ခါးပိုက်နှိုက်မခံရအောင် ရှောင်သင့်၊ဆောင်သင့်တဲ့အချက် (၅)ချက်
shwemom.com
|
2019-06-01

ခါးပိုက်နှိုက်သမားတွေကတာ့ဘတ်စ်ကားပေါ်၊လူများတဲ့ နေရာ တွေမှာရှိတဲ့နေရာမျိုးတွေမှာ ကျင်လည် ကျက်စားလေ့ ရှိပါတယ်။လစာထုတ်ရက်အချိန်မျိုးကတော့ ခါးပိုက်နှိုက်သမားတွေရဲ့အကြိုက်အချိန် ကောင်းပါ။မိုးတွေအရမ်းရွာ နေ တဲ့အချိန်မျိုး၊ကားကအရမ်းကြပ်၊လမ်းအရမ်းပိတ်နေတဲ့အချိန်မျိုးတွေမှာ သူတို့ရဲ့ သားကောင်ကို ပစ်မှတ် ထား ရွေး ချယ်ပြီး ရာဇဝတ်မှုကို ကျူးလွန်တတ်ကြတာများပါတယ်။ဒါကြောင့် လစာထုတ်ရက်တွေမှာဆိုရင်တော့ ဘယ် သွား သွား သတိနဲ့ သွားတာ၊လာတာအကောင်းဆုံးပါ။


(၁)ပတ်ဝန်းကျင်ကို သေချာ သတိထားကြည့်ပါ

ဒါကတော့ ပထမဆုံးအရေးကြီးတဲ့အချက်ပါ။ဘတ်စ်ကားပေါ်မှာပဲ ဖြစ်ဖြစ်၊တခြားဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့အနီး ပတ်ဝန်းကျင်ကိုအနည်းဆုံးတစ်ချက်၊နှစ်ချက်လောက်တော့ မျက်လုံးဝှေ့ကြည့်ထားတာပါ။ဒါမှ ကိုယ့်ရဲ့ နောက် မှာ ဘယ်သူ၊ကိုယ့်ရဲ့ ဘေးမှာ ဘယ်သူရှိတာဆိုတာကိုအနည်းဆုံးတော့ မျက်မှန်းတန်းမိမှာပါ။အခုနောက် ပိုင်းမှာတော့ ဘတ်စ်ကားတွေ၊အများပြည်သူပန်းခြံ နဲ့ ဆိုင်တွေမှာ CCTV တွေ တပ်ဆင်ထားကြပါတယ်။ဒါပေမယ့် CCTV တပ်ထား တယ်ဆိုပြီး သတိလက်လွတ်တော့ မနေပါနဲ့။တစ်ချို့ တွေက ဟန်ပြလောက်တပ်ထားပြီးအရေးကြုံရင် ပျက်နေ၊သုံး မရ တာတွေ ဖြစ်နေတတ်ပါတယ်။ဒါကြောင့် ဘယ်နေရာပဲ သွားသွား ကိုယ့်ရဲ့ ဘေးပတ် ဝန်းကျင်မှာရှိတဲ့ သူတွေကို သေချာ လေ့လာပါ။


(၂)ခါးပိုက်နှိုက်ဟုတ်၊မဟုတ် ခွဲခြားနိုင်တဲ့ နည်းလမ်းတချို့


Photo By Jacob Lund (shutterstock)


ဒါကတော့ သေချာပေါက် တစ်ရာရာခိုင်နှုန်းကြီးတော့ ရာခိုင်နှုန်းပြည့် မမှန်ပေမယ့် များသောအားဖြင့်တော့ မှန် တတ်ပါတယ်။ခါးပိုက်နှိုက်တော်တော်များများက တစ်ကိုယ်တော်လှုပ်ရှားတာ နည်းပါတယ်။များသောအားဖြင့်တော့အုပ် စုဖွဲ့ လှုပ်ရှားကြတာပါ။ဒါကြောင့် သင်အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းစကားပြောအချက် ပြ နေတဲ့ ကုပ်ချောင်းချောင်း လူတစ်စု၊သင့်ရဲ့ စိတ်အာရုံကို သူ့ဆီရောက်အောင် လူတစ်ယောက်က ကြိုးစားနေတာ မျိုး ရှိနေပြီဆိုရင်တော့ သေချာပေါက် သတိထားသင့်ပါတယ်။သင်က ဒီဖက်မှာအာရုံ ရောက်နေတာနဲ့ ခါးပိုက်နှိုက် ရဲ့အပေါင်းအပါတွေက သင့်ဆီက တန်ဖိုးရှိပစ္စည်းတွေကို ခိုးသွားပါလိမ့်မယ်။တစ်ချို့ ခါးပိုက်နှိုက်တွေ ဆိုရင် သူတို့ ပစ်မှှ တ်ထားတဲ့ သားကောင်တွေဆီကို ချဉ်းကပ်လာပြီး ခိုးတဲ့ သူက ခိုး၊ကာတဲ့ သူက ကာပေးတာမျိုးတွေရှိပါတယ်။ ပါးရည် နပ်ရည်ရှိတဲ့ သူမျိုးဆိုရင်တော့ ခါးပိုက်နှိုက်လား၊ဘာလား ဆိုတာကို ကြည့်ရုံလောက်နဲ့ သိပါတယ်။(အနှိုက်ခံရပါ များလာရင်အော်တို ပါးရည်နပ်ရည်ရှိသွားမှာပါ 


)


(၃)ပစ္စည်းတွေကို ကိုယ့်မျက်စိအောက်မှာပဲ ထားပါ။

ခါးပိုက်နှိုက်ခံရစေတဲ့အဓိကအကြောင်းအရင်းတစ်ခုကတော့ ကိုု်ယ့်ရဲ့အိတ်၊ဖုန်းတို့ ကို မျက်စိအောက်မှာ မထားတာ ပါ။ဘတ်စ်ကားစီးရင်ပဲ ဖြစ်ဖြစ်၊ဆိုင်တစ်ဆိုင်ကို သွားရင်ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ကိုယ့်ရဲ့ မျက် စိေအာက်မှာပဲ ထားပါ။ဘတ်စ်ကားစီးရင်တော့ ကိုယ့်ရဲ့အိတ်ကို ကိုယ့်ရဲ့ ရှေ့ ရင်ဘတ်ရှေ့ကို ထားထားပါ။ဖုန်း တို့ ပိုက် ဆံအိတ်တွေကို ခါးကြားထိုးတာ၊ဘောင်းဘီအိတ်ထဲ ထည့်ထားမျိုး လုံး၀ မလုပ်ပါနဲ့။ရင်ဘတ်ထဲ ထည့်ထားတဲ့ ကြား ကပဲ ဘေးကနေအိတ်ခွဲပြီး ခိုးသွားတာမျိုးတွေတောင်ရှိတတ်ပါတယ်။ဒါကြောင့်အိတ်ကို ရွေးရင်လည်း ခါးပိုက်နှိုက်က ခွဲလို့ လွယ်မယ့်အိတ်မျိုးကို မသုံးပါနဲ့။အိတ်အသားမာပြီး ခွဲရ ခက်တဲ့အိတ်မျိုးကိုပဲ ရွေးပါ။


(၄)အမြဲတမ်းသတိရှိပါ


Photo by tommaso79 (shutterstock)

ကားပေါ်မှာပဲ ဖြစ်ဖြစ်၊တခြားဘယ်နေရာမှာပဲ ဖြစ်ဖြစ်အမြဲတမ်းသတိရှိပါ။တစ်ခုခုကိုအချိန်အကြာကြီး ငေးနေတာ၊ငမ်း နေတာမျိုးတွေ၊ဖုန်းကို ပဲအာရုံစိုက် ကြည့်နေတာ၊ဇာတ်ကားကြည့်တာ၊နားကြပ်လေးတပ်ပြီး ဟိုငေး ဒီ ငေး လုပ် နေ တာ မျိုးတွေကို ရှောင်ပါ။အဲ့ဒီလို လူမျိုးတွေကို ခါးပိုက်နှိုက်က သားကောင်အဖြစ် သတ်မှတ်လေ့ ရှိပါတယ်။တစ်ခုခု ဆိုရင် သတိကြီးကြီးထားပါ။ကားပေါ်မှာပဲ ဖြစ်ဖြစ်၊ဆိုင်မှာပဲ ဖြစ်ဖြစ်၊ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လူတစ်ယောက် ကိုယ့်ရဲ့အနားကို မသင်္ကာဖွယ်ရာ ချဉ်းကပ်လာပြီဆိုရင်တော့အဲ့ဒီလူကို လှမ်းကြည့်လိုက်ပါ၊မျက်လုံးချင်းဆုံအောင်အားမနာ စတမ်း ကြည့်လိုက်ပါ။ခါးပိုက်နှိုက်ဆိုရင်တော့ ဖြုံသွားပါလိမ့်မယ်။


(၅)တခြားလိုက်နာ သင့်တဲ့အချက်များ

ကိုယ့််ရဲ့ တန်ဖိုုးကြီးပစ္စည်းတွေကို ကျောပိုးအိတ်ထဲမှာ၊နောက်ကျောမှာ ထားသယ်ရမယ့်အိတ်မျိုးထဲမှာ ထည့်မထား ပါနဲ့။ရှေ့အိတ်ထဲမှာ ထည့်ထားပါ။အိတ်တွေကို ဇစ်ပိတ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ဇစ်ဖွင့်ထားရင် ခါးပိုက်နှိုက်အကြိုက် ဖြစ်သွားပါလိမ့်ပါမယ်။အရေးကြီးပစ္စည်းတွေကိုအိတ်ထဲမှာ ပါတဲ့အိတ်ငယ်လေးတွေထဲမှာ ထည့်ထားပါ။ရထား၊ကား၊ ဓါတ် လှေကားအတက်အဆင်းတွေမှာအိတ်ကို သေချာ သတိကြီးကြီးထားပါ။ခါးပိုက်နှိုက်တွေက ရုတ်တရက်ကြီး ဆွဲ လုသွားတာမျိုးနဲ့ ကြုံရတတ်ပါတယ်။စားသောက်ဆိုင်ပဲ ဖြစ်ဖြစ်၊တခြားလူထူတဲ့ နေရာတွေကို သွားမယ်ဆိုရင် ဖုန်း နဲ့ ပိုက် ဆံအိတ်ကို စားပွဲပေါ်မှာ တင်ထားတာမျိုး ၊ကျောပိုးအိတ်ကို ဘေးခုံပေါ်တင်ထားတာမျိုး လုံး၀ မလုပ် ပါနဲ့။ ကျောပိုးအိတ်ဆိုရင် ကိုယ့်ရဲ့ ခြေထောက်အောက်မှာပဲ ထားထားပါ။


Photo By adtapon duangnim(shutterstock)


#ခါးပိုက်နှိုက်ခံရပြီဆိုရင် ချက်ချင်းလုပ်ဆောင်သင့်တဲ့အရာများ

အရေးကြီးကိစ္စမရှိဘူးဆိုရင် ကိုယ့််ရဲ့ မှတ်ပုံတင်ကို ပိုက်ဆံအိတ်ထဲ ထည့်ထားတာ၊သွားလေရာ ယူမသွားတာအကောင်းဆုံးပါ။ဒီလောက် သတိကြီးကြီးထားတဲ့ကြားက ခါးပိုက်နှိုက်ခံလိုက်ရပြီဆိုရင်တော့အရင်ဆုံး လုပ် ရမယ့်အရေးကြီးအချက်လေးတွေကို ပြောပြချင်ပါတယ်။အိတ်ထဲမှာ ဘာတွေ ပါသွားသလဲ ဆိုတာကိုအရင်ဆုံး စဉ်းစား ပါ။ဖုန်းရော ပိုက်ဆံအိတ်ပါပါသွားတယ်၊အိတ်ထဲမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ Card တွေ ပါ ပါသွားတယ်ဆိုရင် တော့ ဘဏ်ကို ဖုန်းဆက်ပြီး Card တွေကို ပိတ်ပစ်လိုက်ပါ။ဖုန်းပါ သွားတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဖုန်းထဲမှာ ရှိတဲ့အရေးကြီးတဲ့အရာတွေ ဥပမာ- E mail (Mobile Banking ချိတ်ထားတယ်၊တခြားအလုပ်ကိစ္စအသုံးပြု နေတဲ့ Mail မျိုး) ၊Facebook Password တွေကို ချက်ချင်းပြောင်းပစ်လိုက်ပါ။နောက်တစ်ခုအကောင်းဆုံး နည်း လမ်း ကတော့ တခြားနောက်အခါအရှုပ်အရှင်းကိစ္စတွေ ပေါ်မလာအောင် (သင့်ရဲ့ ဖုန်းနဲ့ တခြားအချက်အလက်တွေကို သူခိုးကအလွဲ သုံးစားလုပ်တာမျိုးမဖြစ်ရအောင် )ဖုန်းနဲ့ ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံထားရတဲ့အကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ Post တင်ပြီးအသိပေးထားပါ။

#SHWEMOM




Some text some message..