ချစ်သူစုံတွဲဘဝမှာ ချစ်စရာကောင်းတဲ့ဒါမျိုးအမှတ်တရလေးတွေဖန်တီးသင့်ပါတယ်…
trend.com.mm
|
2018-10-19




တကယ်တော့ချစ်သူရည်းစားဘဝမှာ ပျော်စရာကောင်းတဲ့အမှတ်တရတွေ ချစ်စရာကောင်းတဲ့အချိန်တွေကိုအများဆုံးဖန်တီးလို့ရတာပါ။ ယူပြီးသွားရင်ကောမချစ်တော့ဘူးလား ဆိုတော့ ဒီလိုတော့မဟုတ်ပင်မဲ့အသက်အရွယ်တွေအချိန်ကာလတွေ ကြောင့်အရင်လိုငယ်ရွယ်နုပျိုတဲ့အချိန်မဟုတ်တော့စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ဘူးလေ။ နောက်တစ်ခုရှိတာ က ယူပြီးသွားတဲ့ခံစားချက်နဲ့သမီးရည်းစားတုန်းကရင်ခုန်ရတဲ့အချိန်တွေနဲ့ကလည်းတော်တော်လေးကွာခြားတယ်မဟုတ်လေဘူးလား။ တွေ့ရရင်ပျော်တယ်ဆိုပင်မဲ့ ယူပြီးနေ့တိုင်းတွေ့နေရတာထက်သမီးရည်းစားဘဝမှာ မိဘတွေမသိအောင် ခိုးတွေ့ရတဲ့အရသာကပိုရင်ခုန်ဖို့ကောင်းတယ်ဟုတ်


ဒါကြောင့်ကိုယ်ပြောပါတယ် ချစ်သူရည်းစားဘဝက ပျော်စရာကောင်းတဲ့အရာတွေချစ်စရာကောင်းတဲ့အချိန်တွေကိုဖန်တီးဖို့အကောင်းဆုံးပါပဲဆို…ပျော်စရာကောင်းတဲ့အမှတ်တရ ချစ်စရာကောင်းတဲ့အချိန်အကုန်လုံးက ပိုက်ဆံရှိမှဖန်တီးလို့ရမယ်တော့မဟုတ်ပါဘူး(ရှိနေရင်တော့ ပိုလွယ်လွယ်ကူကူဖန်တီးနိုင်တာပေါ့လေ) ဒါမဲ့လည်းအဆင်ပြေသလိုကိုယ့် ချစ်သူနဲ့ပျော်စရာကောင်းအောင်နေရင်နေလို့ရပါတယ်။အဓိကကချစ်နေဖို့ပဲလေ..ချစ်နေရင်တော့ ဘာလုပ်လုပ်ပျော်နေရတာပဲမလား…ဆိုတော့ ဘယ်လိုချစ်စရာကောင်းတဲ့အရာမျိုးလေးတွေကို ဖန်တီးလို့ရသလဲဆိုတာ…

(၁) ခရီးလေးတွေတူတူသွားပါ

ခရီးတူတူသွားပြီး ပျော်စရာကောင်းတဲ့အမှတ်တရ ချစ်စရာကောင်းတဲ့အမှတ်တရလေးတွေကို ဖန်တီးဖြစ်အောင်ဖန်တီးပါ။ ပြီရင်ဓာတ်ပုံတွေအဝရိုက်ပါ …သင်တို့ရဲ့ငယ်ရွယ်လွတ်လပ်ပျော်ရွှင်ကြည်နူးမှုတွေက ဘယ်အချိန်မဆို ဓာတ်ပုံထဲမှာပြန်ကြည့်ရင် ကြည်နူးစရာမြင်တွေ့ရမှာပါ။

(၂) ကြိုက်တဲ့အစားစာတွေကိုမြိန်ရေရှက်ရေတူတူစားပါ

နှစ်ယောက်လုံးအကြိုက်တွေ့တဲ့အစားစာမျိုး ရှိရင် စားဖြစ်အောင်စားပါ။ ဈေးကြီးရင်ပိုက်ဆံစုပြီး စားဖြစ်အောင်တူတူဝယ်စားပါ။ ကိုယ့်ချစ်သူနဲ့အတူတူ ကိုယ်ကြိုက်တာကိုစားရတဲ့အချိန်ကအပျော်ရွှင်ရဆုံးအချိန်ပါပဲ။အခုလိုငယ်ရွယ်တဲ့အချိန်မှာစားချင်တာမစားရင် ကြီးလာမှအချိန်တွေပြန်လိုချင်လာပါလိမ့်မယ်။

(၃) သူငယ်ချင်းတွေနဲ့ စုပြီးပျော်ပွဲစားလုပ်ပါ

သူငယ်ချင်းတွေစုပြီးအတွဲလိုက်လေးတွေပျော်ပွဲစားလုပ်ပါ။နှစ်ယောက်တည်းတွေ့ဆုံမှုထက် တစ်ခါတစ်ရံမှာအပေါင်းသင်းတွေနဲ့စရင်းနောက်ရင်းအချိန်ဖြုန်းပြီး ပျော်ပွဲစားလေးလုပ်ရတာ လူငယ်ဘဝရဲ့အရသာပါပဲ။







(၄) သီချင်းတူတူဆိုပါ

ချစ်သူစုံတွဲတွေအတွက်သီချင်းတူတူဆိုခြင်းက ပျော်စရာကောင်းတဲ့သံယောဇဉ်တိုးနည်းတစ်ခုပါပဲ။ ကာရာအိုကေမှာအမြဲမဆိုဖြစ်ရင်တောင် တွေ့တိုင်းလူရှင်းပြီဆိုရင် နှစ်ယောက်တူတူသီချင်းငြီးခြင်းကအချစ်တွေကိုပိုမိုတိုးလာစေပြီးအမှတ်တရဖြစ်စေပါတယ်။

(၅) တစ်ခုခုကိုတူတူကြိုးစာလေ့လာပါ

ချစ်လည်းချစ်ကြိုးလည်းကြိုးစားပါ။ ဘဝမှာအေးအေးလူလူပြည့်ပြည့်စုံစုံနဲ့ဆက်လက်နေထိုင်နိုင်ဖို့အတွက် ပျော်ကြီးပဲပျော်နေလို့မရပါဘူး။ တစ်သတ်လုံးပျော်ချင်ရင် ကြိုးစားအားထုတ်မှုတော့လိုအပ်ပါတယ်။ ကိုယ့်ချစ်သူကိုယ့်မိသားစုနဲ့အတူတူဘဝကို မပင်ပန်းပဲ ဖြတ်သန်းနိုင်ဖို့ ချစ်သူဘဝမှာတင် လေ့လာဆည်းပူမှုတွေကို ချစ်ရင်းနဲ့အားရင်အားသလို ကြိုးစားအားထုတ်ပါ။ ပညာရပ်တစ်ခုခု (သို့) လုပ်ငန်းတစ်ခုခုအစရှိတဲ့တိုးတတ်အောင်မြင်ရေးလမ်းကြောင်းတစ်ခုခုကိုတူတူရုန်းကန်လှုပ်ရှားခြင်းကလည်းသင်တို့ရဲ့အချစ်တွေကိုပိုလို့မြဲစေပါတယ်။

(၆) ငွေစုပါ

အလုပ်မရှိသေးလည်း မုန့်ဖိုးနဲ့စုပါ။ နည်းလည်းမရှက်ပါနဲ့ ရသလောက်စုပါ(တတ်နိုင်သလောက်စုပါ) လုံးဝမစုတာထက်စာရင် ရှိသလောက်ကို တစ်လတစ်ခါပုံမှန်စုဆောင်းခြင်းရဲ့အကျိုးကို နှစ်အနည်းငယ်အကြာမှာ သင်တို့ချစ်သူနှစ်ဦးစလုံးအခန့်သားစံစားရမှာပါ။ လွယ်လွယ်လေးရတဲ့အရာဆိုတာ ကိုယ်ကြိုးစားပြီးမှရတဲ့အရာလောက်မတည်မြဲပါဘူး။ ဒါကြောင့်ချစ်သူရည်းစားဘဝမှာတည်းက နှစ်ယောက်ဘဝအတွက်ကို တူတူတည်ဆောက်ပါ။

အပေါ်ကအချက်လေးတွေက သင်တို့ရဲ့တစ်ဘဝလုံးစာအချစ်ရေးမှာ ပြောလို့မကုန်တဲ့အမှတ်တရလေးတွေအဖြစ်သတ်ဆုံးတိုင်ဖြစ်နေအုံးမှာပါပဲ…







Unicode


တကယ်တော့ချစ်သူရည်းစားဘဝမှာ ပျော်စရာကောင်းတဲ့အမှတ်တရတွေ ချစ်စရာကောင်းတဲ့အချိန်တွေကိုအများဆုံးဖန်တီးလို့ရတာပါ။ ယူပြီးသွားရင်ကောမချစ်တော့ဘူးလား ဆိုတော့ ဒီလိုတော့မဟုတ်ပင်မဲ့ အသက်အရွယ်တွေ အချိန်ကာလတွေ ကြောင့် အရင်လိုငယ်ရွယ်နုပျိုတဲ့အချိန်မဟုတ်တော့စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ဘူးလေ။ နောက်တစ်ခုရှိတာ က ယူပြီးသွားတဲ့ခံစားချက်နဲ့သမီးရည်းစားတုန်းကရင်ခုန်ရတဲ့အချိန်တွေနဲ့ကလည်းတော်တော်လေးကွာခြားတယ်မဟုတ်လေဘူးလား။ တွေ့ရရင်ပျော်တယ်ဆိုပင်မဲ့ ယူပြီးနေ့တိုင်းတွေ့နေရတာထက်သမီးရည်းစားဘဝမှာ မိဘတွေမသိအောင် ခိုးတွေ့ရတဲ့အရသာကပိုရင်ခုန်ဖို့ကောင်းတယ်ဟုတ်


ဒါကြောင့်ကိုယ်ပြောပါတယ် ချစ်သူရည်းစားဘဝက ပျော်စရာကောင်းတဲ့အရာတွေချစ်စရာကောင်းတဲ့ အချိန်တွေကိုဖန်တီးဖို့အကောင်းဆုံးပါပဲဆို…ပျော်စရာကောင်းတဲ့အမှတ်တရ ချစ်စရာကောင်းတဲ့အချိန်အကုန်လုံးက ပိုက်ဆံရှိမှဖန်တီးလို့ရမယ်တော့မဟုတ်ပါဘူး(ရှိနေရင်တော့ ပိုလွယ်လွယ်ကူကူဖန်တီးနိုင်တာပေါ့လေ) ဒါမဲ့လည်း အဆင်ပြေသလိုကိုယ့် ချစ်သူနဲ့ပျော်စရာကောင်းအောင်နေရင်နေလို့ရပါတယ်။ အဓိကကချစ်နေဖို့ပဲလေ..ချစ်နေရင်တော့ ဘာလုပ်လုပ်ပျော်နေရတာပဲမလား…ဆိုတော့ ဘယ်လိုချစ်စရာကောင်းတဲ့အရာမျိုးလေးတွေကို ဖန်တီးလို့ရသလဲဆိုတာ…

(၁) ခရီးလေးတွေတူတူသွားပါ

ခရီးတူတူသွားပြီး ပျော်စရာကောင်းတဲ့အမှတ်တရ ချစ်စရာကောင်းတဲ့အမှတ်တရလေးတွေကို ဖန်တီးဖြစ်အောင်ဖန်တီးပါ။ ပြီရင်ဓာတ်ပုံတွေအဝရိုက်ပါ …သင်တို့ရဲ့ငယ်ရွယ်လွတ်လပ်ပျော်ရွှင်ကြည်နူးမှုတွေက ဘယ်အချိန်မဆို ဓာတ်ပုံထဲမှာပြန်ကြည့်ရင် ကြည်နူးစရာမြင်တွေ့ရမှာပါ။

(၂) ကြိုက်တဲ့အစားစာတွေကိုမြိန်ရေရှက်ရေတူတူစားပါ

နှစ်ယောက်လုံးအကြိုက်တွေ့တဲ့အစားစာမျိုး ရှိရင် စားဖြစ်အောင်စားပါ။ စျေးကြီးရင်ပိုက်ဆံစုပြီး စားဖြစ်အောင်တူတူဝယ်စားပါ။ ကိုယ့်ချစ်သူနဲ့အတူတူ ကိိုယ်ကြိုက်တာကိုစားရတဲ့အချိန်က အပျော်ရွှင်ရဆုံးအချိန်ပါပဲ။ အခုလိုငယ်ရွယ်တဲ့အချိန်မှာစားချင်တာမစားရင် ကြီးလာမှအချိန်တွေပြန်လိုချင်လာပါလိမ့်မယ်။

(၃) သူငယ်ချင်းတွေနဲ့ စုပြီးပျော်ပွဲစားလုပ်ပါ

သူငယ်ချင်းတွေစုပြီး အတွဲလိုက်လေးတွေပျော်ပွဲစားလုပ်ပါ။နှစ်ယောက်တည်းတွေ့ဆုံမှုထက် တစ်ခါတစ်ရံမှာ အပေါင်းသင်းတွေနဲ့စရင်းနောက်ရင်း အချိ်န်ဖြုန်းပြီး ပျော်ပွဲစားလေးလုပ်ရတာ လူငယ်ဘဝရဲ့အရသာပါပဲ။

(၄) သီချင်းတူတူဆိုပါ

ချစ်သူစုံတွဲတွေ အတွက်သီချင်းတူတူဆိုခြင်းက ပျော်စရာကောင်းတဲ့သံယောဇဉ်တိုးနည်းတစ်ခုပါပဲ။ ကာရာအိုကေမှာ အမြဲမဆိုဖြစ်ရင်တောင် တွေ့တိုင်းလူရှင်းပြီဆိုရင် နှစ်ယောက်တူတူသီချင်းငြီးခြင်းက အချစ်တွေကိုပိုမိုတိုးလာစေပြီး အမှတ်တရဖြစ်စေပါတယ်။

(၅) တစ်ခုခုကိုတူတူကြိုးစာလေ့လာပါ

ချစ်လည်းချစ်ကြိုးလည်းကြိုးစားပါ။ ဘဝမှာအေးအေးလူလူပြည့်ပြည့်စုံစုံနဲ့ဆက်လက်နေထိုင်နိုင်ဖို့အတွက် ပျော်ကြီးပဲပျော်နေလို့မရပါဘူး။ တစ်သတ်လုံးပျော်ချင်ရင် ကြိုးစားအားထုတ်မှုတော့လိုအပ်ပါတယ်။ ကိုယ့်ချစ်သူကိုယ့်မိသားစုနဲ့အတူတူဘဝကို မပင်ပန်းပဲ ဖြတ်သန်းနိုင်ဖို့ ချစ်သူဘဝမှာတင် လေ့လာဆည်းပူမှုတွေကို ချစ်ရင်းနဲ့အားရင်အားသလို ကြိုးစားအားထုတ်ပါ။ ပညာရပ်တစ်ခုခု (သို့) လုပ်ငန်းတစ်ခုခု အစရှိတဲ့တိုးတတ်အောင်မြင်ရေးလမ်းကြောင်းတစ်ခုခုကိုတူတူရုန်းကန်လှုပ်ရှားခြင်းကလည်းသင်တို့ရဲ့အချစ်တွေကိုပိုလို့မြဲစေပါတယ်။

(၆) ငွေစုပါ

အလုပ်မရှိသေးလည်း မုန့်ဖိုးနဲ့စုပါ။ နည်းလည်းမရှက်ပါနဲ့ ရသလောက်စုပါ(တတ်နိုင်သလောက်စုပါ) လုံးဝမစုတာထက်စာရင် ရှိသလောက်ကို တစ်လတစ်ခါပုံမှန်စုဆောင်းခြင်းရဲ့အကျိုးကို နှစ်အနည်းငယ်အကြာမှာ သင်တို့ချစ်သူနှစ်ဦးစလုံး အခန့်သားစံစားရမှာပါ။ လွယ်လွယ်လေးရတဲ့အရာဆိုတာ ကိုယ်ကြိုးစားပြီးမှရတဲ့အရာလောက်မတည်မြဲပါဘူး။ ဒါကြောင့်ချစ်သူရည်းစားဘဝမှာတည်းက နှစ်ယောက်ဘဝအတွက်ကို တူတူတည်ဆောက်ပါ။

အပေါ်ကအချက်လေးတွေက သင်တို့ရဲ့တစ်ဘဝလုံးစာအချစ်ရေးမှာ ပြောလို့မကုန်တဲ့အမှတ်တရလေးတွေအဖြစ်သတ်ဆုံးတိုင်ဖြစ်နေအုံးမှာပါပဲ…






Some text some message..