![]()
Relationship တစ်ခုတည်ဆောက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေနဲ့ တူညီတဲ့ စိတ်ဝင်စားမှုတွေပဲ ပါဝင်တာမဟုတ်ပါဘူး။အစပိုင်းမှာတော့အဲဒီ့ (၂) ချက်ကြောင့် ချစ်ကျွမ်းဝင်သွားခဲ့ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်တည်လာတဲ့အချစ်ကို ရေရှည်တည်မြဲစေချင်တယ် ဆိုရင်တော့ စဉ်းစားလိုက် နာစရာတွေ များလာပါပြီ။ ဘာကြောင့်လဲဆိုရင်အသေးအဖွဲ နားလည်မှု လွဲတာလေးတွေကအစ လမ်းခွဲပြတ်စဲတာတွေအထိ ဖြစ်လာနိုင်စေလို့ပါ။ ဒါကြောင့် ကိုယ်ချစ်တဲ့သူနဲ့ လက်တွဲမြဲချင်တယ် ဆိုရင်တော့ ဒီ (၁၀) ချက်ကို လိုက်ညှိပြီး လုပ်ကြည့်နော်။
။ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ သင့်ချစ်သူကိုလည်း တွဲလာရင်း စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအပြုအမူပိုင်းဆိုင်ရာ ပြစ်ချက်တွေ တွေ့လာနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ချစ်လို့ပဲ ရွေးပြီးပြီ မဟုတ်လား။အပြန်အလှန် တတ်နိုင်သမျှ ညှိနှိုင်းပြီး တစ်ယောက်ပြင်စေချင်တာတွေကို တစ်ယောက်က တတ်နိုင်သလောက်ပြင်ရင်း မပြင်နိုင်တာဆိုလည်း လက်ခံလိုက်ပြီး နားလည်ပေးလိုက်ပါ။ (၁) လက်ခံပါ
RS တစ်ခုတည်ဆောက်ရင်း ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ နှစ်ယောက်စလုံးက စကားပြောပေးဖို့ လိုပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် စိတ်ဝင်စား၊ စကားပြော၊ နားထောင်တာမျိုးတွေ ရှိသင့်ပါတယ်။ (၂) နှစ်ဦးနဲ့ပတ်သက်တာတွေကိုအချိန်ပေးဆွေးနွေးပါ။
သင့်ရဲ့ ခံစားချက်တွေကို ရိုးသားစွာ ဖော်ပြခြင်းက ခိုင်မြဲတဲ့အချစ်ရေး တည်ဆောက်ရာမှာအရေးပါပါတယ်။ ပွင့်လင်းပြီး ရိုးသားတဲ့အချစ်ရေးတွေဟာအဆိုးတွေကို ပယ်ရှားနိုင်ပြီး ပိုခိုင်မြဲပါတယ်။ (၃) ရိုးသားပါ။
![]()
တစ်ခါတစ်ရံ ကိုယ့်အချစ်ရေးအတွက် ကိုယ့်အတ္တကို စွန့်လွှတ်သင့်တဲ့အချိန်ဆိုတာမျိုးတွေ ရှိပါတယ်။အချိန်တိုင်းမှာ ကိုယ်ဖြစ်ချင်သလိုပဲ မဖြစ်နိုင်တာကိုအပြန်အလှန်ညှိနှိုင်းရင်း နားလည်လာမှာပါ။ ကိုယ်မနိုင်နိုင်အောင် ငြင်းနေလို့ ပြီးသွားမယ့် ပြဿနာမျိုး မဟုတ်ဘူးဆိုရင်အဲဒီ့ပြဿနာနဲ့ ပတ်သက်လို့ ဆက်မပြောတော့ဘဲ မေ့ပစ်လိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။ (၄) ညှိနှိုင်းပါ။
RS တစ်ခု ခိုင်မြဲလာဖို့အပြန်အလှန်ယုံကြည်မှုကအရေးကြီးပါတယ်။ သင့်ချစ်သူရဲ့အပြုအမူပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးပါ ယုံကြည်မှု ရှိပေးသင့်ပါတယ်။ တစ်ခါ သံသယဝင်လိုက်ရင်အမြဲသံသယဝင်ချင်နေပြီး ယုံကြည်မှု ပြိုလဲသွားခဲ့ရင် ပြန်တည်ဆောက်ဖို့ မလွယ်တာကြောင့်ပါ။ (၅) ယုံကြည်ပါ။
စကားတွေ ပြောကြ၊ လျှောက်လည်ကြ၊ ရုပ်ရှင်တွေ ကြည့်ကြရင်း နှစ်ယောက်အတူ စိတ်ဝင်စားစရာကောင်းတဲ့အချိန်တွေကိုအတူဖြတ်သန်းပါ။ ပျော်ရွှင်စရာတွေ၊ စိတ်အပန်းဖြေစရာတွေအတူလုပ်ကြရင်းအချိန်ကုန်ဆုံးတာကအချစ်ရေးကို ပိုခိုင်မြဲလာစေပါတယ်။ (၆) နှစ်ယောက်အတူအချိန်ကိုအကျိုးရှိစွာ ဖြတ်သန်းပါ။
![]()
စိတ်ပညာအရ ချစ်သူတွေဟာအတူတူရယ်မောပျော်ရွှင်ကြတဲ့အချိန်တွေကိုအတူကုန်ဆုံးရင်အချစ်ရေးက ပိုမိုခိုင်မြဲပါတယ်တဲ့။ ရယ်မောခြင်းက နှစ်ဦးကြားက တင်းမာမှုတွေကိုလည်း လျော့စေပြီး စိတ်လက် ပေါ့ပါးစေပါတယ်။ ဖြစ်သမျှ ပြဿနာတွေကိုလည်း ပြေပျောက်စေပြီး သင့်ချစ်သူနဲ့အတူ ပြုံးပျော်စေပါတယ်။ (၇)အတူတူ ရယ်မောကြပါ။
အချစ်ရေးကို ခိုင်မြဲအောင် တည်ဆောက်လိုတဲ့ ဆန္ဒနဲ့ သင်တို့နှစ်ဦးရဲ့အနာဂတ်ကို စဉ်းစားပြီးအပြောနဲ့အလုပ် ညီအောင် လုပ်ခြင်းက တစ်ဦးပေါ် တစ်ဦး လေးစားရာလည်း ရောက်သလို မေတ္တာတွေလည်း ပိုလာစေမှာပါ။ (၈)အပြောနဲ့အလုပ်ညီပါစေ။
![]()
သင်တို့နှစ်ဦးက ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး တစ်ယောက်အတွက် တစ်ယောက် လုပ်ပေးလိုက်တဲ့အသေးအဖွဲလေးတွေအတွက် ကျေးဇူးတင်စကားပြောလိုက်ခြင်းတွေ၊အသေးအဖွဲအမှားလုပ်မိတာလေးတွေအတွက် တောင်းပန်စကား ဆိုလိုက်ခြင်းတွေက နှစ်ဦးကြားမှာ ကြည်နူးစရာ ဆက်ဆံရေးကို ဖြစ်ပေါ်လာစေမှာပါ။ (၉) တောင်းပန်စကားနဲ့ ကျေးဇူးတင်စကား ပြောတတ်ပါစေ။
နှစ်ဦးအတွက်အရေးပါတဲ့အရာတွေ၊ နေ့စွဲတွေကိုအပြန်အလှန် မှတ်မိပြီးအလေးထားသင့်ပါတယ်။ သူ့အတွက် သင့်အချစ်တွေကို ဘယ်နည်းလမ်းနဲ့မဆိုအစွမ်းကုန်ပေးဖို့ ဝန်မလေးပါနဲ့။ (၁၀) ရိုမန်တစ်ဆန်ပါ။
Ref: Good Men Project