အီကွေဒေါနိုင်ငံတွင် လိင်တူခြင်းလက်ထပ်တာကို တရားဝင် ခွင့်ပြုလိုက်ပြီ
popolay.com
|
2019-06-14

အီကွေဒေါနိုင်ငံရဲ့အဆင့်အမြင့်ဆုံး တရားရုံးတော်က လိင်တူခြင်းလက်ထပ်မှုကိုအတည်ပြုပေးလိုက်တဲ့အတွက် ကသလစ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံအတွင်း လိင်တူချစ်သူများကြား ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပါတယ်။





LGBT နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူအသင်းအဖွဲ့များက လိင်တူချစ်သူများ၏ သင်္ကေတဖြစ်တဲ့ သက်တံရောင်အလံများကိုဝှေ့ယမ်းပြီး ကွီတိုမြို့ရဲ့ လမ်းမများပေါ်မှာ ပျော်ရွှင်နေခဲ့ကြပါတယ်။
အီကွေဒေါနိုင်ငံဟာ ကသလစ်ဘာသာဝင်တွေအများဆုံးဖြစ်ပြီး ရှေးရိုးစွဲအယူအဆကြီးတဲ့ နိုင်ငံတစ်ခုအဖြစ်လည်း ထင်ရှားတာကြောင့်အခုလို လိင်တူခြင်းလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်တာဟာအင်မတန်ထူးခြားပါတယ်။






လိင်တူလပ်ထပ်ခွင့်အတည်ပြုရေး၊ မပြုရေးကို တရားသူကြီး ၉ ဦးက တံခါးပိတ်စည်းဝေးပြီး မဲပေးခဲ့ကြရာ ၅ မဲ ၄ မဲနဲ့အနိုင်ရပြီးအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ လိင်တူလက်ထပ်ခွင့်အတည်ပြုကြောင်း ကြေညာပြီးနောက်မှာ လိင်တူချစ်သူများ တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နမ်းရှုံ့နေကြတဲ့ မြင်ကွင်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။




Some text some message..