![]()
အနေကြာလာတာနဲ့ တစ်ဖြည်းဖြည်းနဲ့ သူငယ်ချင်းအချစ်ကနေ ပိုပြီး ချစ်သူတစ်ယောက်အဖြစ် ကြိုးစားတိုင်းတိုင်း သူဘက်က သူငယ်ချင်းပဲ ကောင်းပါတယ် ဆိုတဲ့အငြင်းခံရမယ်လို့တွေးပြီး Friend Zone ထဲ့က လွတ်မြောက်ဖို့ ခက်ခဲ့နေတဲ့ သူငယ်ချင်းချစ်သူ တွေရှိကြပါမှာပါ။ ဒါနဲ့ ရှေ့ဆက်မတိုးဖြစ်ဘဲ နောက်တစ်ယောက်နောက်ပါသွားတဲ့အခိုက်အတန့်တွေလည်း သင့်ဘဝ မှာ ကြုံဖူးချင် ကြုံဖူးမှာပါ။
Friend Zone ဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ နီးလျှက်ဝေးနေပြီး ကျွန်တော်တို့ ရှင်သန်ဖို့ သိပ်မလွယ်ကူတဲ့ နေရာဖြစ်နေလို့ပါပဲ။သူငယ်ချင်းကိုမှ ချစ်မိနေရင် တစ်ခါတစ်လေအခက်တွေ နေတတ်ပါတယ်။ ဒါပေမယ့်အခုပြောပြမယ့်အကြောင်းအရာတွေက သင့်ကို Friend Zone ကနေလွတ်မြောက်နိုင်ဖို့အထာက်အကူပြုမှာပါ။
၁။အရင်လို တရင်းတနှီးမဆက်ဆံပါနဲ
အရင်တုန်းက သူငယ်ချင်ဆိုတော့ တိုင်ပင်ဖော်တိုင်ပင်ဖက် ပွင့်ပွင့်လင်းလင်းပြောဆိုတာတွေ ရှိခဲ့ကြမယ်။ ခုချိန်မှာတော့ ချစ်သူအချစ်ကို ပြောင်းလဲတော့မှာမို့အရင်လို့ တရင်းတနှီးဆက်ဆံတာတွေ လျှော့ချလိုက်ပါ။ နောက်မှ သူငယ်ချင်းထက်ပိုးဝေတဲ့အခြေအနေကနေ ကြိုးစာလိုက်တာက သင့်ကို friend zone ကနေလွတ်မြာက်နိုင်မှာပါ၊
၂ ။အတူသွားအတူစားတာတွေ လျှော့လိုက်ပါ
လူရဲ့သဘာဝဟာ ကိုယ့်မှာရှိနေတဲ့အရာတွေအပေါ် တန်ဖိုးထားမှုနည်းတတ်ပြီး ကိုယ့်မှာမရှိတောတဲ့အချိန်ကြမှ တန်ဖိုးကိုပိုပြီး သိလာတတ်ပါတယ်။ သင်နဲ့သူဟာ သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတွက် သင့်ဆီက ယုံကြည်မှု၊အချိန်ပေးမှု၊ ဂရုစိုက်မှု၊ နားလည်မှုတွေကို သူကအလိုလိုရနေတဲ့အတွက် သင့်ရဲ့တန်ဖိုးတွေကို သူသိပ်ပြီး သတိထားမိမှာ မဟုတ်ပါဘူး။ ဒါကြောင်အဝေးတစ်နေရာကနေချစ်ပြီး ကြိုစားတာက ပိုနီးစပ်လာဖို့အခွင့်အရေးများပါတယ်။ လူဆိုတာကအတူသွားအတူရှိနေရင် တန်းဖိုးထားမှုနည်းလာပြီ
၃။ သူ သဝန်တိုအောင်နေပါ။
သင်ချစ်နေတဲ့သူ ကို သဝန်တိုအောင် သူငယ်ချင်းအသစ်တွေထားပါ ၊ သင်ချစ်နေတဲ့ သူငယ်ချင်းဟာ မိန်းကလေးဆိုရင်အခြားမိန်းကလေးသူငယ်ချင်းအသစ်တွေထပ်ရှာပါ။ သူကို ဘယ်လောက်ချစ်ကြောင်းကြွားပါ ၊အမွန်းတင်ပါ ၊ သူကိုအချိန်ပေးဖြစ်တာကြောင်း သူမနာလောက်အောင်ထိ လုပ်ပြီးမှ သူမဆီကို ပြန်လည်ဝင်ရောက်တာကအချစ်သစ် တဖန်မွေးဖွားလာနိုင်ပါတယ်။
၄။အပြန်အလှန် ကျေးဇူးရှိပါစေ
သင့်ရဲ့ဆန္ဒတစ်ခုခုကို သူကဖြည့်ဆည်းပေးတဲ့အခါတိုင်း ကျေးဇူးတင်ဖို့ မမေ့သင့်သလို့ သူ့အတွက်လည်း ကောင်းတာတစ်ခုခုပြန်လုပ်ပေးဖို့ ကြိုးစားပါ။ ယခုလိုအပြန်အလှန်ဖေးမမှုနဲ့ ကျေးဇူးသိတတ်မှုဟာအမူအကျင့်တစ်ခုကဲ့သို့ ဖြစ်လာတဲ့အခါ တစ်ယောက်ကိုတစ်ယောက်အာရုံစိုက်မှုနဲ့ ကြင်နာမှုယုယမှု တိုးလာစေပါတယ်။ ဒါပေမယ့် ဘယ်တော့မှ တစ်ဖက်သတ်ဂရုစိုက်မှုတွေ မျက်နှာသာရအောင်ကြိုးစားမှုတွေကို မပြုလုပ်မိပါစေနဲ့။ သင်တို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်နေကြတဲ့အတွက် relationship ကို balance ဖြစ်နေမှသာ နောက်တဆင့်ကိုတက်ဖို့အဆင်ပြေပါလိမ့်မယ်။