၂ လအတွင်း သဘာဝအတိုင်း သွားပြန်ပေါက်နိုင်မည့်နည်းလမ်း တွေ့ရှိ
popolay.com
|
2019-05-13
အရွယ်ရောက်ပြီးသား လူတွေအတွက် သွားကျိုးတဲ့အခါ ကလေးတွေလို သွားပြန်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့်မို့ သွားအတုစိုက်တာ၊အံကပ်လုပ်တာတွေနဲ့အစားထိုးကြရပါတယ်။ ဒါပေမယ့် သွားအစစ်လိုမျိုးအဆင်မပြေတာ၊ နာကျင်တာ၊ သက်တမ်းမပြည့်ခင် ပြန်ကျွတ်ထွက်တာတွေနဲ့ ရင်ဆိုင်ကြရပါတယ်။
အရွယ်ရောက်ပြီသူ လေးပုံတစ်ပုံခန့်ဟာအသက် ၇၄ နှစ်ဆိုရင် နဂိုသွားတွေအားလုံး ပျက်ဆီးသွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြပြီး သွားမရှိတဲ့ ပြဿနာတွေကိုအများဆုံးကြုံတွေနေရပါတယ်။

လက်တလော သိပ္ပံပညာရှင်သုတေသီတွေ တွေ့ရှိထားတဲ့ နည်းပညာသစ်က မိမိရဲ့ သွားဖုံးကနေပဲ (၉)ပတ်အတွင်း သွားအသစ်တွေပြန်ပေါက်အောင် လုပ်ပေးနိုင်တာကို လေ့လာစမ်းသပ်တွေ့ရှိထားပါပြီ။

နယူးရော့ခ် ကိုလံဘီယာဆေးတက္ကသိုလ်မှ သုတေသီတွေက လူနာရဲ့ကိုယ်ပိုင် ပင်စည်ဆဲလ်ကနေအလိုလျောက်သွားပြန်ပေါက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီနည်းပညာဟာ ကျိုးသွားပြီး လစ်ဟာနေတဲ့ ခံတွင်း သွားဖုံနေရားမှ နဂိုသွားအတိုင်း ပုံပန်းကျနစွာ ပြန်ပေါက်လာအောင် လုပ်ပေးနိုင်စွန်းရှိမယ်လို့ ယုံကြည်ထားကြပါတယ်။ လတ်တလောမှာတော့ ဒီနည်းပညာကို လူတွေမှာ မစမ်းသပ်ရသေးပါဘူး။

သွားသုတေသီဂျာနယ်ရဲ့အဆိုအရ ဒီနည်းပညာကို ကြွက် ၂၂ ကောင်မှာ စမ်းသပ်အောင်မြင်ထားကြောင်း သိရပါတယ်။ သွားပြန်ပေါက်စေတဲ့ ကရိယာကို ကြွက်လေးတွေရဲ့ ပါးစပ်ထဲမှာ တပ်ဆင်ထားပြီး ၉ ပတ်အကြာမှာအရိုးအသစ်တွေ တစ်ဖန်ပြန်ပြီး သွားအဖြစ် ပေါက်လာတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ သက်ရှိသတ္တဝါကနေ သွားပုံစံအရိုးတွေကို တစ်ဖန်ပြန်မွေးဖွားအောင် လုပ်နိုင်တဲ့ ပထမဦးဆုံး စမ်းသပ်မှုလို့ သုတေသီတွေက ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်အတိုင်းသာ လူသားတွေမှာအလုပ်ဖြစ်ခဲ့မယ်ဆိုရင်အကျိုးများစေမှာဖြစ်ပါတယ်။ သွားပုံစံချထားတဲ့အံခွက်ကို သွားဖုံးမှာ တပ်ဆင်ပေးထားပြီး သွာဖုံးကဆဲလ်တွေနဲ့ သဘာဝအတိုင်း သွားတွေကို ပုံစံတကျပေါက်လာစေမယ်မှာဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ သွားအတုတွေ စိုက်တာထက်အကုန်အကျသက်သာစေတဲ့ နည်းလမ်းတစ်ခုဖြစ်သလိုအနာကျက်ဖို့လည်း မြန်ကာ သွားစိုက်တာထက် သက်တမ်းကြာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။

လက်တလောမှာတော့ သွားမရှိသူတွေအတွက် သွားအတု ပြန်စိုက်တဲ့နည်းနဲ့သာအစားထိုးပေးနေရဦးမှာဖြစ်ပါတယ်။ ဒီလိုသွားအတု စိုက်တာက နာကျင်မှုဝေဒနာပြင်းထန်သလိုအသားကျပျောက်ကင်းဖို့အချိန်အတော်လေး ယူရပါတယ်။ ဒါကြောင့်မို့ လက်ရှိတွေ့ထားတဲ့ နည်းပညာသစ်သာအောင်မြင်ပြီးအစားထိုးကုသနိုင်မယ်ဆိုရင် လူသားတွေအတွက်အများကြီးအကျိုးရှိမှာဖြစ်ပါတယ်။
ကိုလံဘီယာတက္ကသိုလ်ကအခုနည်းပညာသစ်နဲ့ပက်သက်ပြီး သက်ဆိုင်ရာကို တင်ပြထားပြီး လက်တွေ့ကျယ်ကျယ်ပြန့်ပြန်အသုံးချနိုင်အောင် ကြိုးစားနေပါတယ်။






Some text some message..