန်းပါတယ်။နာကျင်ခံစားရတာတွေပျောက်ဖို့သင်လုပ်နိုင်တာက ငိုတာပါပဲ။ဒီလိုအချိန်မှာ သန်မာပြနေစရာမလိုပါဘူး။ငိုလိုက်ပါ။အဆင်ပြေသလို ဟန်ဆောင်ပြနေတာတွေရပ်ပြီး ငိုပါ။ငိုုပြီးတဲ့နောက်မှာ အရာရာကရှင်းရှင်းလင်းလင်းဖြစ်သွားပြီး ပြန်ပြီးပြုံးရယ်နိုင်လာပါလိမ့်မယ်။


*ပျော်ရွှင်မှုက သင့်ရဲ ့ထိန်းချုပ်မှုေအောက်မှာပါပဲ
ချစ်သူရည်းစားနဲ့ပြတ်သွားတာက ကမ္ဘာပျက်သွားတာမဟုတ်သေးပါဘူး။သေမတက်နာကျင်ခံစားရတယ်ဆိုပေမဲ့ မသေသေးဘူးမဟုတ်လား။ပြီးတော့ဒီလိုလူတစ်ယောက်ကြောင့် အမြဲလိုလိုပူဆွေးနေဖို့လည်းသင့်မာနက ခွင့်ပြုမှာမဟုတ်ပါဘူး။ပျော်ရွှင်စရာတွေအများကြီးပါ။အထူးသဖြင့် ကိုယ့်ကိုစိတ်ဆင်းရဲစေတဲ့Relationship တစ်ခုကနေရုန်းထွက်နိုင်ခဲ့ပြီဆိုရင် ပျော်ပျော်နေသင့်တယ်မဟုတ်လား။ချစ်တဲ့သူတွေကိုရှာပါ။ပျော်ရွှင်စရာတွေကိုဖန်တီးပါ။ပျော်ရွှင်မှုဆိုတာသင့်စိတ်ရဲ့ထိန်းချုပ်မှုထဲမှာပါပဲ။




Some text some message..