![]()
ဝေဒနာတိုင်းမှာနာကျင်မှုဆိုတာရှိစမြဲပါ။ လူအများစုရဲ့အတွေ့အကြုံနဲ့စစ်တမ်းကောက်ချက်အရ ဘယ်လိုဝေဒနာမျိုးတွေဟာအနာကျင်ရဆုံးဝေဒနာမျိုးတွေထဲမှာပါလည်းဆိုတာကိုအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…
1. Tooth Abscess
![]()
သွားရောဂါဆို ကိုယ့်အတွက်ကတော့ဘယ်လိုရောဂါမှမကောင်းပါဘူးလေ။ သွားနဲ့ပတ်သတ်တဲ့နာကျင်မှုတိုင်းကို သိပ်ကိုခံစားရခက်ပါတယ်။အခုလို Tooth Abscess ဆိုတဲ့သွားဖုံးလို နေရာမျိုးမှာပြည်တည်တယ် ဆိုတာ သိပ်ကိုနာကျင်ခံစားရတဲ့ဝေဒနာ တစ်မျိုးပါပဲ။ ဘာဖြစ်လို့နာကျင်ရလဲဆိုရင်သွားဟာအာရုံကြောတွေနဲ့အနီးဆုံးနေရာမှာတည်ရှိတာကြောင့်သွားရင်းမှာ ပြည်နာဖြစ်တာ ၊အံဆုံးပေါ်မှာအနာတည်တာ စသဖြင့်သွားနဲ့ပတ်သတ်တဲ့ရောဂါတွေရဲ့နာကျင်မှုဟာအာရုံကြောတစ်ခုလုံးကိုပါလာပြီးနာကျင်စေတာကြောင့် သွားကိုက်ခြင်းနာကျင်မှုဟာသိပ်ပြီးကို ဆိုးဝါးစေပါတယ်။
2. Torn Achilles
![]()
ဖနောင့်ကြောအဆစ်မြတ်ခြင်း ဟာလည်း ငိုရမလိုရယ်ရမလို ဖြစ်တက်တဲ့သိပ်ကိုနာကျင်စရာကောင်းတဲ့ဝေဒနာတစ်ခုပါပဲ။ ဖနောင့်ကြော မတော်တဆလည်ထွက်သွားပြီးထွက်သွားပြီးအဆစ်မြတ်သွားတာမျိုး ဖြစ်ဘူးကြမှာပါ။အဲ့လိုအချိန်မှာ ဘယ်နေရာကအောင့်လို့အောင့်မှန်းမသိ နာလို့နာမှန်း မသိ မြတ်လို့မြတ်မှန်းမသိနဲ့နာကျင်စေပါတယ်။အကြောနဲ့ဆက်နေတဲ့နေရာမလို့ထိမိခိုက်မိတဲ့အခါ၊အဆစ်မြတ်သွားတဲ့အခါ ပုံမှန်ထက်မတရားကြီး နာကျင်စေပါတယ်။
3. Cluster Headaches
![]()
ခေါင်းတစ်ခုလုံးထုံကျင်ပြီး ကိုက်ခဲတဲ့ရောဂါဟာလည်းနာကျင်ရဆုံးတစ်ခုထဲမှာပါပါတယ်။ လူတွေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအတွက် ခေါင်းပါအရေးပါပြီးအမြဲလည်ပတ်လှုပ်ရှားအလုပ်လုပ်နေရတဲ့အရာတစ်ခုပါ။ ဒီလိုခေါင်းတစ်ခုလုံးထုံကျင်ကိုက်ခဲပြီး နာကျင်တဲ့အချိန်မှာအသက်ရှုရတာတောင် ခက်ခက်ခဲခဲဖြစ်စေတက်ပါတယ်။
4. Second Degree Burns
![]()
နူးနူးညံ့ညံ့လူ့အသားရည်ပေါ်ကိုအပူလောင်ခြင်းဟာ သိပ်ကို ဆိုးဆိုးဝါးဝါး ကြောက်စရာ ကောင်းတဲ့နာကျင်မှုပါ။အထူးသဖြင့်အတွင်းပိုင်းနူးညံ့တဲ့အသားရည်ပေါ်တွေကိုအပူထိတဲ့အချိန်မှာဘာကို မှမမြင်တော့ပဲအလွန်နာကျင်တဲ့ခံစားမှုကိုသာခံစားရမှပါ။
5. Childbirth
![]()
အိမ်ထောင်ရှင်အမျိုးသမီးအတွက် ကတော့ကမ္ဘာ့အဆိုးဝါးဆုံးနာကျင်မှုတစ်ခုဖြစ်မှာပါ။ ကလေးမွေးဖူးသူအမျိုးသမီးအများစုရဲ့ပြောကြားချက်အရ ကလေးမွေးချိန်မှာ ခန္ဓာကိုယ်အစိတ်အပိုင်း တွေအပြင်ကိုပြုတ်ထွက်သလို ထိခံစားရလောက်အောင်ကို နာကျင်ပါတယ်လို့သိရပါတယ်။