![]()
သင်သိပါသလား? မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့အရောင်လေးတွေက မိတ်ဆွေတို့ရဲ့ စိတ်နေသဘောထားကို ဖော်ပြနေတယ်ဆိုတာ။ ဒီမှာ ကိုယ်ကြိုက်တဲ့အရောင်လေးတွေနဲ့ ကိုယ့်စိတ်ထား ကိုက်ညီသလား၊ ကံကြမ္မာက ဘယ်လိုလဲဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
၁။အနီရောင်
အနီရောင်ကြိုက်နှစ်သက်သူတွေကတော့ ရဲရင့်ထက်မြက်ပြီး ကိုယ်ရောစိတ်ပါ သွက်သွက်လက်လက်ရှိသူတွေဖြစ်ပါတယ်။အနီရောင်ကြိုက်သူတွေဟာအနိုင်ရယူလိုစိတ်ပြင်းပြပြီး ယှဉ်ပြိုင်တိုက်ခိုက်ရတာမျိုးကို ကြိုက်နှစ်သက်သူတွေဖြစ်ပါတယ်။ ဘာလုပ်လုပ် ခြေမြန်လက်မြန်ရှိပြီး စိတ်ဆိုးလွယ်၊ စိတ်ပြေလွယ်သူများဖြစ်ကြပါတယ်။ စကားအပြောအဆို ပြတ်သားပြီး စွန့်လွှတ်အနစ်နာခံတတ်တဲ့အာဇာနည်စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ သူများထက်အကောင်းကြိုက်တတ်ပြီး သူများထက် ပိုထက်မြက်လေ့ ရှိကြပါတယ်။အနီရောင်ကြိုက်သူတွေဟာ နေရာ၊ တစ်နေရာထဲမှာအချိန်အကြာကြီး ငြိမ်ငြိမ်လေးထိုင်နေဖို့ဆိုတာ သူတို့အတွက်မဖြစ်နိုင်ပါဘူး။ ဒေါသထွက်လွယ်ပြီး သည်းခံစိတ်နည်းသူတွေဖြစ်ကြပါတယ်။
၂။ ပန်းရောင်
ပန်းရောင်ကြိုက်နှစ်သက်သူတွေကတော့ နူးညံ့တဲ့စိတ်ထားမျိုး ပိုင်ဆိုင်ထားကြပါတယ်။အချစ်ကြီးလွယ်၊ သံယောဇဉ်ကြီးလွယ်သူများဖြစ်ကြပြီး နှလုံးသားခံစားမှုကို ဦးစားပေးတတ်သူများဖြစ်ပါတယ်။အချစ်ကို တန်ဖိုးထားသူ၊အနုပညာကို မြတ်နိုးသူ၊အလှအပကို တန်ဖိုးထားသူများဖြစ်ကြပါတယ်။ တစ်ဖန် ဇွဲ၊ လုံလ၊ ဝီရိယ ကြီးမားပြီး သွက်လက်ပေါ့ပါးစွာနေထိုင်တတ်သူများလဲဖြစ်ကြပါတယ်။
၃။ ခရမ်းရောင်
ခရမ်းရောင်ကြိုက်နှစ်သက်သူတွေကတော့ လူမှုဆက်ဆံရေး ကျွမ်းကျင်လိမ္မာသူ၊ စိတ်ကူးယဉ်ဆန်တဲ့အတွေးအခေါ်များရှိသူ ဗေဒင်၊ ဂမ္ဘီရ လောကီပညာရပ်များ စိတ်ဝင်စားသူ လူအများနဲ့ ပတ်သတ်ဆက်ဆံရတဲ့အလုပ်တွေမှာ ထူးချွန်သူတွေပဲဖြစ်ကြပါတယ်။ ဉာဏ်ပညာအမျှော်အမြင် ပြီးပြည့်စုံသူများဖြစ်ကြပြီး တိုက်ခိုက်လိုစိတ်နဲ့ ငြိမ်းချမ်းလိုစိတ် နှစ်ခုစလုံးပိုင်ဆိုင်ထားသူများဖြစ်ကြပါတယ်။ တခါတလေ ဝမ်းနည်းစရာများကို ခံစားနေတတ်ပြီး လက်ထဲမှာ ပိုက်ဆံမမြဲတတ်သူများလဲဖြစ်ပါတယ်။
၄။အဖြူရောင်
အဖြူရောင်ကို ကြိုက်နှစ်သက်လေ့ရှိသူတွေကတော့ တစ်ကိုယ်တည်းနေရတာကို ကြိုက်ပြီးအကောင်းမြင်စိတ်ရှိသူတွေပါ။ စိတ်ထားဖြူစင် မြင့်မြတ်သူ၊ ကိုယ်ကျင့်တရားကောင်းသူ၊အလုပ်တိုင်းကို စည်းစနစ်ကျကျလုပ်တတ်သူ၊ သန့်သန့်ရှင်းရှင်းနေတတ်ကြသူတွေဖြစ်ပါတယ်။ တရားမျှတမှုနဲ့အမှန်တရားကို တန်ဖိုးထားပြီးအများနဲ့အဆင်ပြေအောင် နေတတ်ကြသူတွေလဲဖြစ်ပါတယ်။
၅။ လိမ္မော်ရောင်
လိမ္မော်ရောင် ကြိုက်နှစ်သက်သူတွေကတော့အမြဲပေါ့ပါးသွက်လက်နေတတ်ပြီးအပျော်အပါး မက်သူတွေဖြစ်ပါတယ်။ လိမ္မော်ရောင်ကြိုက်သူများဟာ လူတွေကြားမှာအမြဲ ထင်ပေါ်ကျော်ကြားစေလိုတဲ့ စိတ်လေးတွေရှိကြပြီး စကားပြောကောင်းသူတွေလဲဖြစ်ကြပါတယ်။ မာန်မာနကြီးသူ၊ ရည်မှန်းချက်ကြီးသူတွေဖြစ်ပြီး တခါတလေလဲ တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ မိမိကိုယ်မိမိ ယုံကြည့်မှုအပြည့်အဝရှိပြီး တောက်ပတဲ့အဝတ်အစားများဝတ်ရတာကို ကြိုက်နှစ်သက်ကြသူများဖြစ်ပါတယ်။
၆။အဝါရောင်
အဝါရောင်ကြိုက်သူတွေကတော့ ဘာသာတရားကိုင်းရှိုင်းသူများဖြစ်ကြပါတယ်။ ကြီးပွားတိုးတက်လိုစိတ်အမြဲရှိသူ၊ စိတ်ကူးဉာဏ်အင်မတန်ကောင်းသူ၊အလုပ်များကို လက်တွေ့ဆန်ဆန်လုပ်တတ်သူ၊အနုပညာ ဓာတ်ခံရှိသူများဖြစ်ကြပါတယ်။အတွေးသစ်အမြင်သစ်များရှိကြပြီး ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် နေထိုင်တတ်သူများဖြစ်ကြပါတယ်။ လူအများကို မိမိဘက်ပါလာအောင် စည်းရုံးနိုင်ပြီး ပရိယာယ်များသူတစ်ဦးပါ။ မခံချင်စိတ်လေးတွေ ကြီးမားသူတွေလဲဖြစ်ကြပါတယ်။
၇။အစိမ်းရောင်
အစိမ်းရောင် ကြိုက်နှစ်သက်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးကိုမြတ်နိုးသူများဖြစ်ကြပါတယ်။ လောကကြီးကိုအကောင်းမြင်တတ်ပြီး ဂရုဏာတရားကြီးမားသူတွေပဲဖြစ်ပါတယ်။ သဘာဝကို နှစ်သက်မြတ်နိုးပြီး တောတောင်ရေမြေတွေကို ချစ်မြတ်နိုးသူများဖြစ်ကြပါတယ်။ ကိုယ်ချင်းစာစိတ်ရှိပြီး လူ၊သတ္တဝါနဲ့ ပတ်ဝန်းကျင်ကိုအကျိုးပြုလိုတဲ့ စိတ်ရှိကြပါတယ်။ သွက်လက်ပေါ့ပါး ဖျတ်လတ်ပြီး မိမိကျန်းမာရေးကိုအထူးဂရုစိုက်တတ်သူများလဲဖြစ်ကြပါတယ်။အမြဲ ငွေရှာတတ်သူ၊ ငွေနဲ့လက်မပြတ်သူတွေဖြစ်ပါတယ်။
၈။အပြာရောင်
အပြာရောင် ကြိုက်နှစ်သက်သူတွေကတော့ စိတ်ခံစားချက်ကိုအထိန်းချုပ်နိုင်ဆုံး လူသားတွေပါ။ ကြင်နာသနားစိတ်ရှိပြီး သဒ္ဓါတရားထက်သန်ကြသူတွေပါ။ လူအများနဲ့အမြဲလိုက်လျောညီထွေနေတတ်ပြီး ငြိမ်းချမ်းမှုကို လိုလားသူများဖြစ်ကြပါတယ်။ လူအများကို ကူညီတတ်ပြီး ပရဟိတစိတ်ရှိသူ၊ ခွင့်လွှတ်သည်းခံစိတ်ရှိသူ၊ ပျော်ရွှင်မှုကို မြတ်နိုးတန်ဖိုးထားသူများဖြစ်ကြပါတယ်။
(ပိုပိုလေး)