![]()
လုပ်ငန်းတစ်ခုကို တည်ထောင်တော့မယ်ဆိုရင်အဓိကအရေးကြီးတာကတော့ ဝန်ထမ်းတွေပါ။ သစ်ပင်တစ်ပင်မှာ ပင်စည်ကြီးပဲ တုတ်ခိုင်နေလို့မဖြစ်သေးဘဲအဲဒီပင်စည်ကြီးကိုအကိုင်း၊အခက်၊အပွင့်၊အရွက်တွေနဲ့ ဆက်လက်ဝေဆာနိုင်ဖို့ဆိုရင်အမြစ်တွေရဲ့အခမ်းကဏ္ဍတွေဟာ သိပ်ကိုအရေးကြီးပါတယ်။ ကုမ္မဏီတစ်ခုဟာ ပင်စည်အဖြစ်၊ ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ကောင်းကျိုးတွေကို ဖူးပွင့်ဝေဆာစေမယ့် ဝန်းထမ်းတွေအဖြစ် ယူဆရမယ်ဆိုလက်ခံပါသလား။
ဒီလိုအရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားနေကြရတဲ့ ဝန်းထမ်းတွေဆီက ရာနှုန်းပြည့်လုပ်ဆောင်နိုင်စွမ်းတွေကို လိုချင်တယ်ဆိုရင်တော့ သူတို့တွေအတွက် ပျော်ရွှင်မှုစစ်စစ်ရရှိစေနိုင်မယ့်အလုပ်ပတ်ဝန်းကျင်တစ်ခုနဲ့ ဝန်ထမ်းအခွင့်အရေးတွေကို ကိုယ့်ဖက်ကနေ ခေတ်နဲ့အညီလိုက်ပြီး ညှိုနိုင်းကာ လျှော့သင့်တာတွေ လျှော့ပေးသင့်ပါတယ်။ ဒါဆိုရင် ပြောသွားတဲ့အတိုင်း ခေတ်မီပျော်အရွှင်တဲ့ ကုမ္ပဏီကောင်းတစ်ခုဖြစ်အာင် ဘယ်လိုအချက်တွေကို လုပ်ဆောင်သင့်တယ်ဆိုတာကို Tech Crunch မှ ကိုးကားထားတာလေး တစ်ချက်လောက် ဖတ်ကြည့်လိုက်ကြပါဦး။
(၁)အဝတ်အစားစည်းကမ်း
ကမ္ဘာကျော်ကုမ္ပဏီကြီးတွေမှာတောင်မှပဲအဝတ်အစားစည်းမျဉ်းဆိုတဲ့အရာကို လုံးဝပယ်ဖျက်ပေးခဲ့ကြပါပြီ။ လူတစ်ယောက်က ကိစ္စတစ်ခုကိုအနှောက်အယှက်ကင်းကင်းနဲ့ စိတ်ပါဝင်စားစွာလုပ်ပြီး ပြီးမြောက်ဖို့ဆိုတာအဝတ်အစားသက်တောင့်သက်သာရှိမှုဟာလည်း သိပ်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာကို ငြင်းလို့မရပါဘူးနော်။ ဒီအပြင်အမျိုးသမီးတော်တေ်ာများများရဲ့ ယုံကြည်မှုဆိုတာ သူဒီနေ့ဝတ်ဆင်ထားတဲ့အဝတ်အစားရဲ့လှပမှု၊ မိတ်ကပ်နဲ့ဆံပင်တို့လိမ်းခြယ်ထားတဲ့ ဆွဲဆောင်မှုတွေအပေါ်အများကြီး မူတည်နေတာကြောင့် ယူနီဖောင်းပဲဝတ်ရမယ်၊ ဘာအရောင်နဲ့ ဘယ်လိုပုံစံကိုသာ ဝတ်ရမယ်ဆိုပြီး စည်းကမ်းတွေကိုအခုပဲဖျက်ပစ်လိုက်ပါတော့။ လူကြီးလူတွေနဲ့တွေ့ရမယ့်အစည်းအဝေးဆိုရင်တော့ ဘယ်လိုဝတ်ခဲ့ဆိုပြီးတော့တော့ ကြိုမှားထားပေါ့။
![]()
Hung Chung Chih/shutterstock
(၂) Social Mediaအသုံးပြုခြင်းကိစ္စ
ခေတ်အရ လူတိုင်းမှာ Facebook တို့ Instagram တို့လို လူမှုကွန်ယက်အကောင့်တွေရှိနေပါပြီ။ ဒါဟာ ခေတ်ရဲ့ပြောင်းလဲမှုတစ်ရပ်ဖြစ်တာကြောင့် သင့်ဝန်ထမ်းတွေထဲမှာအလုပ်ချိန်အတွင်း social mediaအသုံးပြုတတ်တာတို့၊ ဗီဒီယိုကြည့်နေတတ်တာတို့လည်း ရှိမှာပါပဲ။ ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံတွေ့လာပြီဆိုရင်တော့အရင်ဆုံး ဝန်ထမ်းရဲ့အခြေအနေကိုအကဲခတ်ကြည့်လိုက်ပါ။အလုပ်များနေချိန်အသုံးပြုနေတာမျိုးဆိုရင်တော့ သတိပေးသင့်ပေမယ့်အလုပ်လုပ်စရာလည်း လုံးဝမရှိတဲ့အချိန်ဆိုရင်တော့အပမ်းဖြေဖို့အတွက် လွှတ်ထားပေးလိုက်ပါ။ ဒါပေမဲ့ စည်းတော့ရှိပါစေ။
![]()
Mangostar/shutterstock
(၃)အားကစားနဲ့ကျန်းမာရေး ကုန်ကျစရိတ်များ
တချို့လုုပ်ငန်းတွေမှာဆို ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး ယောဂအတန်းတွေဖွင့်ပေးတာတို့၊ zumba ဆရာကိုခေါ်ပြီး တစ်ပတ်ဘယ်နရက်ဆိုပြီး ခေါ်သင်ပေးတာမျိုးရှိနေပြီဖြစ်ပြီး ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့် သွားဆေးခန်းသွားရတာ၊ ဖျားတာနာတာမျိုးတွေမှာ ခွင့်ယူရင်လည်း ပိုက်ဆံမနှုတ်သလို ဆေးဖိုးစရိတ်စကတွေကိုတောင်မှ ရာထူးအဆင့်အတန်းအလိုက် ပြန်ပေးနေတာမျိုးတွေ၊ ကုမ္ပဏီမှချေးငွေထုတ်ပြီး လပေးနဲ့ပြန်ဆပ်တာမျိုးတွေကို နိုင်ရင်နိုင်သလို လုပ်ပေးသင့်ပါတယ်။ ကတိကဝတ်တို့၊ သက်သေခံတို့တော့ရှိဖို့ လိုပါလိမ့်မယ်။
![]()
fizkes/shutterstock
(၄)အလုပ်နေရာအပြောင်းအလဲလုပ်ပေးခြင်း
ရာသီအလိုက် သြင်္ကန်တို့၊ ခရစ်စမတ်၊ ဟောလိုးဝင်းပွဲတော်တို့ကို ရာသီမျိုးတွေမှာ ရုံးခန်းတွေကို ဝန်ထမ်းတွေနဲ့အတူတကွအလှဆင်တာမျိုးတွေအပြင် နေ့တိုင်း ကွန်ပြူတာရှေ့တဒေါက်ဒေါက်နဲ့အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအတွက် ဖြစ်နိုင်ရင် ၂ ပတ်တစ်ခါလောက်အိမ်မှာအလုပ်လုပ်ခွင့်ပေးတာတို့၊ ကော်ဖီဆိုင်တို့ ဘားတို့မှာတောင်အလုပ်ပြီးရင် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုလုပ်ခွင့်လေး ပေးတဲ့အကျင့်ကို နိုင်ငံတကာမှာ စတင်သုံးစွဲနေပါပြီ။ ယုံကြည်စိတ်ချရတဲ့ ဝန်ထမ်းမှသာ ဒီအချက်ကအဆင်ပြေမှာပါ။
![]()
DGLimages/shutterstock
(၅) ကိုယ်ရေးကိုယ်တာခွင့်များ
တစ်ယောက်နဲ့တစ်ယောက်အိမ်အခြေအနေတွေ မတူညီတဲ့ဝန်းထမ်းတွေဖို့ ကိုယ်ရေးကိုယ်တာအတွက် ခွင်ယူနိုင်ဖို့ဆိုတာ သိပ်ကိုအရေးကြီးလှပါတယ်။ ကုမ္ပဏီကြီးလေ ပိုင်ရှင်က ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့အိမ်အခြေအနေတွေကို မသိနိုင်လေဆိုပေမယ့် ဌာနတစ်ခုချင်းစီတိုင်းရဲ့အုပ်ချုပ်သူတွေကို ခွင့်ယူဖို့ တကယ်လိုအပ်နေတဲ့ ဝန်ထမ်းတွေအကြောင်း ဂဂဏဏသိထားဖို့ လိုအပ်ပါတယ်။ ဥပမာ ဝန်ထမ်းမှာ တော်တော်လေးမမာတဲ့ လူကြီးတစ်ယောက်ယောက်ကို ကြည့်ပေးနေရတာ်၊ သိပ်ငယ်သေးတဲ့ကလေးရှိနေမယ်ဆိုရင်တော့အလုပ်ရှင်ဖက်က တတ်နိုင်ရင် ခွင့်ပျက်တာတွေအပေါ် ပိုက်ဆံဖြတ်တာတွေကို မလုပ်ဘဲအဲဒီဝန်ထမ်းကို ခေါ်ပြောပြီး ကောင်းကောင်းမွန်မွန်အသိပေးလိုက်ပါ။
နိုင်ငံတကာခွင့်ရက်တွေအရ လစာမဖြတ်တဲ့မီးဖွားခွင့်တို့၊ နာရေးခွင့်တို့၊ ဆေးခွင့်တို့အပြင် တစ်နှစ်လုံးအတွက်အနားယူခွင့် annual leave တွေကိုပါအပြည့်အဝပေးလိုက်ပါ။ နောက်ပြီး ဝန်ထမ်းကိုယ်တိုင်နေမကောင်းဖြစ်တဲ့အခါမျိုးမှာ ဘယ်နရက်ပဲခွင့်ရမှာမို့ နောက်ဘယ်နရက်အကြာကျ ရုံးပြန်လာတက်၊ မဟုတ်ရင်ပိုက်ဆံဖြတ်မယ်လို့ စည်းကမ်းမထုတ်ထားဘဲ ဝန်ထမ်းရဲ့ကျန်းမာရေးကို နေ့စဉ်သတင်းမေးသလို ထောက်လှမ်းပြီးအနားယူဖို့အချိန်အပြည့်အဝပေးတဲ့ ကုမ္ပဏီတွေရှိနေပါပြီ။
![]()
fizkes/shutterstock
ဒီ ၅ ချက်ကတော့အြခေခံကျတဲ့ စည်းမျဉ်းတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ဒီအချက်တွေဟာ လုံးဝလွတ်လပ်ခွင့်ရှိတဲ့အခွင့်အရေးတွေဖြစ်တာကြောင့်အခွင့်အရေးအပေးခံရမယ့် ကိုယ့်ဝန်ထမ်းတွေဟာလည်းအလုပ်ပေါ်တကယ့်ကိုလေးစားမှုရှိတဲ့ ဝန်ထမ်းတွေဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်နော်။ နှင့်မို့ဆိုရင် ဝန်ထမ်းတွေပျော်တာနည်းနည်းအလုပ်ကိုပေါ့ပေါ့တန်တန်စဉ်းစားလိုက်လို့ ကုမ္ပဏီအကျိုးယုတ်သွားဦးမယ်ဆိုတာ သဘောပေါက်။
Penny