လူတစ်ယောက်ကို ဘယ်လိုမေ့ကြမလဲ..အဲ့ဒီလူဆိုတာ ကိုယ်သိပ်ချစ်ရတဲ့လူပဲဖြစ်မှာပေါ့။
သိပ်ချစ်လို့လည်း မေ့နိုင်အောင် ဘယ်လိုလုပ်မလဲအဖြေရှာရတာ။ ကိုယ့်စိတ်ထဲမရှိတဲ့
လူတစ်ယောက်ကို မေ့ဖို့နည်းလမ်းများလိုသေးလို့လား…
အချိန်တွေဆိုတာ ဘယ်တော့မှအလကားမဟုတ်ပါဘူး။အမြဲတမ်းအမှတ်တရအဖြစ်ပျက်တွေ ၊
ခံစားချက်ပေါင်းမျိုးစုံနဲ့ ရောထွေး ထင်ကျန်နေဆဲပါပဲ။ ဒီလိုပဲပေါ့.. လူတစ်ယောက်နဲ့ ပတ်သတ်ခဲ့
ဖူးတဲ့အမှတ်တရအချိန်တွေဆိုတာ ရှိတယ်။ ကိုယ်သိပ်ချစ်တဲ့လူကိုမေ့နိုင်ဖို့ဆိုတာ
သူနဲ့ပတ်သတ်တဲ့အမှတ်တရတွေကိုအရင်သတ်ဖို့လိုတယ်။
မေ့ဖို့လုပ်တယ်ဆိုတာ သင့်အတွက်မလွယ်ပါဘူး။ ကြိုးစားပြီး မေ့ဖျောက်နေရင်းနဲ့ မျက်ရည်ကျနေ
ရတာမျိုး။ ကိုယ်တိုင်လည်း နာကျင်ရပါတယ်။အချိန်တွေကပဲအမှတ်တရဖန်တီးပေးသလို
အချိန်တွေကပဲ သင့်ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်တာပါ။ ဒီတော့ လူတစ်ယောက်ကို မေ့နိုင်ဖို့
အကောင်းဆုံးနည်းလမ်းကအချိန်သာပေးလိုက်ပါ။
တစ်ခါတစ်လေ ဒီလိုအမှတ်တရတွေကို ပြန်တွေးရတာလည်း လွမ်းမောလို့ကောင်းခြင်းတစ်မျိုးပါပဲ။
ငယ်ဘဝအမှတ်တရလေးတွေ ပြန်တွေးသလိုပေါ့။အတိတ်မှာကျန်ခဲ့တဲ့ ပုံရိပ်တွေကို ပြန်မြင်
ယောင်ရင်း ကိုယ့်ဘဝကို သုံးသပ်ကြည့်တဲ့အခါ မှားခဲ့တာတွေ ရှိသလို သနားညှာတာစိတ်ကြောင့်
ကိုယ့်အပေါ် နောက်ကျောဓားနဲ့ထိုးခဲ့တဲ့လူတွေလည်းရှိမယ်။ ကိုယ်တိုင်လည်း တစ်ကိုယ်ကောင်း
ဆန်မိတဲ့အခါတွေ ရှိမယ်။ လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ခဲ့မိတဲ့အချိန်တွေရှိခဲ့မယ်။
ခေါင်းထဲမှာ သူ့ကိုလွမ်းနေတဲ့စိတ်တွေမဖြစ်အောင်အလုပ်နဲ့ လက်မပြတ်ဖို့လိုတယ်။
အာရုံစိုက်ရတဲ့အလုပ်မျိုးဆို တစ်ပတ်လောက်ဆို သင်နေသားကျသွားမှာပါ။ သိပ်မခံစားရတော့
ဘူး။ နေတတ်လာတယ်။ သတိရချင်လည်း ရမယ်။အရင်လို ဆိုးဆိုးဝါးဝါး မခံစားရတော့ဘူး။
ဟုတ်ပါတယ်.. ဘာပဲဖြစ်ဖြစ်အချိန်သာပေးလိုက်ပါ…အားလုံးအဆင်ပြေသွားမယ်