ဝါသနာ နဲ့အလုပ် ထပ်တူကျစေဖို့
popolay.com
|
2019-05-07

လူတိုင်းမှာအရွယ်ရောက်လာပြီဆိုတာနဲ့ ကိုယ်ဝါသနာပါရာအလုပ်၊အသက်မွေးဝမ်းကျောင်းအတွက် ပညာရပ်တစ်ခုခုကို သင်ကြားရပါတယ်။ လူငယ်အများစုကို ဘာဝါသနာပါလဲလို့မေးရင်အဖြပြန်ဖြေဖို့ ခက်ခဲပါတယ်။ ဘာဝါသနာ ပါလဲဆိုတာကို မသိလို့ပါ။ မြန်မာပြည်မှာ လူငယ်အများစုက ဘဝ ရပ်တည်ရေးအတွက် ဝါသနာမပါတဲ့အလုပ်တွေကိုလုပ်နေကြရပါတယ်။ တချို့ဝါသနာနဲ့ ရည်မှန်းချက်ကို သိနေတဲ့သူ ရှိသလို၊ မသိတဲ့ သူတွေလည်းအတော်များပါတယ်။

ဆရာကြီးလူထုစိန်ဝင်းက ‘လူငယ်မှန်ရင် စိတ်ကူးယဉ်အိပ်မက်တွေအမြဲမက်နေရမယ်။အိမ်မက်မမက်တတ်ရင် လူငယ်မဟုတ်ဘူး’ လို့ ပြောခဲ့ဖူးပါတယ်။ ငယ်ရွယ်စဉ်ကအိပ်မက်တွေက ကြီးပြင်းလာတဲ့အခါ ဘဝ ရည်မှန်းချက်တွေ ဖြစ်လာ တတ်လို့ပါပဲ။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
လူငယ်အတော်တော်များက ကျောင်းပြီးတော့အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်ခွင်ထဲရောက်လာကြပါတယ်။အဆင်ပြေတဲ့အလုပ်တစ်ခုဝင်လုပ်လိုက်တယ် ။ လုပ်ငန်းခွင်မှာအချိန်ကြာလာတော့ ငြီးငွေ့လာကြတယ် ၊ စိတ်က မပျော်ရွင်တော့ဘူး ။ ဒါဟာ ဝါသနာ နဲ့အလုပ် မကိုက်ညီလို့ ဖြစ်ပါတယ်။







တရုတ်အတွေးအခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ်က “အလုပ်ရှာတဲ့အခါ ကိုယ်နှစ်သက်တဲ့အလုပ်ကိုရှာပါ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုရှာပါ။အဲဒီလိုဆိုရင် တစ်ရက်မှအလုပ်လုပ်စရာမလိုတော့ဘူး” လို့ဆိုထားပါတယ်။။ ကိုယ်နှစ်သက် ၊ ဝါသနာ ပါတဲ့အလုပ်ကိုလုပ်နေရရင်အချိန်ကုန်လို့ ကုန်မှန်းမသိ ၊ စိတ်ဖိစီးမှုမရှိဘဲ စိန်ခေါ်မှုတွေနဲ့ ပျော်စရာတွေနဲ့ ဖြစ်နေတတ်ပါတယ်။ ဒါက ဝါသနာနဲ့အလုပ်အကိုင် ထပ်တူကျလို့ပါ။

တစ်ခါတလေလည်း မိသားစုအခက်အခဲကြောင့်၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဝါသနာကို စွန့်လွှတ်လိုက်ရသူတွေလည်း ရှိမှာပါ။အဲဒီလိုလူငယ်တွေလည်းအများအပြားတွေ့ရပါတယ်။ ဒါမျိုးဆိုရင်တော့ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းမှန်ကိုအချိန်တစ်ခုပေးပြီး ပြန်လျှောက်သင့်ပါတယ်။

ကိုယ်လုပ်တဲ့အလုပ်ကို ဝါသနာမပါဘူး၊ ပျော်ရွှင်မှုလည်း မရဘူးဆိုရင်တော့ ကိုယ့်ရဲ့ ဝါသနာကိုအခြေခံတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ဘာလဲဆိုတာ သေချာ စဉ်းစားဆုံးဖြတ်ပြီး လက်ရှိအလုပ်ကို စွန့်လွတ်ပြီး ခိုင်မာသေချာတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ ဝါသနာ ၊အလုပ် ၊အောင်မြင်မှု ထပ်တူကျမှာဖြစ်ပါတယ်။




Some text some message..