အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
(၁၄-၁၀-၂၀၁၈ မှ ၂၀-၁၀-၂၀၁၈) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။
ယခုအချိန်တွင် ယခင်အချိန်က ကြိုးစားလုပ်ကိုင်ခဲ့သော လုပ်ငန်းများအတွက်အကျိုးရလဒ်များ၊အသီးအပွင့်များကို ခံစားရမည့်အချိန်ဖြစ်သည်။အနုပညာနှင့် ပညာရေးဆိုင်ရာလုပ်ရပ်များအဆင်ပြေအောင်မြင်မှုရလိမ့်မည်။ ကျောက်မျက်ရတနာသမားများအနည်းငယ်ညံ့သည်။ ချစ်သူထံမှအဖြေရမည်၊သို့သော် လက်ထပ်ရန်ဝေးနေပါလိမ့်မည်။အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။အလုပ်ကိစ္စနှင့် ယာယီခရီးထွက်ရမည်။အမှုအခင်းများ ကျေအေးရလိမ့်မည်။အခက်အခဲအဖုအထစ်များပြေပျောက်မည်။ ရှုပ်နေသောအရာများရှင်းနိုင်မည်။ သင်တန်းတက်ရတတ်သည်။ ကျန်းမာရေးအနေဖြင့်အဆုတ်ရောဂါသတိပြုပါ။ ဝန်ထမ်းများအထက်အရာရှိ၏ မြှောက်စားခြင်း ခံရမည်။
အကျိုးပေးဂဏန်း – ၀ ၊ ၁ ၊ ၂။ ယတြာ – ငှက်(၆)ကောင်လွှတ်ပြီး လိုရာဆုတောင်းပါ။
ယခုအပတ်အတွင်း ယာယီခရီးများနေလိမ့်မည်၊ ပြည်ပပို့ကုန်ပစ္စည်းများအတွက် စိတ်သောကရောက်ရမည်။ ထုတ်ကုန်လုပ်သူများအမြတ်ရမည်။ စီးပွားရေးအတွက်အထူး ကြိုးစားရတော့မည့အချိန်ဖြစ်သည်။ ပညာရေးများအတွက် သတိထားရမည့်အချိန်ဖြစ်သည်၊ သင်တန်းမှားတတ်သည်။အချစ်ရေးတွင်အနှောက်အယှက်ရှိသော်လည်းအားငယ်မနေနှင့် လွတ်လပ်စွာ လှုပ်ရှားပြီး မိမိချစ်သူအတွက်အရာရာကိုရင်ဆိုင်လိုက်ပါ။ ဝမ်းသာပီတိ ဖြစ်ရလောက်အောင် စိတ်ချမ်းသာမည်။မင်္ဂလာရက်ရွေးရလိမ့်မည်။ ဘုရားဖူးခရီးယာယီ သွားရမည်။ မိတ်ဆွေသစ၊်အပေါင်းအသင်းသစ် တွေ့ ကြုံလာမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ ကား၊မြေ ရောင်းထွက်မည်။ ဝန်ထမ်းများ ချစ်သူခင်သူပေါများမည်။
အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။ ယတြာ – တိရိစ္ဆာန်များအား တတ်နိုင်သလောအစာကျွေးပြီး ဆုတောင်းပါ။
ယခုအပတ်အတွင်း စီးပွားရေးဆိုင်ရာအတိုက်အခံများတေ့ွ ကြုံရမည်။ မလိုသူ များလာမည်။ စီးပွားရေးတွင် ငွေကြေးကိစ္စတစ်ခုအတွက် တရားရင်ဆိုင်နေရတတ်သည်။ငွေကြေးကိစ္စအတွက် လူအများ၏အထင်လွဲခြင်း၊မယုံမကြည်ဖြစ်ခြင်းများ ဖြစ်တတ်သည်။ ဘဏ်နှင့်ပတ်သက်ပါက သတိထားပါ။ စက်၊ ကား ထွက်ခြင်း ဖြစ်မည်။အစာအိမ်ရောဂါ၊ သားအိမ်ရောဂါများ ဖြစ်တတ်၍အစားဆင်ခြင်ပါ။အိမ်ရှိ မိသားစု၏အပြစ်တင်အထင်လွဲမှုခံရတတ်သည်။ စာမေးပွဲများ၊အင်တာဗျူး များအောင်မြင်မည်။ ချစ်သူကအဖြေပေးလိမ့်မည်။အိမ်ထောင်သည်များအေးစက်နေပြီး သံသယများနေမည်။ ဝန်ထမ်းများ မိမိလုပ်ငန်းမှအရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။
အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၁။ ယတြာ – ငှက်များအား ယခုအပတ်အတွက် မည်သည့်နေ့မဆိုကြုံတိုင်းအစာကျွေးပါ။
စွန့်စားမှုများ၊ကြိုးစားခြင်းများကြောင့် ဆက်တိုက်အောင်မြင်နေမည်။အလုပ်အတွက် ယာယီခရီးထွက်ရတတ်သည်။ မရောက်ဖူးသောခရီး မပေါင်းဖူးသော မိတ်ဆွေ မလုပ်ဖူးသောအလုပ်တို့လုပ်ဖြစ်မည်။ ယခုရက်အတွင်းအိုးသစ်၊အိမ်သစ်ရတတ်သည်။ ငွေကုန်ကြေးကျများနေမည်။ ချစ်သူသစ်ရတတ်ပြီး ပျော်ရွှင်ရလိမ့်မည်။အိမ်ထောင်ရှင်အနေဖြင့် မိမိ၏အိမ်ထောင်ဖက်မှ ဖိနှိပ်ထားသဖြင့် စိတ်ညစ်ရလိမ့်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာခြင်းဖြစ်မည်။ လုပ်ငန်းခွင်သင်တန်းများ တက်ရောက်ရလိမ့်မည်။ ဝန်ထမ်းများအဆင်ပြေပါလိမ့်မည်။
ရာဟု။ ။ရာဟုသားသမီးများ ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းအတွက်အကြံထုတ်ရမည်။ သူများစီးပွားကျချိန်တွင် ကိုယ်အတွက်အကွက်ကောင်းရှာပါ။ ချစ်သူနှင့်အဆင်ပြေမည်။ ရန်ဖြစ်တတ်သည်။ ဝန်ထမ်းများအရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။
အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၄။ ယတြာ – ခွေးလေခွေးလွင့်များကိုအစာကျွေးပါ။
ဤတစ်ပတ်အတွင်း သင်ကံကောင်းနေပါပြီ။ သင့်လုပ်ဆောင်ချက်များအတွက် ကောင်းသတင်းများကျော်ကြားနေသည့်အချိန်ဖြစ်သည်။သို့သော် စီးပွားရေးတွင်အညံဘက်ပြနေတတ်သည်။အလုပ်အကိုင် တိုးတက်မှု မြင့်မားမှု ပြောင်းလဲမှု၊ ပြောင်းရွှေ့မှု တို့ဖြစ်လာမည်။အချစ်ရေးအဆင်ပြေမည်၊အိမ်ထောင်ရေးအဆင်ပြေမည်။ ရည်ရွယ်ထားသူများ လူကြီးမိဘတို့ သဘောတူကြပြီး လက်ထပ်မင်္ဂလာဖြစ်မည်။ ဘိုးဘွားတို့ ကျန်းမာရေး သတိပြုပါ။ မိမိကိုယ်တိုင်လည်း သွေးတိုး သွေးချို စသည့်သွေးနှင့်ဆိုင်သော ရောဂါများ ရတတ်သည်။ ဆွေမျိုးများ၏ မင်္ဂလာ၊အလှူ တို့တွင် ပျော်ရွှင်စွာကူညီရမည်။ ပြိုင်ဆိုင်မှုများအနိုင်ရမည်။ ဝန်ထမ်းများအနည်းငယ် ညံ့နေပါသည်။
အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၃။ ယတြာ – ငှက် (၅) ကောင်လွှတ်ပြီး လိုရာဆုတောင်းပါ။
ဤတစ်ပတ်အတွင်း စိတ်လေနေမည်။အတွေးများ နေမည်။ စီးပွားရေးလုပ်ငန်းများ ထင်ထားသည့်အတိုင်းမဖြစ်ဘဲရှိမည်။ ရေကြောင်းဖြင့် သယ်ဆောင်သောကုန်ပစ္စည်းများ ပျက်စီးတတ်သည်။ ယာယီ ခရီးများထွက်မည်။အကြီးအကဲ မိဘတို့၏အပြစ်တင်အထင် လွဲခြင်းခံရမည်။ လုပ်ငန်းအမှားကြောင့် ငွေထွက်ကြမ်းမည်။ စွဲလန်းနေရသူ တိတ်တခိုးချစ်သူနှင့်အဆင်ပြေမည်။ သို့သော်အောင်သွယ်တော်သတိထားပါ။ လက်ထပ်လုနီးပါး ဖြစ်ပြီးမှ ကြန့်ကြာမှု့ ဖြစ်တတ်သည်။ သူတစ်ပါးအရှုပ် ကိုယ့်အရှုပ် ဖြစ်မည်။ ကျန်းမာရေးအတွက် ညာဘက်လက်သတိထားပါ။ သွေးထွက်သည့်အထိ ခိုက်မိတတ်သည်။ သင်တန်းအသစ်များတက်ရမည်။ ဝန်ထမ်းများအထက်လူကြီးနှင့်အဆင်မပြေဖြစ်နေမည်။
အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၉။ ယတြာ – သောကြာနေ့နံနက်တွင် ရဟန်းတစ်ပါးအား ငွေ (၉၀၀) ကျပ် ကပ်လှူပါ။
ဤတစ်ပတ်အတွင်း သင်၏ လုပ်ငန်းမှာ ပို၍အောင်မြင်မှုများရရှိလာလိမ့်မည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသောအလုပ်များအားလုံးအဆင်ပြေအောင်မြင်မည်။ ပြည်ပမှအကူအညီများရလိမ့်မည်။ စီးပွားရေးတွင် ရှယ်ယာလုပ်ငန်း လုံးဝအကျိုးမပေးပါ။ ရှယ်ယာလုပ်ပါက ပြဿနာတက်လိမ့်မည်။ ရုံးရောက်တတ်သည်။အချစ်ရေးမှာ နားလည်မှုဖြင့်လက်ထပ်ခွင့် ရွှေ့ဆိုင်းရတတ်သည်။ ခရီးဝေးသွားရမည်။ ပညာရေးအားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။အိမ်ထောင်သည်များ စိတ်ချမ်းသာရမည်။ ဝန်ထမ်းများ မီးသတိပြုပါ။
အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ဝ။ ယတြာ – ရဟန်းတစ်ပါးအား ငွေ (၁၀၀၀) လှူပါ။
ဆရာကင်္ကသူ (ရိုးရာလေး)
Doctoral Thesis Of Astro-Palmist.
Membership Of (H.A.P.R.I)
Ph- 09-2550 68533