လူတစ်ယောက်စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာ သိရဖို့ သင့်မှာ စူပါပါဝါရှိမှဖြစ်မယ်လို့
ထင်နေတာကိုအခုချက်ချင်းပဲ ရုပ်သိမ်းလိုက်ပါတော့။ သာမန်လူတစ်ယောက်ဟာအခြား
လူတစ်ယောက်ရဲ့စိတ်ကို ဖတ်နိုင်ဖို့ဆိုတာ ချက်ချင်းတော့ မလွယ်ကူပါဘူး။
ဘယ်အရာမဆို ပညာတစ်ခုတက်မြောက်ဖို့အချိန်ယူ လေ့လာသင်ကြားရတာ သဘာဝပါပဲ။
အာရုံခံစားနိုင်စွမ်းကောင်းတဲ့လူတွေဟာ ဘဝမှာရော ၊အလုပ်ကိုင်မှာပါအမြဲအောင်မြင်မှုရကြ
တယ်တဲ့။ ဒါဆို လူတစ်ယောက်ရဲ့စိတ်ကိုကောင်းကောင်းဖတ်တတ်ဖို့ ဘယ်လိုနည်းလမ်းတွေ
လိုအပ်လဲ ?
– ယေဘုယျကွဲပြားချက်တွေနဲ့ စတင်ပါ…
တစ်ဖက်လူရဲ့ ယေဘုယျအချက်ကို နားလည်အောင် ကြိုးစားပါ။ သူ့ရဲ့ယေဘုယျအချက်လောက်
ကိုသိမှ သူ့စိတ်ထဲ ဘာတွေးနေမလဲဆိုတာ သင်ခန့်မှန်းလို့ရပါလိမ့်မယ်။ ဒီလိုနားလည်အောင်
လုပ်ခြင်းက ဘဝအပေါ်သင့်ရဲ့အမြင်ကိုလည်း ပြောင်းလဲစေပါတယ်တဲ့ ။
သူ့ရဲ့ယေဘုယျအချက်ကိုသိမှ သူ့ကို ချည်းကပ်လို့ ပိုအဆင်ပြေမယ်။ သူနဲ့ ဆက်ဆံရာမှာ
ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရမယ်။ စကားပြောတဲ့အခါ သူ့ဘက်က ဘယ်လောက်
တုံ့ပြန်နိုင်လဲဆိုတာအကဲခတ်ပါ။
– ဖြစ်နိုင်ရင် သင့်နားတွေက ကျယ်နိုင်သမျှ ကျယ်ကျယ်ဖွင့်ထားရမယ်
အပြောနည်းနည်း ၊ များများ နားထောင်ပေးပါ။ လူတစ်ယောက်ရဲ့စိတ်ကိုသိနိုင်ဖို့ဆိုတာ
သင်က စကားများနေလို့ မရဘူး။ နားထောင်မှုအပိုင်းကို ပိုဦးစားပေးသင့်တယ် ။ လူတွေဟာ
သူတို့စကားတွေကနေတစ်ဆင့် သူတို့စိတ်နေစိတ်ထား ခန့်မှန်းရလွယ်ပါတယ်။ တစ်ခါတစ်လေ
တော့လည်းအပြောနဲ့ စိတ်ထဲမှာဖြစ်နေတာတွေက တလွဲဖြစ်နေတာမျိုးလည်းရှိတယ်။
ရှေ့မှာအကောင်းပြောပြီး စိတ်ထဲကြိတ်မုန်းနေတာမျိုးပေါ့။ သူတို့ရဲ့ဖြစ်ပျက်ခဲ့တဲ့အတွေ့ကြုံတွေ
ဆို ပြောရတာပိုပြီး ကြိုက်ကြတယ်။ ဒါဆို သူတို့စကားတွေထဲကနေ သူတို့ဘာကို လိုချင်တာလဲ ၊
ဘာဖြစ်ချင်တာလဲဆိုတာ သိနိုင်ပါလိမ့်မယ်။
– ပင်ကိုယ်စရိုက်ကို သုံးသပ်
အချိန်ကြာကြာပေါင်းလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက် ပုံစံကိုသိလာနိုင်ပါတယ်။
သူဟာ ဘယ်လိုနေထိုင်တတ်လဲ။ ဒေါသထွက်လာရင် သူဘယ်လိုတံ့ုပြန်လဲ။ ဒါတွေဟာ
အလကားမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ကို ဘက်ပေါင်းစုံကနေကြည့်ပြီး
အမျိုးမျိုးအကဲခတ်နိုင်ပါတယ်။ သေချာအာရုံစိုက်နိုင်ဖို့တော့ လိုတယ်နော်။
တကယ်တော့ လူတစ်ယောက်ရဲ့စိတ်ဟာအနေများတာနဲ့သိလာတာပါပဲ။ စကားပြောပုံကနေ
တစ်ဆင့် ၊ နေထိုင်ပုံကနေတစ်ဆင့် သိနိုင်ပါတယ်။ မခက်ပါဘူး။ သူ့ရဲ့ကိုယ်ရေးကိုယ်တာ
အကြောင်း စပ်စုတာနဲ့ စိတ်ကိုလေ့လာတာနဲ့ မဆိုင်ပါဘူး။ စိတ်ကသိထားတော့ ပေါင်းရသင်းရ
ပိုအဆင်ပြေတာပေါ့။ ဒါပါပဲ… လူ့စိတ်ဆိုတာ ရှုပ်ထွေးသလောက် နားလည်အောင်ကြည့်တတ်ဖို့
လည်း လွယ်ပါတယ်။