ဘေဘီလေးတွေကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့စသိပ်မလဲ
hellosayarwon.com
|
2019-05-12

ခေါင်းအုံး မပါရင် မအိပ်တတ်ဘူးဆိုတာ မေမေ၊ဖေဖေတို့မှာပဲ ဖြစ်တဲ့ခံစားမှုပါ။ မေမေ့ဗိုက်ထဲကအသစ်စက်စက်ထွက်လာတဲ့

ဘေဘီလေး မှာ ဒီခံစားချက်မရှိပါဘူး။ ခေါင်းအုံးဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ ကလေးတစ်ယောက်အဖို့ ခေါင်းအုံး မအုံးရတာက ပြဿနာမဟုတ်ပါဘူး။ ခေါင်းအုံးအုံးခိုင်းရင်သာ ပြဿနာဖြစ်မှာပါ။

မွေးကင်းစ ကလေးအရွယ် ခေါင်းအုံးအုံးဖို့လိုလား
ဘေဘီလေးက မေမေ့ဗိုက်ထဲမှာ ခေါင်းအုံးဆိုတာကို မသိဘဲ ကိုးလလောက်နေလာခဲ့တာပါ။ ဒါကြောင့် ခေါင်းအုံး မပါဘဲအိပ်ရတာက သူတို့လေးတွေကို ထွေထွေထူးထူး ခံစားရစေတာမျိုးမရှိပါဘူး။ မိဘမို့ သားသမီးကို ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တာသိပေမယ့် လသားအရွယ်ကလေးတစ်ယောက်အဖို့ နူးညံ့တဲ့အခင်းကတင်အဆင်ပြေနေပါပြီ။ ဒါကြောင့် လိုရင်းပြောပြရရင်တော့ ဘေဘီလေးတို့

အိပ်စက်မှုအ တွက် ခေါင်းအုံးမလိုပါဘူး။

လသားအရွယ်ကလေးကို ဘာကြောင့် ခေါင်းအုံး မအုံးခိုင်းတာလဲ
လသားအရွယ်ကလေးလေးတစ်ယောက်က ခေါင်းနဲ့

လည်ပင်း ကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒီလိုအချိန်မှာ ကလေးရဲ့အိပ်ရာမှာ လိုအပ်တဲ့အရာကလွဲလို့ ခေါင်းအုံးအပါအဝင်မလိုအပ်တဲ့အရာတွေကို မထားတာကအကောင်းဆုံးပါ။ ကလေးက ကစားစရာကိုမသိသေးသလို၊ ခေါင်းအုံး၊ဖက်လုံး စောင်ဆိုတာကိုလည်း နားမလည်သေးပါဘူး။ ဒါတွေက သူတို့လေးတွေအတွက် သဘောကျစရာမရှိသလိုအခန့်မသင့်ရင် ဘေဘီလေးရဲ့

အသက်အန္တရာယ် ကိုတောင် ဒီပစ္စည်းတွေက ထိခိုက်စေနိုင်ပါတယ်။ ခေါင်းအုံးကြောင့် ဘေဘီလေးမှာ ဘာထိခိုက်မှုတွေဖြစ်နိုင်လဲ ခေါင်းအုံးက ကလေးငယ်ကို ဒီလိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ကလေးကိုမွန်းစေနိုင်တယ်
အသက်ရှုကြပ်စေနိုင်တယ်
လသားအရွယ်ကလေးငယ်ရုတ်တရက်သေဆုံးနိုင်ခြေများစေတယ်

ဓာတ်မတည့်မ ှုတွေဖြစ်စေနိုင်တယ်
ကလေးရဲ့ ကျောရိုးကို ထိခိုက်စေနိုင်တယ်

အိပ်စက်မ ှုမှာအနှောင့်အယှက်ဖြစ်စေနိုင်တယ်။

ဘေဘီလေးကို ဘယ်အချိန်မှာ ခေါင်းအုံးနဲ့သိပ်မလဲ
ကလေးကျန်းမာရေးစောင့်ရှောက်ပေးသူတွေကတော့ ကလေးကိုအသက် ၂ နှစ်မတိုင်ခင်အထိ  ခေါင်းအုံးနဲ့ မသိပ်တာကအကောင်းဆုံးပါ၊လို့အကြံပြုထားကြပါတယ်။ ၂ နှစ်အရွယ်မှာ ခေါင်းအုံးနဲ့ သိပ်မယ်ဆိုရင်တောင်မှာ ခေါင်းအုံးက ချည်သားနဲ့ချုပ်ထားတဲ ့ခပ်ပါးပါးခေါင်းအုံးကအဆင်ပြေဆုံးပါ။ ကလေးကို လူကြီးခေါင်းအုံးတွေနဲ့လည်း ပေးမအိပ်သင့်ပါဘူး။ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းအုံး ခပ်သေးသေးလေးကအဆင်ပြေဆုံးဖြစ်မှာပါ။ ကလေးကို ခေါင်းအုံးနဲ့သိပ်တဲ့အချိန်မှာလည်း ကလေးရဲ့အိပ်စက်မှုအနေအထားကိုအမြဲသတိထားပေးပါ။ ကလေးကမှောက်ရက်အနေအထားနဲ့အိပ်တဲ့အခါ နှာခေါင်းကို ဖိမိနေတာမျိုး မဖြစ်စေဖို့ စောင့်ကြည့်ပေးပါ။ ကလေးရဲ့အိပ်ရာထဲမှာ မလိုအပ်ဘဲ ခေါင်းအုံးအပိုတွေထားပေးတာ၊ စောင်တွေထားတာ၊အရုပ်တွေထားတာမျိုးမလုပ်ပါနဲ့။ ကလေးကိုအသက်ရှုကြပ်တာ။ မတေ်ာတဆသေဆုံးတာမျိုးတွေဖြစ်စေနိုင်တာကြောင့်ပါ။ ခေါင်းအုံးမှာပါတဲ့ ငှက်မွှေးလိုအရာတွေ၊ ဆီလီကွန်တွေက ကလေးနဲ့ဓာတ်မတည့်တာမျိုးဖြစ်နိုင်သလို ခေါင်းအုံးနဲ့အိပ်ရာခင်းတွေအရုပ်တွေမှာ ကပ်ညှိနေတဲ့ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေကလည်း ကလေးရဲ့

ကျန်းမာရေး ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုအသက် ၂ နှစ်မပြည့်ခင်အထိ သန့်ရှင်းနူညံ့ တဲ့အခင်း၊ ပုခက်တို့နဲ့ပဲသိပ်ပေးပါ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..