Samsung သုံးစွဲသူများအနေဖြင့် လုံခြုံစိတ်ချရသော Secure Folder၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် လျှို့ဝှက်လိုသည့်အချက်အလက်များအား သိမ်းဆည်းနိုင်သည့် Samsung ၏ နောက်ဆုံးပေါ် Knox လုံခြုံရေးပလက်ဖောင်းတို့အား ဖုန်းတစ်လုံးတည်းတွင် ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်များပေါက်ကြားမည်ကို စိုးရိမ်ရန်မလိုအပ်ဘဲ Samsung Galaxy စမတ်ဖုန်းများကို စိတ်အေးချမ်းသာစွာအသုံးပြုနိုင်မည်ဖြစ်ပါတယ် ။ “အခုခေတ်အပြောင်းအလဲတွေကအချိန်နဲ့တပြေးညီအလျင်အမြန် ဖြစ်ပျက်နေတဲ့အတွက်အမီလိုက်ဖို့ လိုအပ်နေပါပြီ။ တစ်ခါတစ်လေ တချို့ကိစ္စတွေနဲ့အလုပ်ရှှုပ်ပြီး လုံခြုံရေးဆိုတာကို နောက်မှတွေးမိတတ်ကြတဲ့အတွက်လည်း Samsung Knox ကို ကျွန်တော်တို့ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားတာနဲ့ ပတ်သက်ပြီး တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရတတ်တဲ့အတွက် ဒါကိုကြိုတင်ကာကွယ်ဖို့ Knoxကျွန်တော်တို့ရဲ့ သုံးစွဲသူတွေပိုပြီးအသုံးပြုလာအောင် တိုက်တွန်းအကြံပြုသွားမှာပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှပြောကြားပါတယ် ။ လုံခြုံစိတ်ချရသော Secure Folder ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် application များအား ဖုန်းအတွင်း လျှို့ဝှက်စွာ သိမ်းဆည်းအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲနေကြဖြစ်သည့် ဖုန်းအတွင်းမောင်းနှင်သည့် OS နှင့်အတူ တွဲဖက်ပါရှိသော application များတွင်ပါဝင်သည့်အချက်အလက်များကို Secure Folderအတွင်းပြောင်းရွှေ့နိုင်ရန် Menu တွင်ပါရှိသော ‘Add to Secure Folder’အား ရွေးချယ်၍အလွယ်တကူပြောင်းရွှေ့နိုင်မည်ဖြစ်ပါတယ် ။ သုံးစွဲသူများအနေဖြင့်အကြိုက်နှစ်သက်ဆုံး application များကိုလည်း ပုံတူကူးယူ၍ Profile တစ်ခုပြောင်းလဲကာ ဝင်ရောက်အသုံးပြုနိုင်သည်။ ထို့အပြင် Profile တစ်ခုချင်းစီအတွက်အကြောင်းအရာများကို လွတ်လပ်စွာ ထိန်းချုပ်ပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် Profileအသီးသီးကို သီးသန့်မှတ်သားထားမည်ဖြစ်ပါတယ် ။ကိုယ်ရေးကိုယ်တာအချက်အလက်များပိုမိုလုံခြုံမှုရှိစေရန် သုံးစွဲသူများအနေဖြင့် Secure Folderအား မိမိကြိုက်နှစ်သက်ရာ နာမည်နှင့် Icon ပါ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ဒါ့အပြင် Quick Panelအားအသုံးပြု၍ ဖုန်း၏ home screen မှတစ်ဆင့် Secure Folder iconအား သိုဝှက်ထားနိုင်မည်ဖြစ်ပါတယ် ။
Secure Folder တွင် Cloudအခြေခံ backup နှင့် restore စနစ်အားထည့်သွင်းထားသောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းအမျိုးအစားပြောင်းလဲသည့်အခါတွင်လည်း လွယ်ကူစွာ ပြောင်းလဲချိန်ညှိပြီးသုံးစွဲနိုင်မည်ဖြစ်သည်။အဆိုပါ Secure Folder နှင့်အတူ စပ်တပ်သုံးအဆင့်မီ လုံခြုံရေး ပလက်ဖောင်း Samsung Knoxအား ထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား မျက်စိရှေ့မှောက်တွင်လည်း သိသာထင်ရှားစွာ သိမ်းဆည်းပေးနိုင်မည်ဖြစ်သည်။ Secure Folderအတွင်း ဝင်ရောက်စီမံရန် သုံးစွဲသူများအနေဖြင့် ဖုန်းပိုင်ရှင်စစ်မှန်ကြောင်းသက်သေပြနိုင်သည့် လျှို့ဝှက်နံပါတ်၊အမှတ်အသား၊ စကားလုံး သို့မဟုတ် လက်ဗွေရာစနစ်အစရှိသည့် biometricအတည်ပြုချက်စနစ်တို့ကိုအသုံးပြု၍သာ ဝင်ရောက်နိုင်မည်ဖြစ်ပါတယ် ။ “မိုဘိုင်းဖုန်းတွေ နဲ့အခြား ထုတ်ကုန်တွေက သုံးစွဲသူတွေရဲ့အလုပ်၊အိမ်နဲ့ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ Samsungအနေနဲ့ နားလည်တဲ့အတွက်Samsung Knox ဟာဆိုရင်လည်းသုံးစွဲသူတွေတကယ်နေထိုင်တဲ့လူနေမှုဘဝမှာအလွန်အရေးပါတဲ့ လုံခြုံရေးဆိုင်ရာနည်းပညာ တစ်ခုဖြစ်ပါတယ်။ SamsungDevice တွေကို စဖွင့်လိုက်တာနဲ့ Knox က ဖုန်းစနစ်တစ်ခုလုံးကိုသာမကဘဲ ဖုန်းထဲမှာ သိမ်းဆည်းထားတဲ့အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ၊အလုပ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုအဆက်မပြတ် ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေထဲမှာအစကတည်းက ပါဝင်နေတာကြောင့် Knox ဟာ ကျွန်တော်တို့ကို နေ့ညမရွေး လုံခြုံမှုပေးနေမှာပါ”ဟု ကိုဇာနည်ဝင်းထက်မှ ထပ်မံဖြည့်စွက်ပြောကြားပါတယ် ။ Samsung ၏ Knox သည် Samsung ထုတ်ကုန်သုံးစွဲသူများ၏ လုံခြုံရေးအတွက်အထူးထုတ်လုပ်ထားသည့် စနစ်တစ်ခုဖြစ်သည်။
အဆိုပါ စနစ်သည် သုံးစွဲသူများအနေဖြင့်အချိန်၊ နေရာမရွေး လုပ်ဆောင်လိုသည်များအား လုံခြုံစိတ်ချရသော ထုတ်ကုန်ပစ္စည်းများမှတဆင့် စိတ်တိုင်းကျလုပ်ဆောင်နိုင်စေမည် ဖြစ်သည်။အဆိုပါ Samsung Knox ပလက်ဖောင်းကို Samsung ၏ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် Wearable များအတွင်း စတင်ထုတ်လုပ်သည့်အချိန်ကတည်းကစ၍အဆင်သင့်ထည့်သွင်းထားသောကြောင့် ဖုန်းဘူးအားဖွင့်ပြီး စတင်အသုံးပြုသည်နှင့်တစ်ပြိုင်နက် Knoxအားအသုံးပြုနိုင်မည် ဖြစ်သည်။ Knox ပလက်ဖောင်းတွင် ဖုန်းစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း (Intrusion)၊ ဖုန်းနှင့် ဖုန်းစနစ်အား နှေးကွေးစေ၊ ပျက်စီးစေနိုင်သော စနစ် (Malward) နှင့်အခြားအန္တရာယ်ဖြစ်စေနိုင်မည့် ခြိမ်းခြောက်မှုများအား ကာကွယ်ပေးနိုင်မည့်အဆင့်များစွာထည့်သွင်းဖန်တီးထားသော ကာကွယ်ရေးစနစ်နှင့် လုံခြုံရေး လုပ်ဆောင်ချက်များ ပါဝင်ပါတယ် ။