ကိုယ်ပူတိုင်းတဲ့
သာမိုမီတ
ာဆိုတဲ့ ကိရိယာလေးကိုအားလုံး မြင်ဖူး ကြားဖူးကြမှာပါ။အိမ်တိုင်းရဲ့ ဆေးသေတ္တာလေးထဲမှာ မပါမဖြစ်ပစ္စည်းလေးလေ။ ကလေးလူကြီး ကျားမ မရွေးရဲ့ ကိုယ်အပူချိန်ကို ပြောပြပေးနိုင်တယ်ဆိုတော့ သူလောက်အသုံးဝင်တဲ့ပစ္စည်းလေးမရှိဘူးလေနော်။ ပစ္စည်းကအသုံးဝင်တယ်ဆိုပေမယ့် သုံးတဲ့ နည်းလမ်းမှန်ကန်မှလည်းအကျိုးရှိမှာပါ။အရင်ကတော့
ပြဒါး
ထည့်ထားတဲ့
သာမိုမီတာ
သာရှိခဲ့တော့ တိုင်းတာနည်းတွေ သိပ်ဆန်းဆန်းပြားပြားမရှိပေမယ့် ခုနောက်ပိုင်း ကိုယ်ပေါ်က နေရာတော်တော်များများမှာ တိုင်းလိုက်ရုံနဲ့ ကိုယ်
အပူချိန်
ကို ပြောပြပေးတဲ့ ဒစ်ဂျစ်တယ်သာမိုမီတာ တွေ ပေါ်လာပြီဆိုတော့ ဘယ်လိုသုံးရမလဲ သိထားဖို့တော့ လိုတယ်နော်။ ဒစ်ဂျစ်တယ်သာမိုမီတာက သုံးရတာလည်းလွယ်တယ်၊ မြန်လည်းမြန်တယ်၊အလွယ်တကူလည်း ဖတ်လို့ရတယ်ဆိုတော့ ကိုယ်တွေလည်း ဒစ်ဂျစ်တယ်သာမိုမီတာ သုံးနည်းလေး သိထားဖို့လိုတယ်လေ။ ဒါဆို ဘယ်လိုတိုင်းကြမလဲ ။ ။ ( ၁ )
ခံတွင်
းအပူချိန် တိုင်းနည်း ။ ။
![]()
ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။ သာမိုမီတာရဲ့ ထိပ်ဖျားကလေးကို ကလေးလျှာအောက်မှာ ထားပြီး ပါးစပ်စေ့ခိုင်းထားလိုက်ပါ။ တိုင်းတာလို့ ပြီးပြီဆို သာမိုမီတာကအချက်ပြပါလိမ့်မယ်။အဲဒီအချိန်ရောက်ရင် သာမိုမီတာကို ကလေးပါးစပ်ထဲက ထုတ်ပြီးအပူချိန်ကို ဖတ်ကြည့်လို့ရပါပြီ။ ဂဏန်းနဲ့အတိအကျထွက်လာတော့ ဖတ်ရလွယ်တာပေ့ါ။အပူမတိုင်းခင် ကလေးကအစာစားထားတယ်ဆိုရင်အစားစားပြီး ၁၅ မိနစ်လောက်စောင့်ပြီးမှအပူတိုင်းပါ။ ( ၂ )
ချိုင်းအပူချိန်
တိုင်းနည်း ။ ။
![]()
ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။ ကလေးချိုင်းအောက်မှာ
သာမိုမီတာ
ကို ထည့်တဲ့အခါ
အရေပြား
နဲ့ သာမိုမီတာ ထိတာသေချာပါစေ။အဝတ်ပေါ်က မတိုင်းပါနဲ့။ ကလေးကအတိုင်းမခံဘူးဆိုရင် သာမိုမီတာကို ချိုင်းအောက် ထည့်ပြီးပြီးချင်း ကလေးကို ဖက်ထားလိုက်ပါ။ ပြီးတဲ့အချက်ပြသံ မလာမချင်း သာမိုမီတာ နေရာမရွေ့အောင်လို့ပါ။ ပြီးတာနဲ့ သာမိုမီတာက ပြောတဲ့အဖြေကို တန်းဖတ်လိုက်ရုံပါပဲ။ ( ၃ ) နားအတွင်းပိုင်းအပူချိန်တိုင်းနည်း။ ။
![]()
ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။ ကလေး
နားအတွင်းပိုင်
းကို သာမိုမီတာဖြေးညှင်းစွာ ထည့်ပါ။ နားအတွင်းပိုင်းထည့်ရတဲ့ သာမိုမီတာအခြားအရာတွေနဲ့ မတူတာကြောင့် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်။ ပြီးတဲ့အချက်ပြသံ မပေးမချင်း လက်နဲ့ကိုင်ထားပါ။ ပြီးတာနဲ့ တန်းဖတ်လိုက်ရုံပါပဲ။ ( ၄ ) နဖူးသွးကြောအပူချိန်တိုင်း သာမိုမီတာ -
![]()
ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။ ကလေး
နဖူ
း လေးမှာ သာမိုမီတာလေးကို ပွတ်ပြီးအပူချိန်တိုင်းပါ။ ထွက်လာတဲ့အဖြေကို ဖတ်လိုက်ရုံပါပဲ။ ( ၅ ) စအိုတွင်းအပူချိန်တိုင်း သာမိုမီတာ -
![]()
ဒစ်ဂျစ်တယ်သာမိုမီတာ ကိုဖွင့်ပါ။
သာမိုမီတာ
ထိပ်ဖျားကို petroleum jelly လေးသုတ်ပါ။ ကလေးကို ပက်လက်လှန်အနေအထားနဲ့ ထားပြီး ခြေထောက်နှစ်ချောင်းကို မထားကာ သာမိုမီတာ လက်မဝက်လောက်ကို စအိုတွင်းထည့်ပါ။ ကလေးက မှောက်ထားမယ်ဆိုရင်လည်း ဒီအတိုင်းလုပ်ရမှာဖြစ်ပြီး သာမိုမီတာ ပြီးတဲ့အချက်ပေးသံကြားတာနပြ ဆွဲထုတ်ပြီး ဖတ်လို့ရပါပြီ။ တစ်ခုမှတ်ထားရမှာက ကလေး သဘောမတူဘ ဲစအိုတွင်းအပူချိန်ကိုအတင်းအကြပ် မတိုင်းဖို့ပါ။ ဆရာဝန်ဆီ ရောက်လို့ ကလေးအခြေအနေ ပြောပြတဲ့အခါမှာလည်း
အပူချိန်
ကိုဘယ်လိုတိုင်းထားတယ်ဆိုတာကိုပါ တစ်ခါတည်းထည့်ပြောပါ။ သာမိုမီတာ သုံးပြီးနောက်ပိုင်းမှာလည်း သေချာသန့်ရှင်းလေးလုပ်ပြီးမှ သိမ်းပါ။ စအိုတွင်းအပူချိန်တိုင်းထားတဲ့သာမိုမီတာကို လျှာအောက်ထဲ မထည့်ပါနဲ့။ သာမိုမီတာ နှစ်ခုထားပြီး သပ်သပ်စီခွဲပြီး မှတ်ထားပါ။ နောက်တစ်ချက်အရေးကြီးတာက ကလေးတွေဆို မြင်မြင်သမျှ လိုက်စွဲပြီး ပါးစပ်ထဲ ထည့်တဲ့အတွက် သာမိုမီတာကို သူတို့လက်လှမ်းမမှီနိုင်တဲ့ နေရာမှာထားပါ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။