တစ်ချို့စုံတွဲတွေ ဆိုရှယ်မီဒီယာပေါ်အချစ်ရေးအကြောင်း သိပ်မတင်ဘူးဆိုတာ ဒါတွေကြောင့်ပါ
trend.com.mm
|
2018-10-17

တစ်ချို့က ဆိုရှယ်မီဒီယာမှာ ချစ်တယ်ရေးတင်မှတကယ်ချစ်တယ်ထင်တတ်ကြတယ်။ဒါပေမဲ့ ဖေ့ဘွတ်ခ်တို့၊အင်စတာဂရမ်တို့မှာပုံတင်ပြီးချစ်ကြောင်း၊သူနဲ့ဆို ဘယ်လိုပျော်ရွှင်ရကြောင်းအမြဲတမ်းလိုလိုရေးတင်နေတဲ့စုံတွဲတွေထက်စာရင်အချစ်ရေးနဲ့ပတ်သက်လို့ တစ်ခါတစ်လေမှတင်လေ့ရှိတဲ့စုံတွဲတွေက ပိုပြီးခိုင်မြဲကြောင်းလေ့လာတွေ့ရှိထားရပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာအချစ်ရေးအကြောင်းမတင်ဘူးဆိုတာချစ်သူနဲ့အဆင်မပြေလို့မဟုတ်ပါဘူး။ဒီစုံတွဲတွေအွန်လိုင်းမှာဘာလို့အမြဲမတင်တာလဲဆိုရင်…







*ဆိုရှယ်မီဒီယာပေါ်မှာ ချစ်သူနဲ့ပြဿနာဖြစ်တဲ့အကြောင်း၊တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်တဲ့အကြောင်းရေးတင်နေတာဟာ တကယ့်လက်တွေ့မှာဘယ်လိုအကျိုးသက်ရောက်မှုမှထူးထူးခြားခြားရှိမလာဘူးဆိုတာ သဘောပေါက်ကြတယ်။ပြဿနာဖြစ်ကြောင်းတင်ရင် ဝမ်းသာနေတဲ့သူတွေရှိမယ်။ပျော်ရွှင်နေကြောင်းတင်ရင် မနာလိုတဲ့သူတွေရှိမယ်။ဒါတွေကိုသိတဲ့စုံတွဲတွေက လက်တွေ့ပျော်ရွှင်မှုကိုပဲဖန်တီးယူကြတယ်။

*သူတို့ချစ်ကြောင်း ဘယ်သူ့ကိုမှသက်သေပြစရာမလိုဘူးလို့ခံယူထားကြတဲ့အတွက် ဆိုရှယ်မီဒီယာပေါ်မှာရေးတင်မနေဘူး။အဲ့ဒီလိုစုံတွဲတွေက လက်တွေ့ဘဝမှာ ပိုပြီးပျော်ရွှင်မှုရရှိကြတယ်။တစ်ခါတစ်လေ လူတွေက တကယ့်လက်တွေ့ဘဝမှာအရေးကြီးတဲ့အရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာချပြပြီးသက်သေပြနေစရာမလိုဘူးဆိုတာမေ့လျောနေတတ်ကြပါတယ်။







*အွန်လိုင်းမှာစာတွေရေးတင်ပြီးချစ်တဲ့အကြောင်းပြောနေတဲ့အချိန်အစား လက်တွေ့မှာနှစ်ယောက်အတူအချိန်ကုန်ဆုံးကြတယ်။Post တွေတင်ပြီးချစ်နေရမှာမဟုတ်ပဲ နှစ်ယောက်အတူတွေ့ဆုံပြီး ပျော်ရွှင်တဲ့နေ့လေးဖန်တီးရမယ့်အချိန်ဆိုတာ ဒီစုံတွဲတွေက နားလည်ကြတယ်။

*ချစ်သူနဲ့ပတ်သက်လို့အမြဲတမ်းတင်နေမယ်။ရန်ဖြစ်လည်းတင်မယ်။ပြန်ချစ်လည်းတင်မယ်။အဲ့ဒီလိုပိုစ့်တွေဟာ ပြဿနာအနည်းနဲ့အများဆိုသလိုကိုဦးတည်နေတတ်ပါတယ်။ကိုယ့်ပုံတင်လို့ တစ်ခါမှအသဲပုံမပေးတဲ့သူက စုံတွဲပေါ်တင်မှအသဲလေးပေးတယ်။ဘာလားပေါ့။ဒီလို ပြဿနာအနည်းနဲ့အများမဖြစ်ဖို့အတွက် ဆိုရှယ်မီဒီယာပေါ်မှာအချစ်ရေးနဲ့ပတ်သက်လို့အမြဲတမ်းတင်လေ့တင်ထမရှိကြတာပါ။ဒီတော့ ဒီစုံတွဲတွေ ပိုပြီးပျော်ရွှင်မှုရှိကြတာ မဆန်းပါဘူး။







*ဆိုရှယ်မီဒီယာပေါ်မှာအချစ်ရေးနဲ့ပတ်သက်လို့ခဏခဏတင်နေတဲ့စုံတွဲတွေဟာ တကယ်လက်တွေ့ဘဝအချစ်ရေးမှာ ပျော်ရွှင်မှုမရှိကြလို့၊အချစ်ရေးအဆင်မပြေလို့၊ကိုယ့်အချစ်ရေးကိုယ် စိတ်မချဖြစ်နေလို့ တင်တာများတယ်လို့ Northwestern တက္ကသိုလ်က ပညာရှင်တွေလေ့လာချက်အရသိရပါတယ်။ဒါကြောင့်လက်တွေ့ဘဝမှာ ပျော်ရွှင်မှုအစစ်အမှန်ရရှိနေကြတဲ့စုံတွဲတွေက ဆိုရှယ်မီဒီယာမှာပိုစ့်တင်တာ ရှားပါးခြင်းပဲဖြစ်ပါတယ်။







Unicode

တစ်ချို့က ဆိုရှယ်မီဒီယာမှာ ချစ်တယ်ရေးတင်မှတကယ်ချစ်တယ်ထင်တတ်ကြတယ်။ဒါပေမဲ့ ဖေ့ဘွတ်ခ်တို့၊အင်စတာဂရမ်တို့မှာပုံတင်ပြီးချစ်ကြောင်း၊သူနဲ့ဆို ဘယ်လိုပျော်ရွှင်ရကြောင်း အမြဲတမ်းလိုလိုရေးတင်နေတဲ့စုံတွဲတွေထက်စာရင် အချစ်ရေးနဲ့ပတ်သက်လို့ တစ်ခါတစ်လေမှတင်လေ့ရှိတဲ့စုံတွဲတွေက ပိုပြီးခိုင်မြဲကြောင်းလေ့လာတွေ့ရှိထားရပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာ အချစ်ရေးအကြောင်းမတင်ဘူးဆိုတာချစ်သူနဲ့အဆင်မပြေလို့မဟုတ်ပါဘူး။ဒီစုံတွဲတွေ အွန်လိုင်းမှာဘာလို့အမြဲမတင်တာလဲဆိုရင်…

*ဆိုရှယ်မီဒီယာပေါ်မှာ ချစ်သူနဲ့ပြဿနာဖြစ်တဲ့အကြောင်း၊တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်တဲ့အကြောင်းရေးတင်နေတာဟာ တကယ့်လက်တွေ့မှာဘယ်လိုအကျိုးသက်ရောက်မှုမှထူးထူးခြားခြားရှိမလာဘူးဆိုတာ သဘောပေါက်ကြတယ်။ပြဿနာဖြစ်ကြောင်းတင်ရင် ဝမ်းသာနေတဲ့သူတွေရှိမယ်။ပျော်ရွှင်နေကြောင်းတင်ရင် မနာလိုတဲ့သူတွေရှိမယ်။ဒါတွေကိုသိတဲ့စုံတွဲတွေက လက်တွေ့ပျော်ရွှင်မှုကိုပဲဖန်တီးယူကြတယ်

*သူတို့ချစ်ကြောင်း ဘယ်သူ့ကိုမှသက်သေပြစရာမလိုဘူးလို့ခံယူထားကြတဲ့အတွက် ဆိုရှယ်မီဒီယာပေါ်မှာရေးတင်မနေဘူး။အဲ့ဒီလိုစုံတွဲတွေက လက်တွေ့ဘဝမှာ ပိုပြီးပျော်ရွှင်မှုရရှိကြတယ်။တစ်ခါတစ်လေ လူတွေက တကယ့်လက်တွေ့ဘဝမှာအရေးကြီးတဲ့အရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာချပြပြီးသက်သေပြနေစရာမလိုဘူးဆိုတာမေ့လျောနေတတ်ကြပါတယ်။

*အွန်လိုင်းမှာစာတွေရေးတင်ပြီးချစ်တဲ့အကြောင်းပြောနေတဲ့အချိန်အစား လက်တွေ့မှာနှစ်ယောက်အတူအချိန်ကုန်ဆုံးကြတယ်။Post တွေတင်ပြီးချစ်နေရမှာမဟုတ်ပဲ နှစ်ယောက်အတူတွေ့ဆုံပြီး ပျော်ရွှင်တဲ့နေ့လေးဖန်တီးရမယ့်အချိန်ဆိုတာ ဒီစုံတွဲတွေက နားလည်ကြတယ်။

*ချစ်သူနဲ့ပတ်သက်လို့ အမြဲတမ်းတင်နေမယ်။ရန်ဖြစ်လည်းတင်မယ်။ပြန်ချစ်လည်းတင်မယ်။အဲ့ဒီလိုပိုစ့်တွေဟာ ပြဿနာအနည်းနဲ့အများဆိုသလိုကိုုဦးတည်နေတတ်ပါတယ်။ကိုယ့်ပုံတင်လို့ တစ်ခါမှအသဲပုံမပေးတဲ့သူက စုံတွဲပေါ်တင်မှ အသဲလေးပေးတယ်။ဘာလားပေါ့။ဒီလို ပြဿနာအနည်းနဲ့အများမဖြစ်ဖို့အတွက် ဆိုရှယ်မီဒီယာပေါ်မှာ အချစ်ရေးနဲ့ပတ်သက်လို့ အမြဲတမ်းတင်လေ့တင်ထမရှိကြတာပါ။ဒီတော့ ဒီစုံတွဲတွေ ပိုပြီးပျော်ရွှင်မှုရှိကြတာ မဆန်းပါဘူး။

*ဆိုရှယ်မီဒီယာပေါ်မှာ အချစ်ရေးနဲ့ပတ်သက်လို့ခဏခဏတင်နေတဲ့စုံတွဲတွေဟာ တကယ်လက်တွေ့ဘဝအချစ်ရေးမှာ ပျော်ရွှင်မှုမရှိကြလို့၊အချစ်ရေးအဆင်မပြေလို့၊ကိုယ့်အချစ်ရေးကိုယ် စိတ်မချဖြစ်နေလို့ တင်တာများတယ်လို့ Northwestern တက္ကသိုလ်က ပညာရှင်တွေလေ့လာချက်အရသိရပါတယ်။ဒါကြောင့်လက်တွေ့ဘဝမှာ ပျော်ရွှင်မှုအစစ်အမှန်ရရှိနေကြတဲ့စုံတွဲတွေက ဆိုရှယ်မီဒီယာမှာပိုစ့်တင်တာ ရှားပါးခြင်းပဲဖြစ်ပါတယ်။




Some text some message..