![]()
ကိုယ်ချင်းစာနာစိတ်ဆိုတာ ဘယ်သူမှသွားထည့်ပေးလို့မရတဲ့ ကိုယ်ပိုင်ခံစားချက်တစ်မျိုးပါ။တစ်ချို့လူတွေရှိတယ် “ဟယ် ဒီကောင်မလေးကဘယ်လိုလေ၊အရင်ကဘာလုပ်တာ၊ညာလုပ်တာ၊သူကအရင်တုန်းက ဘယ်လို”ဆိုတာတွေပြောတတ်ကြတာ၊လူမြင်တိုင်း နှုတ်ဆက်တာထက်အပြစ်ပြောဖို့လောက်ရှာကြံတွေးတတ်တဲ့သူတွေစသဖြင့် ကြုံဖူးကြမှာပါ။အဲ့ဒီအခါကိုယ်တု့ိတွေ တွေးမိကြတယ်။”ဟာ ဘယ်လိုကြီးလဲ ဒါမပြောသင့်ဘူးဆိုတာမသိဘူးလား လူဆိုတာကိုယ်ချင်းစာစိတ်လေးတော့ရှိဦးမှပေါ့ “အဲ့လိုတွေးမိတယ်ဆိုပေမဲ့ ဒါတွေကို သူတို့ကိုသွားပြောကြည့် ကိုယ့်အပေါ်နားလည်မှာမဟုတ်ပဲ ထပ်ပြီးအပြစ်ရှာဦးမှာပါပဲ။
ဒီလိုတစ်ခြားသူဘက်က ဘယ်လိုဖြစ်နေမလဲမတွေးပေးပဲ ကိုယ်ထင်ရာပြောချလိုက်တဲ့သူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါအောင့်သီးအောင့်သက်ဖြစ်ရပါတယ်။ဘာလို့ဆို ကိုယ်ကမှ သူတို့အပေါ် ဒီလိုမပြောတတ်တာကိုး။ကိုယ်ကတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကိုယ်ပြောလိုက်ရင် သူစိတ်မကောင်းဖြစ်သွားမယ်။စိတ်ညစ်သွားမယ်။ဝမ်းနည်းသွားမယ်ဆိုပြီးတွေးပေးတတ်ကြတယ်။ဒီလိုသူများခံစားချက်ကိုနားမလည် ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေနဲ့ပြောဆိုဆက်ဆံလာရတဲ့အခါ ကိုယ်တို့တွေဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်တတ်ကြတယ်။ဒါကြောင့် သူတို့နဲ့ရင်ဆိုင်ရမယ့် နည်းလမ်းလေးတွေ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
*သူတို့ဆီက ဝေဖန်မှုတွေ၊တိုက်ခိုက်မှုတွေကို မယူပါနဲ့
သူတို့ဆီက ဝေဖန်စကားတွေ၊တိုက်ခိုက်စကားတွေ ကိုယ်သယ်ထားလေ ပင်ပန်းလေပါပဲ။သူတို့ပြောတာတွေကို ပြန်တွေးလိုက် ခံစားလိုက်နဲ့ဆို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဝေဖန်ချင်တဲ့သူက ဆက်ပြီးဝေဖန်တိုက်ခိုက်ဦးမှာပါပဲ။
*ကိုယ့်ခံစားချက်ကို သူတို့နားလည်အောင် မကြိုးစားပါနဲ့
ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေကို ကိုယ့်ခံစားချက်ကိုနားလည်ပါသွားပြောနေတာကအချိန်ဖြုန်းတာပါပဲ။ကိုယ်ပြောလေ သူတို့ရဲ့ဝေဖန်မှုတွေ တိုးလေပါ။
*အဓိကအချက်ကိုပဲပြောပါ
သူတို့ကို ကိုယ်ဘယ်လိုခံစားရတယ်၊သူတို့ပြောခဲ့တဲ့စကား ကိုယ့်အတွက်ဘယ်လိုထိခိုုက်တယ်ဆိုတာရှင်းပြနေမယ့်အစား ကိုယ့်စိတ်ထဲမှာလက်ခံထားတဲ့အကြောင်းကိုပဲ ပြတ်ပြတ်သားသားပြောပါ။ဒါကသူတို့နဲ့ဆက်သွယ်ပြောဆိုဖို့အလွယ်ဆုံးနည်းပါပဲ။ရှင်းပြနေလည်း သူတို့ကရှက်တတ်စိတ်၊ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်တဲ့စိတ်မျိုးဖြစ်မှာမဟုတ်ပါဘူး။
*ကိုယ်မနေနိုင်ရင် ကိုယ်ပဲဝေးတဲ့နေရာကိုသွားပါ
ရှင်းပြလို့၊ပြောပြလို့မရတဲ့သူနဲ့အတူမရှိချင်ဘူးဆိုရင် ကိုယ်ကပဲစပြီးသွားပါ။သူငယ်ချင်းထဲမှာ ဒီလိုလူမျိုးတွေရှိနေလား?ဒါဆိုအဆက်အသွယ်ဖြတ်လိုက်ပါ။မိတ်ဆွေအပေါင်းအသင်းတွေထဲမှာရှိနေလား?ဒါဆို သူတို့နဲ့ဆက်ပြီး မပေါင်းသင်းပါနဲ့တော့။
*ကိုယ့်တန်ဖိုးကိုယ်ပဲသတ်မှတ်တာပါ
သူက ကိုယ့်ကိုဝတယ်။ပိန်တယ်၊ရုပ်ဆိုးတယ်ဝေဖန်နေလို့ ဘာမှမဖြစ်ပါဘူး။ကိုယ်ကသာ သူဒီလိုတွေဝေဖန်နေလို့ စိတ်ဓာတ်ကျမယ်။အားငယ်နေမယ်ဆိုရင်ဒါက ကိုယ့်တန်ဖိုးကို သူလာသတ်မှတ်တာ ခံနေရတာပါပဲ။ကိုယ်က ဘယ်လိုအရည်အချင်းရှိတယ်၊ကိုယ့်တန်ဖိုးကိုယ်သိနေတယ်ဆိုရင်
ဘယ်သူတွေဘယ်လောက်ဝေဖန်ဝေဖန် on the elephant ပါပဲ
*ဝေဖန်တာ၊တိုက်ခိုက်တာ၊အပြစ်ပြောတာတွေကြောင့် စိတ်ထိခိုက်နေပြီ၊စိတ်ဓာတ်ကျနေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ
Unicode
ကိုယ်ချင်းစာနာစိတ်ဆိုတာ ဘယ်သူမှသွားထည့်ပေးလို့မရတဲ့ ကိုယ်ပိုင်ခံစားချက်တစ်မျိုးပါ။တစ်ချို့လူတွေရှိတယ် ဟယ် ဒီကောင်မလေးကဘယ်လိုလေ၊အရင်ကဘာလုပ်တာ၊ညာလုပ်တာ၊သူက အရင်တုန်းက ဘယ်လိုဆိုတာတွေပြောတတ်ကြတာ၊လူမြင်တိုင်း နှုတ်ဆက်တာထက် အပြစ်ပြောဖို့လောက်ရှာကြံတွေးတတ်တဲ့သူတွေစသဖြင့် ကြုံဖူးကြမှာပါ။အဲ့ဒီအခါကိုယ်တို့တွေ တွေးမိကြတယ်။ဟာ ဘယ်လိုကြီးလဲ ဒါမပြောသင့်ဘူးဆိုတာမသိဘူးလား လူဆိုတာကိုယ်ချင်းစာစိတ်လေးတော့ရှိဦးမှပေါ့ အဲ့လိုတွေးမိတယ်ဆိုပေမဲ့ ဒါတွေကို သူတို့ကိုသွားပြောကြည့် ကိုယ့်အပေါ်နားလည်မှာမဟုတ်ပဲ ထပ်ပြီးအပြစ်ရှာဦးမှာပါပဲ။
ဒီလိုတစ်ခြားသူဘက်က ဘယ်လိုဖြစ်နေမလဲမတွေးပေးပဲ ကိုယ်ထင်ရာပြောချလိုက်တဲ့သူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါ အောင့်သီးအောင့်သက်ဖြစ်ရပါတယ်။ဘာလို့ဆို ကိုယ်ကမှ သူတို့အပေါ် ဒီလိုမပြောတတ်တာကိုး။ကိုယ်ကတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကိုယ်ပြောလိုက်ရင် သူစိတ်မကောင်းဖြစ်သွားမယ်။စိတ်ညစ်သွားမယ်။ဝမ်းနည်းသွားမယ်ဆိုပြီးတွေးပေးတတ်ကြတယ်။ဒီလိုသူများခံစားချက်ကိုနားမလည် ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေနဲ့ပြောဆိုဆက်ဆံလာရတဲ့အခါ ကိုယ်တို့တွေဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်တတ်ကြတယ်။ဒါကြောင့် သူတို့နဲ့ရင်ဆိုင်ရမယ့် နည်းလမ်းလေးတွေ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။
*သူတို့ဆီက ဝေဖန်မှုတွေ၊တိုက်ခိုက်မှုတွေကို မယူပါနဲ့
သူတို့ဆီက ဝေဖန်စကားတွေ၊တိုက်ခိုက်စကားတွေ ကိုယ်သယ်ထားလေ ပင်ပန်းလေပါပဲ။သူတို့ပြောတာတွေကို ပြန်တွေးလိုက် ခံစားလိုက်နဲ့ဆို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဝေဖန်ချင်တဲ့သူက ဆက်ပြီးဝေဖန်တိုက်ခိုက်ဦးမှာပါပဲ။
*ကိုယ့်ခံစားချက်ကို သူတို့နားလည်အောင် မကြိုးစားပါနဲ့
ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေကို ကိုယ့်ခံစားချက်ကိုနားလည်ပါသွားပြောနေတာက အချိန်ဖြုန်းတာပါပဲ။ကိုယ်ပြောလေ သူတို့ရဲ ့ဝေဖန်မှုတွေ တိုးလေပါ။
*အဓိကအချက်ကိုပဲပြောပါ
သူတို့ကို ကိုယ်ဘယ်လိုခံစားရတယ်၊သူတို့ပြောခဲ့တဲ့စကား ကိုယ့်အတွက်ဘယ်လိုထိခိုုက်တယ်ဆိုတာရှင်းပြနေမယ့်အစား ကိုယ့်စိတ်ထဲမှာလက်ခံထားတဲ့အကြောင်းကိုပဲ ပြတ်ပြတ်သားသားပြောပါ။ဒါကသူတို့နဲ့ဆက်သွယ်ပြောဆိုဖို့အလွယ်ဆုံးနည်းပါပဲ။ရှင်းပြနေလည်း သူတို့ကရှက်တတ်စိတ်၊ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်တဲ့စိတ်မျိုးဖြစ်မှာမဟုတ်ပါဘူး။
*ကိုယ်မနေနိုင်ရင် ကိုယ်ပဲဝေးတဲ့နေရာကိုသွားပါ
ရှင်းပြလို့၊ပြောပြလို့မရတဲ့သူနဲ့ အတူမရှိချင်ဘူးဆိုရင် ကိုယ်ကပဲစပြီးသွားပါ။သူငယ်ချင်းထဲမှာ ဒီလိုလူမျိုးတွေရှိနေလား?ဒါဆို အဆက်အသွယ်ဖြတ်လိုက်ပါ။မိတ်ဆွေအပေါင်းအသင်းတွေထဲမှာရှိနေလား?ဒါဆို သူတို့နဲ့ဆက်ပြီး မပေါင်းသင်းပါနဲ့တော့။
*ကိုယ့်တန်ဖိုးကိုယ်ပဲသတ်မှတ်တာပါ
သူက ကိုယ့်ကိုဝတယ်။ပိန်တယ်၊ရုပ်ဆိုးတယ်ဝေဖန်နေလို့ ဘာမှမဖြစ်ပါဘူး။ကိုယ်ကသာ သူဒီလိုတွေဝေဖန်နေလို့ စိတ်ဓာတ်ကျမယ်။အားငယ်နေမယ်ဆိုရင်ဒါက ကိုယ့်တန်ဖိုးကို သူလာသတ်မှတ်တာ ခံနေရတာပါပဲ။ကိုယ်က ဘယ်လိုအရည်အချင်းရှိတယ်၊ကိုယ့်တန်ဖိုးကိုယ်သိနေတယ်ဆိုရင်
ဘယ်သူတွေဘယ်လောက်ဝေဖန်ဝေဖန် on the elephant ပါပဲ
*ဝေဖန်တာ၊တိုက်ခိုက်တာ၊အပြစ်ပြောတာတွေကြောင့် စိတ်ထိခိုက်နေပြီ၊စိတ်ဓာတ်ကျနေပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ
ဒါကတော့ စိတ်ဓာတ်ရေးရာအားငယ်လွန်းတဲ့သူတွေအတွက်စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေးနိုင်တဲ့အမြန်ဆုံးအဆင့်ပါ။ကိုယ့်ကိုကူညီပေးနိုင်တဲ့သိတတ်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပါ။အကြံဉာဏ်တောင်းပါ။ဒီနာကျင်စရာခံစားချက်တွေကို ဖယ်ရှားနိုင်ဖို့သေချာကုသပါ။
တစ်ချို့လူတွေကိုယ်ချင်းစာနာစိတ်မရှိပဲထင်ရာပြောကြတာဟာ သူတို့အကြောင်းပြချက်နဲ့သူတို့တော့ ရှိပါလိမ့်မယ်။ဒီလိုလူတွေနဲ့ရင်ဆိုင်ရတာ၊ပြောဆိုရတာ မလွယ်ပါဘူး။ဒါပေမဲ့ သင်သူတို့ကိုပြောင်းလဲပေးလို့မရဘူးဆိုတာ သတိရပါ။ဒီတော့ဘာလုပ်မလဲ ကိုယ့်ကိုယ့်ကိုယ်ချစ်ပြီး မလိုအပ်တဲ့ဘေးစကားတွေကို ဝေးဝေးသာခါထုတ်လိုက်ပါလို့ အကြံပြုလိုက်ပါတယ်။