![]()
cinema, entertainment and people concept - happy friends watching movie in theater; Shutterstock ID 344308379; ISBN/Project: 9789813130203; Project Title: English Firsthand 5E Access SB+CD; Line: Pearson english; Invoice Admin: Joseph vella
မိတ်ဆွေသူငယ်ချင်း၊မိသားစုနဲ့အတူ ရုပ်ရှင်တူတူကြည့်ရတာ ပျော်ရွှင်စရာကောင်းတဲ့အပြင် ရုပ်ရှင်ကြည့်ခြင်းဟာလည်း လူသားတို့စိတ်ပျော်ရွှင်မှုအတွက် “ရောဂါကုထုံး”တစ်ခုလို့လည်း သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ရုံထဲကပြန်ထွက်လာတဲ့အခါ စိတ်ပေါ့ပါးလန်းဆန်းသွားသလိုအနည်းဆုံးတော့ နာရီအနည်းငယ်လောက် ကိုယ့်ဘဝပြဿနာတွေကိုမေ့ပျောက်သွားစေတဲ့ ကောင်းကျိုးတွေကတော့ သိသာတဲ့အချက်ပါပဲ။
စိတ်ခံစားမှုတွေအတွက် ထွက်ပေါက်ရစေခြင်း
အလုပ်ရာထူးအခြေအနေကြောင့်အမြဲတည်တည်တံ့တံ့နေရတဲ့သူတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လူတွေရှေ့မှာ ကိုယ့်စိတ်ခံစားချက်ကို တော်ရုံတန်ရုံ ဖွင့်မပြချင်တဲ့သူတွေတောင်မှ ရုပ်ရှင်ကြည့်တဲ့အခါ ရယ်ကြ၊ငိုကြတာပါပဲ။ ဒီလိုမျိုး cathartic effect လို့ခေါ်တဲ့အနုပညာကြောင့် ဖိနှိပ်ခြင်းခံထားရတဲ့စိတ်ခံစားချက်တွေကို ဖော်ပြခွင့်ရခြင်းဟာ လူကိုစိတ်သက်သာရာရစေပါတယ်။ လူပတ်ဝန်းကျင်မှာအလုပ်ကြောင့်၊လူမှုရေးကြောင့်၊အကြောင်းအမျိုးမျိုးကြောင့် မိမိစိတ်ခံစားချက်တွေကိုအမြဲဖိနှိပ်ထားပြီး ဖော်ပြခွင့်မပေးရင်ကြာလာတဲ့အခါစိတ်ကျန်းမာရေးကိုထိခိုက်နိုင်တာကြောင့် ဒီလိုမျိုးရုပ်ရှင်ကြည့်ပေးခြင်းက သင့်တော်ပါတယ်။
ရှူထောင့်အသစ်တွေကို တွေ့မြင်စေခြင်း
နှစ်ထောင်ပေါင်း၊ရာပေါင်းများစွာထဲက တည်ရှိခဲ့တဲ့အသိပညာတွေနဲ့လောကရဲ့အယူအဆ၊အတွေးအမြင်များကိုအနုပညာကတစ်ဆင့် လူသားမျိုးဆက်အသီးသီးကိုလက်ဆင့်ကမ်းလာခဲ့ ကြတာပါ။ ကိုယ်တွေ့ကြုံနေရတဲ့ပြဿနာတွေကို ကိုယ်တစ်ယောက်တည်းကံဆိုးစွာခံစားနေရတယ် ထင်ရပေမယ့် ရုပ်ရှင်တွေထဲမှာဆိုရင်တော့ ဒီပြဿနာတွေကိုကိုယ့်နည်းတူပဲ ခံစားနေရတဲ့သူရှိပြီးအောင်မြင်သွားတဲ့ သူတွေအကြောင်းတွေ့ရတဲ့အခါ မိမိကိုစိတ်အားတက်စေမယ့်အပြင် ဇာတ်ကောင်ရဲ့စဉ်းစားပုံ၊ ပြဿနာကိုဖြေရှင်းပုံတွေကိုကြည့်ပြီး ကိုယ့်အတွက်အတွေးအမြင်အသစ်တွေရစေပါတယ်။
ဝမ်းနည်းစေတဲ့ရုပ်ရှင်တွေဟာ တကယ်တော့ကိုယ့်ကိုပျော်ရွှင်စေနိုင်ပါတယ်
ပြောင်းပြန်သက်ရောက်မှုပဲဆိုဆို ဝမ်းနည်းဖို့ကောင်းတဲ့ရုပ်ရှင်တွေကြောင့် ငိုပြီးသွားတဲ့အခါ နေရထိုင်ရပေါ့ပါးသွားတာ ခံစားမိမှာပါ။ ဒါ့အပြင်ကို ရုပ်ရှင်ထဲက သူတွေလောက် ငါ့ဘဝကမဆိုးသေးဘူးလို့စဉ်းစားမိစေတဲ့အပြင် ကိုယ့်ပြဿနာတွေဟာ သူတို့လောက်အခြေအနေမဆိုးသေးဘူးလို့လောက်အသိဝင်စေသလို ကိုယ့်မှာရှိနေတဲ့အရာတွေအတွက်လည်း ပိုပြီး ကျေးဇူးတင်အသိအမှတ်ပြုမိစေမိမှာပါ။
စိတ်သက်သာရာရစေခြင်း
အသက်ရှုရပ်မတတ်ဖြစ်စေတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားမျိုးတွေကို ကြည့်တဲ့အခါ ကော်တီဇော(Cotisol) လို့ခေါ်တဲ့ စိတ်ဖိစီးတဲ့အခါထွက်တဲ့ဟော်မုန်းအရင်ထွက်ပြီးတဲ့အခါ ဦးနှောက်က ဒိုပါမင်း(Dopamine) လို့ခေါ်တဲ့ စိတ်ချမ်းသာပျော်ရွှင်စေတဲ့ဟော်မုန်းတစ်မျိုးထုတ်လွှင့်ပေးပါတယ်။ ဒါကြောင့်မို့လို့ သရဲကား၊လူသတ်ကားတွေကို လူတွေကကြိုက်နှစ်သက်တတ်ကြတာပါ။
ရုပ်ရှင်ရုံသွားကြည့်ရတာမကြိုက်ပဲအိမ်မှာပဲအေးအေးလူလူကြည့်ရတာကြိုက်တဲ့သူတွေလည်း မစိုးရိမ်ပါနဲ့။ ရုံမှာပဲကြည့်ကြည့်၊အိမ်မှာပဲကြည့်ကြည့် ရုပ်ရှင်ကြည့်ခြင်းကြောင့်ရတဲ့ ကောင်းကျိုးတွေကအတူတူပါပဲလို့သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
Ref: PsyhCentral “How Watching Movies Can Benefit Our Mental Health”
Elsa (ရိုးရာလေး)