သာယာခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်စေဖို့ ဒါလေးတွေသိထားဖို့လို…
trend.com.mm
|
2019-05-31




အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာမလွယ်သလို ကိုယ်တည်ဆောက်လိုက်တဲ့အိမ်ထောင်ရေးကအမြဲတမ်းပျော်ရွှင်သာယာနေဖို့ဆိုတာလည်းခက်ခဲပါတယ်။
ဒါကြောင့် ချစ်သူရည်းစားထားဖို့သာလွယ်တာ။အိမ်ထောင်ဘက်အဖြစ်ရွေးချယ်တော့မယ်၊အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ သေချာစဉ်းစားတွေးတော
ရပါတယ်။ချစ်သူရည်းစားက စိတ်သဘောထားချင်းမတိုက်ဆိုင်လိုက်ရင် လမ်းခွဲလိုက်ရင်ရပေမဲ့အိမ်ထောင်ရေးမှာတော့ ဒီလိုအလွယ်တကူပြတ်စဲလမ်းခွဲ
လို့မရပါဘူး။ဒါကြောင့် သာယာခိုင်မြဲပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးဖြစ်ဖို့ ဒီအချက် ၅ ချက်ကိုလိုက်နာသင့်ပါတယ်။ဘယ်လိုအချက်တွေလဲဆိုရင်








*တစ်ယောက်ကိုတစ်ယောက်အမြဲကြင်နာပါ
ကြင်နာမှုမရှိတဲ့အိမ်ထောင်ရေးဟာ ခိုင်မြဲဖို့ခက်ခဲပါတယ်။တစ်ယောက်ကိုတစ်ယောက်ကြင်နာစိတ်ရှိနေတဲ့အခါအမှားအယွင်းတွေရှိနေရင်တောင်အော်ဟစ်ပြောဆိုမိမှာမဟုတ်တော့ပါဘူး။ရန်ဖြစ်ကြတဲ့အခါမှာတောင် တစ်ယောက်ကိုတစ်ယောက်နာကျင်အောင်လုပ်ဖို့ရည်ရွယ်မိမှာမဟုတ်ပါဘူး။ကြင်နာနွေးထွေးတဲ့စိတ်ဟာအိမ်ထောင်ရေးမှာပြဿနာရှိရင်တောင်အေးအေးဆေးဆေးဖြေရှင်းနိုင်စေပါတယ်။ဒါကြောင့် မုန်းတီးနာကျင်တယ်ဆိုတာ တော်ရုံနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။


*အငြင်းပွားမှုတွေကိုအနိုင်ယူပါ
အိမ်ထောင်သက်ကြာလာတာနဲ့အမျှအငြင်းပွားစရာလေးတွေကလည်း တစ်ခုမဟုတ်တစ်ခု ပေါ်လာမှာပါပဲ။အဲ့ဒီအခါ တစ်ယောက်ကိုတစ်ယောက်
အပြစ်တင်တာထက်အငြင်းပွားမှုအစကိုရှာပြီးအဆင်ပြေအောင်လုပ်လိုက်မယ်ဆိုရင်အငြင်းပွားမှုတွေကိုအနိုင်ရလိုက်တာပါပဲ။အဲ့ဒါဆိုရင်
ရန်လည်းဆက်ဖြစ်စရာမလိုတော့ပဲအိမ်ထောင်ရေးအေးချမ်းလာမှာပါ။








*တစ်ယောက်အပေါ်တစ်ယောက်အလေးထားပါ
လက်ထပ်ပြီးသွားတဲ့အခါ တစ်ချို့တွေက ချစ်သူဖြစ်တုန်းကထက်တောင် တစ်ယောက်အကြောင်းတစ်ယောက်စိတ်မဝင်စားကြတော့ပါဘူး။သူ့အလုပ်မှာ
ဘာတွေကြုံခဲ့ရလဲ၊ဘာတွေဖြစ်ခဲ့လဲ၊ဘယ်လိုခံစားချက်တွေဖြစ်နေလဲဆိုတာကို မသိဘူးဆိုရင်တစ်ယောက်နဲ့တစ်ယောက်ကြားမှာပိုပြီးအေးစက်လာပါ
လိမ့်မယ်။အိမ်ထောင်တစ်ခုတည်ဆောက်လိုက်ပြီဖြစ်လို့ ငွေရေးကြေးရေးအဆင်ပြေအောင်ရှာဖွေရတယ်ဆိုပေမဲ့လည်းတစ်ယောက်ကိုတစ်ယောက်အလေး
ထားမှုတွေပျောက်ကွယ်သွားရင်အဲ့ဒီအိမ်ထောင်သက်က ကြာရှည်မှာမဟုတ်ပါဘူးနော်။ဒါကြောင့် ချစ်သူရည်းစားဘဝတုန်းကလိုပဲ မကြာခဏ
အပြင်ထွက်လျှောက်လည်တာမျိုး၊တစ်ယောက်ကိုတစ်ယောက်အသေးစိတ်ဂရုစိုက်ပေးတာမျိုးလေးတွေလည်း လုပ်ပေးသင့်ပါတယ်။


*ကိုယ့်အိမ်ထောင်ဖက်အပေါ်လေးစားမှုရှိပါ
ကိုယ့်ဘဝတစ်သက်တာကို ဒီလက်တွဲဖော်နဲ့ပဲအတူရှင်သန်နေထိုင်တော့မယ်လို့ဆုံးဖြတ်ထားရင် တစ်ယောက်ကိုတစ်ယောက်လည်းလေးစားဖို့
လိုအပ်ပါတယ်။တစ်ယောက်ကမကြိုက်ဘူးဆိုတာတွေကိုအသိစိတ်လေးနဲ့မလုပ်ဖို့၊မကောင်းတဲ့အကျင့်တွေကိုဖျောက်ဖို့စသဖြင့် နှစ်ယောက်အတူရှင်သန်ရတဲ့
ဘဝမှာ တစ်ယောက်တည်းစိတ်ကြိုက်နေထိုင်တာမျိုးမလုပ်မိဖို့လိုအပ်ပါတယ်။








*ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်တယ်ဆိုတာသေချာအောင်လုပ်ပါ
နောက်ဆုံးအချက်ကတော့ ဒီအိမ်ထောင်ရေးမှာ သင်တကယ်ပျော်ရွှင်သာယာရတယ်လားသေချာဖို့ပါပဲ။ပျော်ရွှင်မှုဆိုတာ လိုက်ပြီးရှာဖွေရတဲ့အရာတော့
မဟုတ်ပါဘူး။ကိုယ်ချစ်ရတဲ့သူနဲ့အတူရှိတဲ့အခါ ပျော်ရွှင်မှုကိုခံစားရပါတယ်။ဒါကြောင့်အိမ်ထောင်တစ်ခုတည်ဆောက်လိုက်တဲ့အခါ
အေးချမ်းသာယာပျော်ရွှင်ဖို့ကိုပဲ ဦးတည်ပါ။








Some text some message..