နူးနူးညံ့ညံ့မရှိဘူး။ ယောကျ်ားလေးတွေလိုပဲ ကြမ်းတမ်းတယ်လို့ မထင်ပါနဲ့။ သူတို့လည်း မိန်းကလေး
ပါပဲ။ နေပုံထိုင်ပုံတွေက ယောကျ်ားလေးဆန်တာပါ။ စိတ်ကတော့အပြည့်ဝ မိန်းမပါပဲနော်။
များသောအားဖြင့် ဒီလိုယောကျ်ားဆန်တဲ့ မိန်းကလေးတွေဟာ ပိုပြီး မျက်နှာကြောမာတယ်။
ခေါင်းကြောလည်း တင်းသတဲ့။
ဇွတ်တရွတ် နည်းနည်းဆန်ပေမယ့် မိသားစုဒုက္ခပေးတဲ့အဆိုးလေးတွေလို့တော့ ပြောလို့မရပါဘူး။
သူတို့ဖြစ်ချင်တာ ၊ သူတို့လုပ်ချင်တာဆို ဖြစ်အောင်လုပ်တယ်။ ဘယ်သူမှ တားမရတာမျိုးပေါ့။
ဒီလိုမိန်းကလေးတွေဟာ မိန်းကလေးအချင်းချင်း သိပ်ပေါင်းလို့မရဘူး။ ပေါင်းလည်း
တစ်ယောက် ၊ နှစ်ယောက်ပဲ။ ယောကျ်ားလေးတွေနဲ့ ပေါင်းသင်းရတာကို ပိုအဆင်ပြေတယ်လို့
သူမထင်လို့ပါ။ သူမရဲ့စရိုက်က ယောကျ်ားလေးတွေနဲ့ ကိုက်တာကို။
နောက်ပိုင်းမှာ ဒီလိုယောကျ်ားဆန်ဆန် နေတတ်တဲ့ မိန်းကလေးတွေဟာ ပိုဆွဲဆောင်မှုရှိကြောင်း
တွေ့ရပါတယ်။ ဘာကိုမှ စိတ်ထဲမထား ခပ်ပျော်ပျော်နေတတ်လို့ပါပဲ။ ယောကျ်ားလေးလို
နေတတ်တယ်ဆိုပြီး မိန်းကလေးတွေကို စိတ်ဝင်စားတာမျိုးတော့ မဟုတ်ပါဘူးနော်။
ယောကျာ်းလေးကိုပဲ ကြိုက်ပါတယ်။
ဒီလို မိန်းကလေးတွေဟာ များသောအားဖြင့် ရည်မှန်းချက်ကြီးတယ်။ စိတ်ကြီးတယ်။
မှန်တယ်ထင်ရင် လမ်းအဆုံးထိလျှောက်မယ့် သတ္တိခဲလေးတွေပေါ့။အတင်းကတော့
လူတိုင်းပြောတတ်ပေမယ့် သူများမကောင်းကြောင်းပြောတော့မယ်ဆို ဝေးဝေးကရှောင်ပါတယ်။
ဘာလို့လဲ.. ကိုယ့်အရေးမဟုတ်လို့လေ။ ကိုယ့်အတွက်အကျိုးမရှိတဲ့စကားဝိုင်းဆို
သူမ ရှောင်ပါတယ်။
အဓိက စားမယ်၊ သောက်မယ် ပျော်မယ်။ ပြီးရင်အလုပ်လုပ်မယ်။ ပျင်းရင် ဂိမ်းဆော့ ၊
စာဖတ်တယ်။ ဒါပါပဲ… ကဲ ယောကျ်ားဆန်တဲ့ မိန်းကလေးတွေက ချစ်ဖို့ကောင်းတယ်ဟုတ်…
ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း ဒီလိုမိန်းကလေးတွေရှိရင် လက်တို့လိုက်ဦးနော်…