မိန်းကလေးတွေကအရင်စပြီး ပရိုပို့စ်မလုပ်ရဘူးလို့ ဘယ်သူကပြောထားလဲ။အချစ်နဲ့တွေ့ထိလိုက်ရင်အရာရာရင်ဆိုင်ရဲတဲ့ သတ္တိရှိလာလို့ မိန်းကလေးဘက်ကနေစပြီး ချစ်ခွင့်ပန်တာမျိုးလဲ လုပ်လို့ရပါတယ်။အဲ့လို့အချစ်ရဲ့ခိုင်းစေတာကို မလွန်ဆန်နိုင်လို့ ချစ်သူကောင်လေးကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ ချီလီက မိန်းကလေးတစ်ဦးရဲ့အဖြစ်ကတော့ ရိုမန်းတစ်ဆန်ဆန်အဆုံးမသတ် သွားခဲ့ရတာ ကို စိတ်မကောင်းဖြစ်မိပါတယ်။
ချီလီမြို့တော် ဆန်တီရာဂိုရဲ့ လူအများသွားလာနေတဲ့ လမ်းမပေါ်မှာ ချစ်သူမိန်းကလေးတစ်ဦးက ချစ်သူကောင်လေးကို စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းဖို့အံအားသင့်စေမယ့် ပရိုပို့စ်အထိမ်းအမှတ်တစ်ခုပြုလုပ်ခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့အဲ့ဒီမိန်းကလေးက ပလက်ဖောင်းပေါ်မှာ ချစ်သူ ကောင်လေးရှေ့ ဒူးထောက်လျှက် စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တေင်းဆိုနေခဲ့တာပါ။
မိန်းကလေးက စပိန်စကားနဲ့ ချစ်သူကောင်လေးကို ချစ်သလား၊ လက်ထပ်မှာလား၊ သူမနဲ့အတူနေ ထိုင်မလားဆိုတဲ့ စကားတွေကို လူလည်ခေါင်အကျယ်ကြီးအော်မေးနေပြီး ချစ်သူကောင် လေးကတော့ ကောင်မလေးကိုခေါင်းတညိမ့်ညိမ့်နဲ့ ရက်စ်ဆိုတဲ့ တစ်လုံးတည်းကိုပဲဆိုခဲ့ပြီး နောက်ဆုံး မိန်းကလေးရဲ့ လုပ်ရပ်ကိုအရှက်ကြီးစွာဖြစ်ခဲ့ပြီးတော့ ချစ်သူမိန်းကလေးကို လမ်းလည်ခေါင်ပဲ တစ်ဦးတည်း ထားရစ်ခဲ့ပါတော့တယ်။ ချစ်သူမိန်းကလေးခမျာအရှက်တကွဲဖြစ်ပြီး လမ်းလည်ခေါင်အော်ဟစ် ငိုကြွေးရင်း ကျန်ရစ်နေ ခဲ့ပါတယ်။
သဒ္ဒါချို(ရွှေအင်းလေး)