မိန်းကလေးတွေ မှားယွင်းလုပ်ဆောင်မိနေကြတဲ့အောက်ခံဘောင်းဘီအလွဲများ
shweinnlay.com
|
2018-10-20



အောက်ခံဘောင်းဘီတစ်ထည်ကို နှစ်ရက်ဝတ်ဆင်ခြင်းက တကယ်ကို မလုပ်သင့်တဲ့အမှားဆိုတာ သိပါသလား ။ ဒီလိုအမှားတွေအပြင် မသိနားမလည်ဘဲ လွဲမှားစွာ လုပ်ဆောင်မိနေကြတဲ့အမျိုးသမီးများအောက်ခံဘောင်းဘီနဲ့ ပတ်သက်တဲ့အလွဲအမှားအချက်တွေလည်း ရှိပါသေးတယ် ။ နားလည်တတ်ကျွမ်းသော ပညာရှင်များကအမျိုးသမီး တော်တော်များများဟာအောက်ခံဘောင်းဘီ ဝတ်ဆင်မှုနဲ့ပတ်သက်ပြီး လွဲမှားစွာ သိမြင်လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ် ။


၁။sexyကျကျအတွင်းခံများဝတ်ဆင်ခြင်း

Sexy ဆန်ဆန် တင်ပါးအပြည့်မဖုံးတဲ့အတွင်းခံဘောင်းဘီတွေဖြစ်တဲ့ G Strings နှင့်Thongsအမျိုးစား ဘောင်းဘီတွေကို ကျန်းမာရေးရှှုထောင့်အရ မဝတ်သင့်ဘူးလို့ ဆိုပါတယ် ။ ဒီလိုဝတ်ဆင်ခြင်းကြောင့် Escherichia coli ( E Coli) လို့ခေါ်တဲ့ ပြင်းထန်သော ဘက်တီးရီးယားမျိုးစိတ်ဟာအောက်ခြေမှ မိန်းမကိုယ်ထိ ကူးပြောင်းသွားစေနိုင်တယ်လု့ိ ဒေါက်တာ Cannon မှ သတိပေးထားပါတယ် ။


၂။ချည်ထည်ထက်တခြားသောဘောင်းဘီကိုသာဝတ်ဆင်ခြင်း

အတွင်းခံဘောင်းဘီဝတ်မယ်ဆိုလျှင် လေဝင်လေထွက်ကောင်းမွန်သော ချည်သား ဘောင်းဘီကို ဝတ်ဆင်ခြင်းကအကောင်းဆုံးပါပဲ ။ ဇာ နှင့် ပိုးသားအတွင်းခံဘောင်းဘီတွေဟာ ပိုပြီး ဆွဲဆောင်မှုရှိရှိလှစေတာ မှန်သော်လည်း ကိုယ့်ရဲ့ နေ့စဉ်ဝတ်ဆင်မှုမှာတော့ ချည်ထည်သားကိုသာအများဆုံး ဝတ်ဆင်သင့်ပါတယ် ။အခြားဒီဇိုင်းလှပသောအတွင်းခံဘောင်းဘီတွေကိုတော့ သိမ်းထားပြီး လိုအပ်မှသာ ဝတ်ဆင်ပါ။


၃။လေ့ကျင့်ခန်းလုပ်ပြီးလျှင်အတွင်းခံမပြောင်းလဲဘဲထားခြင်း

လေ့ကျင့်ခန်းလုပ်ပြီးလျှင် မိမိဝတ်ဆင်ခဲ့သောအတွင်းခံကို မချွတ်ဘဲ ဒီအတိုင်းဆက်လက်ဝတ်ဆင်နေတတ်ပါသလား ။ ဒါဆိုရင်တော့ ဘက်တီးရီးယားများစွာက သင့်ရဲ့ မိန်းမကိုယ်ထဲ တည်ရှိနေနိုင်ပါတယ် ။ ဘတ်တီးရီးယားနှင့် မှိုတွေဟာ စိုစွတ်နွေးထွေးပြီး မှောင်မဲတဲ့နေရာတွေမှာ ဖြစ်တည်တတ်ပါတယ် ။ ချွေးတွေနှင့်စိုစွတ်နေသောအတွင်းခံဘောင်းဘီဟာ ဘက်တီးရီးယားနှင့် မှိုများ ပေါက်ဖွားဖို့အတွက်အကောင်းဆုံး နေရာတစ်ခု ဖြစ်နေပါလိမ့်မယ် ။ ဒါ့ကြောင့်လေ့ကျင့်ခန်း ၊အားကစားလုပ်ပြီးတိုင်းအတွင်းခံဘောင်းဘီ လဲလှယ်ပေးပါ။


၄။အမွှေးနံ့ပါသော ဆပ်ပြာများသုံး၍ လျှော်ဖွတ်ခြင်း

အတွင်းခံဘောင်းဘီတွေ လျှော်တဲ့အခါမှာအမွှေးန့ံ့အရည်တွေကို ထည့်သွင်းလျှော်ဖွတ်ခြင်းက သင့်ရဲ့ မိန်းမကိုယ်တဝိုက်အရေပြားနေရာကို ပျက်စီးစေတတ်ပါတယ် ။အမွှေးနံပါဝင်စေသော chemical ပစ္စည်းတွေက စိုစွတ်နေတဲ့ မိန်းမကိုယ်ကို ပိုပြီး ယားယံစေတတ်ပါတယ် ။ Doctor Cannon ကတော့ ယားယံခြင်းကင်းဝေစေဖို့အတွင်းခံလျှော်တဲ့အခါအမွှေးနံ့မပါသော ဆပ်ပြာအမျိုးအစားကို ရွေးချယ်အသုံးပြုဖို့ လမ်းညွှန်ထားပါတယ် ။


၅။Fit မဖြစ်တဲ့အောက်ခံဘောင်းဘီများဝတ်ဆင်ခြင်း

အောက်ခံဘောင်းဘီ ရွေးချယ်ဝတ်ဆင်တဲ့အခါ ကိုယ်နဲ့ မကျပ်လွန်း ၊ မချောင်လွန်းသော ဘောင်းဘီကိုသာ ဝတ်ဆင်ပါ ။အောက်ခံ ဘောင်းဘီကျပ်ကျပ်ဝတ်ဆင်ခြင်းကအမျိုးသမီးအင်္ဂါကျန်းမာရေးကိုလည်း ထိခိုက်စေပြီးအရေပြားယားယံမှုတွေကိုလည်း ဖြစ်စေပါတယ် ။ ချောင်လွန်းလျှင်လည်း ကြည့်ရဆိုးကာအဆင်မပြေ ဖြစ်နိုင်ပါတယ် ။ ဒါ့ကြောင့်ကိုယ့်ရဲ့တင်ပါးအနေအထားနဲ့ Fit ဖြစ်တဲ့ ဘောင်းဘီကိုသာ ဝတ်ဆင်ပါ။


၆။ဝတ်ပြီးသားဘောင်းဘီကို ပြန်ဝတ်ဆင်ခြင်း

အိုး..ဒါကတော့ တော်တော်ဆိုးပါတယ် ။ ဝတ်ပြီးသာ ခြင်းတောင်းထဲထည့်ထားတဲ့အောက်ခံဘောင်းဘီကို ဘယ်တော့မှ ပြန်လည်ဝတ်ဆင်ခြင်း မပြုပါနဲ့လို့ ဒေါက်တာ Cannon က ဆိုပါတယ် ။အဲ့လိုဘောင်းဘီတွေမှာ ဘက်တီးရီးယားတွေအများကြီးပဲ ရှိနေနိုင်လို့ပါ ။ သင့်ရဲ့ မိန်းမကိုယ်ကျန်းမာရေးကိုအလွန်ထိခိုက်စေပါလိမ့်မယ် ။ ဝတ်စရာမရှိသေးလျှင် မဝတ်ဘဲနေလိုက်တာကအကောင်းဆုံးပါ ။ ဝတ်ပြီးသားတော့ ပြန်မဝတ်ပါနဲ့။

အတွင်းခံဘောင်းဘီကအမျိုးသမီးကျန်းမာရေးအတွက် တစိတ်တဒေသအရေးပါပါတယ် ။ ဒါ့ကြောင့် ဒီလိုကျန်းမာရေးအသိအမြင်လေးတွေ သိရှိနားလည်ထားဖု့ိ လိုပါတယ် ။ ကျန်းမာရေးအကြံပြုချက်တွေအရတော့အတွင်းခံမဝတ်ဘဲနေတာအကောင်းဆုံးလို့ ဆိုပါတယ် ။ သို့သော်လည်း ဘယ်သူမှအတွင်းခံ မဝတ်ဘဲတော့ မနေနိုင်ကြပါဘူး ။ ဒါ့ကြောင့်ထပ်ပြီးအကြံပြုတာကတော့ ညဘက်အိပ်တဲ့အချိန်ကိုတော့ မဖြစ်မနေအတွင်းခံချွတ်အိပ်ကြဖို့ ပြောထားပါသေးတယ်။

CHAN (ရွှေအင်းလေး)




Some text some message..