ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်းအမြဲဖော်ပြနေဖို့လိုအပ်လား??
trend.com.mm
|
2018-09-18

တစ်ခါတစ်လေကိုယ့်ချစ်သူက “မင်းက ကိုယ်ချစ်သလောက်မချစ်ပါဘူးတို့၊တကယ်ရော သူ့ကိုချစ်ရဲ့လား၊ချစ်တယ်လို့ မခံစားရဘူး”တို့စသဖြင့် မေးခွန်းမျိုးတွေအမေးခံရဖူးမှာပါ။ဒီလိုအမေးခံရတဲ့အခါအချစ်ကိုမယုံရကောင်းလားလို့စိတ်ဆိုးလိုက်မယ့်အစား ကိုယ်သူ့ကိုချစ်တယ်ဆိုတာ သူမမြင်မိလောက်အောင်အချစ်ကိုမဖော်ပြခဲ့မိဘူးလားအရင်ဆုံးပြန်တွေးကြည့်ပါ။

တစ်ချို့တွေကအထူးသဖြင့်မိန်းကလေးတွေပေါ့ ချစ်တော့ချစ်တယ်။ဒါပေမဲ့ ချစ်တာကို တစ်ဖက်လူသိအောင်မပြောပြတတ်ဘူး။ချစ်လားမေးတဲ့အချိန်ကလွဲလို့ ဘာသိဘာသာပဲနေတတ်ကြတယ်။အဲ့ဒီအခါကျတော့အေးစက်စက်နိုင်လိုက်တာ၊တကယ်ရော သူ့ကိုချစ်ရဲ့လားဆိုတဲ့အတွေးတွေဝင်သွားစေမှာမလွဲပါဘူး။ယောကျ်ားလေးထဲမှာဆိုလည်း တစ်ချို့တစ်လေ ကိုယ့်ချစ်သူမိန်းကလေကိုအသက်မကချစ်တယ်။ဒါပေမဲ့အချစ်ခံရတဲ့ခံစားချက်မျိုးမပေးနိုင်ဘူး။ဒါဖြင့် ဘယ်လိုမျိုးဆို ကိုယ်သူ့ကိုချစ်တဲ့အကြောင်း၊သူအချစ်ခံရတယ်ဆိုတဲ့အကြောင်း သိသာစေမှာလဲ? ကိုယ့်ချစ်သူကို ချစ်ကြောင်းပြဖို့ ရိုးစင်းတဲ့နည်းလမ်းလေးတွေအများကြီးရှိပါတယ်။ဘယ်လောက်သေးကွေးတဲ့အပြုအမူပဲဖြစ်ပါစေအဲဒါတွေက တန်ဖိုးကြီးလက်ဆောင်တွေနဲ့လဲလှယ်လို့မရပါဘူး


ခဏတဖြုတ်တွေ့ရတဲ့အချိန်တွေ၊တစ်ရက်တစ်လေတွေ့ခွင့်ရတဲ့အချိန်တွေမှာ ကိုယ်သူ့ကိုဂရုစိုက်တယ်ဆိုတာပြပါ။သူကြိုက်တတ်တဲ့ချောကလက်လေးဝယ်လာတာ၊သူကြိုက်တတ်တဲ့မုန့်လေးတွေဝယ်လာတာစတဲ့အပြုအမူတွေကလည်း ကိုယ့်ကိုအလေးထားတယ်ဆိုတဲ့ခံစားချက်မျိုး ဝင်လာစေပါတယ်။အိမ်ပြန်ရောက်တဲ့အခါ ကောင်းကောင်းပြန်ရောက်ရဲ့လားဂရုတစိုက်မေးမြန်းတာကလည်း မိန်းကလေးတွေစိတ်ထဲလိုချင်တဲ့ဂရုစိုက်မှုတစ်ခုပါပဲ။သူကြိုက်တတ်တယ်ဆိုတာလေးတွေသတိရနေရင်ကို ဒါက ချစ်ခြင်းကိုဖော်ပြတဲ့အပြုအမူတစ်ခုပါပဲ။ *ဂရုတစိုက်အပြုအမူလေးတွေအမြဲရှိပါစေ


*အရင်တုန်းက သူဘာပြောပြော ကိုယ်လည်းနားထဲဝင်တစ်ချက်မဝင်တစ်ချက်၊သူပြောခဲ့တာလည်းမမှတ်မိ၊သူကြိုက်တတ်တဲ့အစားအစာ၊အရောင်တွေကိုလည်းသတိမထားမိလိုက်တာမျိုးရှိပါလိမ့်မယ်။ကိုယ်က ကိုယ်သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်းအပြောနဲ့တင်မကအပြုအမူနဲ့ပါသိစေချင်ရင် နောက်ထပ်သူပြောလာမယ့်စကားတွေကိုအာရုံစိုက်ပြီးအလေးထားနားထောင်ပေးပါ။အာရုံစိုက်ပြီးနားထောင်တတ်ပါစေ


အမြဲတမ်းပြောနေတဲ့စကားဖြစ်လို့ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ချစ်တယ်ဆိုတဲ့စကား နေ့တိုင်းပြောလေ ထပ်ခါထပ်ခါပြောလေ ယုံကြည်မှုပိုပြီးတိုးလာစေပါတယ်။တစ်ရက်တစ်လေ ချစ်တယ်ဆိုတဲ့စကားမပြောလိုက်မိရင် နားမထောင်ခဲ့ရရင်အချစ်ရေးမှာ တစ်ခုခုလိုအပ်နေသလို ခံစားရတတ်ပါတယ်။ဒီစကားလေးပြောဖို့က မပင်ပန်းပါဘူးနော် *ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းပြောဖို့မမေ့ပါနဲ့



ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ချစ်သူနဲ့လျှောက်လည်ဖို့၊စကားပြောဖို့အချိန်ပေးသင့်ပါတယ်။ဒါက ကိုယ်သူ့ကိုချစ်တဲ့အကြောင်းဖော်ပြဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။မတရားအလုပ်တွေရှုပ်နေရင်တောင်အချိန်နည်းနည်းလေးဖဲ့ပေးတာက သူ့ကို ကိုယ်ဘယ်လောက်အလေးထားတယ်၊အရေးပေးတယ်။ဂရုစိုက်တယ်ဆိုတာ ပြနိုင်တဲ့အပြုအမူလေးတစ်ခုပါပဲ။ *ဘယ်လောက်အလုပ်ရှုပ်ရှုပ် ချစ်တဲ့သူအတွက်အချိန်ပေးပါ




ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောပြတာ၊အမူအရာအပြုအမူလေးတွေနဲ့သိစေတာကအကျိုးမယုတ်ပါဘူးနေ်ာ။ကိုယ်သူ့ကိုချစ်တယ်ဆိုတာ သူ့စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲခံစားရစေဖို့ ကြိုးစားတာက ကြည်နူးစရာလည်းကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။ ချစ်တယ်ဆိုတာကိုအမြဲတမ်းဖော်ပြနေဖို့လိုသလားဆို လိုအပ်ပါတယ်လို့ ဖြေရမှာပါပဲ။အချစ်မှာ ဘယ်သူကတော့ ပိုချစ်ရတယ်၊ဘယ်သူကတော့အချစ်လျော့တယ်ဆိုတာမရှိပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာအမြဲတမ်းဖော်ပြပေးမယ်ဆိုရင် ဒီအချစ်ရေးမှာ သူကိုယ့်ကိုမချစ်ဘူးလို့ခံစားရစရာ မလိုသလို မလုံလောက်ဘူးဆိုပြီးအချစ်ကိုထပ်ရှာနေမယ့်ပြဿာနာမျိုးတွေလည်းမကြုံရတော့ပါဘူး။ကြီးကြီးမားမားနဲ့ချစ်တဲ့အကြောင်းသက်သေပြစရာမလိုပါဘူး။နေ့တိုင်းပြုမူနေကျအပြုအမူသေးသေးလေးတွေကိုပဲ ပိုပြီးအလေးထားအာရုံစိုက်ပေးဖို့လိုပါတယ်


Unicode

တစ်ခါတစ်လေကိုယ့်ချစ်သူက “မင်းက ကိုယ်ချစ်သလောက်မချစ်ပါဘူးတို့၊တကယ်ရော သူ့ကိုချစ်ရဲ့လား၊ချစ်တယ်လို့ မခံစားရဘူး”တို့စသဖြင့် မေးခွန်းမျိုးတွေအမေးခံရဖူးမှာပါ။ဒီလိုအမေးခံရတဲ့အခါ အချစ်ကိုမယုံရကောင်းလားလို့စိတ်ဆိုးလိုက်မယ့်အစား ကိုယ်သူ့ကိုချစ်တယ်ဆိုတာ သူမမြင်မိလောက်အောင် အချစ်ကိုမဖော်ပြခဲ့မိဘူးလား အရင်ဆုံးပြန်တွေးကြည့်ပါ။

တစ်ချို့တွေက အထူးသဖြင့်မိန်းကလေးတွေပေါ့ ချစ်တော့ချစ်တယ်။ဒါပေမဲ့ ချစ်တာကို တစ်ဖက်လူသိအောင်မပြောပြတတ်ဘူး။ချစ်လားမေးတဲ့အချိန်ကလွဲလို့ ဘာသိဘာသာပဲနေတတ်ကြတယ်။အဲ့ဒီအခါကျတော့ အေးစက်စက်နိုင်လိုက်တာ၊တကယ်ရော သူ့ကိုချစ်ရဲ့လားဆိုတဲ့အတွေးတွေဝင်သွားစေမှာမလွဲပါဘူး။ယောကျ်ားလေးထဲမှာဆိုလည်း တစ်ချို့တစ်လေ ကိုယ့်ချစ်သူမိန်းကလေကို အသက်မကချစ်တယ်။ဒါပေမဲ့ အချစ်ခံရတဲ့ခံစားချက်မျိုးမပေးနိုင်ဘူး။ဒါဖြင့် ဘယ်လိုမျိုးဆို ကိုယ်သူ့ကိုချစ်တဲ့အကြောင်း၊သူအချစ်ခံရတယ်ဆိုတဲ့အကြောင်း သိသာစေမှာလဲ? ကိုယ့်ချစ်သူကို ချစ်ကြောင်းပြဖို့ ရိုးစင်းတဲ့နည်းလမ်းလေးတွေအများကြီးရှိပါတယ်။ဘယ်လောက်သေးကွေးတဲ့အပြုအမူပဲဖြစ်ပါစေ အဲဒါတွေက တန်ဖိုးကြီးလက်ဆောင်တွေနဲ့လဲလှယ်လို့မရပါဘူး


*ဂရုတစိုက်အပြုအမူလေးတွေ အမြဲရှိပါစေ ခဏတဖြုတ်တွေ့ရတဲ့အချိန်တွေ၊တစ်ရက်တစ်လေတွေ့ခွင့်ရတဲ့အချိန်တွေမှာ ကိုယ်သူ့ကိုဂရုစိုက်တယ်ဆိုတာပြပါ။သူကြိုက်တတ်တဲ့ချောကလက်လေးဝယ်လာတာ၊သူကြိုက်တတ်တဲ့မုန့်လေးတွေဝယ်လာတာစတဲ့အပြုအမူတွေကလည်း ကိုုယ့်ကိုအလေးထားတယ်ဆိုတဲ့ခံစားချက်မျိုး ဝင်လာစေပါတယ်။အိမ်ပြန်ရောက်တဲ့အခါ ကောင်းကောင်းပြန်ရောက်ရဲ့လားဂရုတစိုက်မေးမြန်းတာကလည်း မိန်းကလေးတွေစိတ်ထဲလိုချင်တဲ့ဂရုစိုက်မှုတစ်ခုပါပဲ။သူကြိုက်တတ်တယ်ဆိုတာလေးတွေသတိရနေရင်ကို ဒါက ချစ်ခြင်းကိုဖော်ပြတဲ့အပြုအမူတစ်ခုပါပဲ။

*အာရုံစိုက်ပြီးနားထောင်တတ်ပါစေ အရင်တုန်းက သူဘာပြောပြော ကိုယ်လည်းနားထဲဝင်တစ်ချက်မဝင်တစ်ချက်၊သူပြောခဲ့တာလည်းမမှတ်မိ၊သူကြိုက်တတ်တဲ့အစားအစာ၊အရောင်တွေကိုလည်းသတိမထားမိလိုက်တာမျိုးရှိပါလိမ့်မယ်။ကိုယ်က ကိုယ်သူ့ကိုချစ်တယ်ဆိုတဲ့အကြောင်း အပြောနဲ့တင်မက အပြုအမူနဲ့ပါသိစေချင်ရင် နောက်ထပ်သူပြောလာမယ့်စကားတွေကို အာရုံစိုက်ပြီးအလေးထားနားထောင်ပေးပါ။

*ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းပြောဖို့မမေ့ပါနဲ့ အမြဲတမ်းပြောနေတဲ့စကားဖြစ်လို့ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ချစ်တယ်ဆိုတဲ့စကား နေ့တိုင်းပြောလေ ထပ်ခါထပ်ခါပြောလေ ယုံကြည်မှုပိုပြီးတိုးလာစေပါတယ်။တစ်ရက်တစ်လေ ချစ်တယ်ဆိုတဲ့စကားမပြောလိုက်မိရင် နားမထောင်ခဲ့ရရင် အချစ်ရေးမှာ တစ်ခုခုလိုအပ်နေသလို ခံစားရတတ်ပါတယ်။ဒီစကားလေးပြောဖို့က မပင်ပန်းပါဘူးနော်


*ဘယ်လောက်အလုပ်ရှုပ်ရှုပ် ချစ်တဲ့သူအတွက် အချိန်ပေးပါ ဘယ်လောက်ပဲအလုပ်များများ ကိုယ့်ချစ်သူနဲ့လျှောက်လည်ဖို့၊စကားပြောဖို့ အချိန်ပေးသင့်ပါတယ်။ဒါက ကိုယ်သူ့ကိုချစ်တဲ့အကြောင်းဖော်ပြဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။မတရားအလုပ်တွေရှုပ်နေရင်တောင် အချိန်နည်းနည်းလေးဖဲ့ပေးတာက သူ့ကို ကိုယ်ဘယ်လောက်အလေးထားတယ်၊ အရေးပေးတယ်။ဂရုစိုက်တယ်ဆိုတာ ပြနိုင်တဲ့ အပြုအမူလေးတစ်ခုပါပဲ။

ချစ်တယ်ဆိုတာကို အမြဲတမ်းဖော်ပြနေဖို့လိုသလားဆို လိုအပ်ပါတယ်လို့ ဖြေရမှာပါပဲ။ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောပြတာ၊အမူအရာအပြုအမူလေးတွေနဲ့သိစေတာက အကျိုးမယုတ်ပါဘူးနေ်ာ။ကိုယ်သူ့ကိုချစ်တယ်ဆိုတာ သူ့စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲခံစားရစေဖို့ ကြိုးစားတာက ကြည်နူးစရာလည်းကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။အချစ်မှာ ဘယ်သူကတော့ ပိုချစ်ရတယ်၊ဘယ်သူကတော့ အချစ်လျော့တယ်ဆိုတာမရှိပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ အမြဲတမ်းဖော်ပြပေးမယ်ဆိုရင် ဒီအချစ်ရေးမှာ သူကိုယ့်ကိုမချစ်ဘူးလို့ခံစားရစရာ မလိုသလို မလုံလောက်ဘူးဆိုပြီးအချစ်ကိုထပ်ရှာနေမယ့်ပြဿာနာမျိုးတွေလည်းမကြုံရတော့ပါဘူး။ကြီးကြီးမားမားနဲ့ချစ်တဲ့အကြောင်းသက်သေပြစရာမလိုပါဘူး။နေ့တိုင်းပြုမူနေကျ အပြုအမူသေးသေးလေးတွေကိုပဲ ပိုပြီးအလေးထားအာရုံစိုက်ပေးဖို့လိုပါတယ်





Some text some message..