လေ့လာမှုတွေအရတော့ သင့်ရဲ့ခံစားမှုတွေဟာ သင့်ခန္ဓာကိုယ်အစိတ်ပိုင်းအားလုံးပေါ်သက်ရောက်နေတယ်လို့ ဆိုပါတယ်။ သင့်ရဲ့အစာခြေစနစ်လည်းအပါအဝင်ပေ့ါ။ စိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုရင် တုံ့ပြန်မှုတွေကလည်း တစ်ခါတလေမှာ တကယ်ကို ပြင်းထန်လှပါတယ်။ ဝမ်းဗိုက်ကို စူးစူးရှရှနာကျင်စေတာမျိုးဖြစ်စေပြီးတော့ပေါ့။ ဒါတွေဟာအစာအိမ်နာခြင်း၊အော်ကလီဆန်ခြင်း၊အော့အန်ခြင်း၊ ဝမ်းဗိုက်ဖောင်းနေသလိုခံစားရခြင်း၊ လေပွခြင်းနဲ့ ဝမ်းလျှောဝမ်းပျက်ခြင်းတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ မကြာခဏ ဗိုက်အောင့်ခြင်းကို ခံစားနေရတယ်ဆိုရင် ဆရာဝန်ဆီသွားပြီးတော့ တိမ်မြှုပ်နေတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေရဲ့ လက္ခဏာတွေလားဆိုတာ စစ်ဆေးပါ။ တကယ်လို့ ဝမ်းဗိုက်နာကျင်ခြင်းကိုဖြစ်စေတဲ့အခြားသောကျန်းမာရေးပြဿနာမရှိခဲ့ဘူးဆိုရင် သင်ကဖိအားတွေရဲ့တုံ့ပြန်မှုကို လေ့လာဆန်းစစ်ဖို့လိုနေပါပြီ။ သင့်ရဲ့နာကျင်မှုဟာ စိတ်ပူပန်နေလို့ဖြစ်တာ သေချာတယ်ဆိုရင် ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေတော့ရှိပါတယ်။ လူအများစုကတော့ ဆေးကုသမှုခံယူကြပါတယ်။ ဒါက ကောင်းသောရွေးချယ်မှုတစ်ခုပါ။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ တကယ်တမ်းတော့ စိတ်ဖိစီးမှုတွေကိုဘယ်လိုထိန်းချုပ်မလဲဆိုတာ သင်ကိုယ်တိုင် လေ့လာသင်ယူရမှာပါ။ ခံစားချက်တွေ သက်သာသွားစေနိုုင်မယ့်အချက်အနည်းငယ်ကိုဖော်ပြပေးထားပါတယ်။ •အသက်ပြင်းပြင်းရှူသွင်းပါ။ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။ တည်ငြိမ်သွားတဲ့အထိလုပ်ပါ။ • လေ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် တရားထိုင်ပါ။ •အာရုံလွှဲဖို့ စိတ်ချမ်းသာမယ့်အရာတစ်ခုခုလုပ်ပါ။ • မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့စကားပြောပါ။ • ပြဿနာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ဘယ်လိုဖြေရှင်းရမလဲဆိုတာအစီအစဉ်ဆွဲပါ။ • ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်တဲ့အလေ့အထကို မွေးပါ။ • များများအနားယူပါ။ နာကျင်မှုကိုခံစားနေရတယ်ဆိုရင် သက်သာသွားစေမယ့်နည်းလမ်းတွေကတော့ • ရေဓာတ်ပြည့်ဝနေပါစေ။အထူးသဖြင့် နာကျင်မှုက သင့်ကိုအော့အန်စေတယ်ဆိုရင်ပေါ့။ • ပူတီနာ သို့မဟုတ် ချင်းလက်ဖက်ရည်လိုမျိုး နာကျင်မှုကိုသက်သာစေမယ့်အိမ်တွင်းကုထုံးတွေကိုအသုံးပြုပါ။ •အခြေအနေပိုပြီးဆိုးလာရင်ဆေးသောက်ပါ။ ဒါပေမယ့် ဆရာဝန်နဲ့အရင်ဆွေးနွေးပါဦး • ဆေးလိပ် သို့မဟုတ် ရေမွှေးတို့လိုအနံ့ပြင်းတဲ့အရာတွေနဲ့ ဝေးဝေးနေပါ။ ဒါတွေကအစာအိမ်ကိုပိုပြီးဆိုးလာစေတယ်လေ။အခြားတစ်ဘက်မှာတော့ ဘယ်အချိန်မှာ ဆရာဝန်ဆီသွားရမလဲဆိုတာ သင်သိဖို့လိုပါတယ်။ သင့်မှာအကြောင်းပြချက်မရှိဘဲ ၂ပတ်နဲ့အထက် ဗိုက်နာတာမပျောက်သေးဘဲအခြားရောဂါတွေရဲ့လက္ခဏာတွေလည်း ဘာမှမပြဘူးဆိုရင် ဆေးရုံသွားပြီးစစ်ဆေးတာက လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဗိုက်နာခြင်းဟာအတော်ကိုအနှောက်အယှက်ဖြစ်စရာပါပဲ။ ကံကောင်းတာတစ်ခုက သူတို့တွေဟာအများအားဖြင့် ကုသဖို့မလိုပါဘူး။ ပျောက်ကင်းနိုင်တဲ့နည်းလမ်းက သင့်ရဲ့ဘဝနေထိုင်မှုပုံစံထဲမှာပဲရှိပါတယ်။ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ပြီဆိုရင်တော့ ဗိုက်နာနိုင်ချေလည်း နည်းသွားနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့အဓိကအကြောင်းရင်းနဲ့ ဖြစ်နိုင်ရင်အဲ့ဒီအရာကိုရှောင်ရှားနိုင်ဖို့လည်း သင်လေ့လာသင်ယူနိုင်ပါသေးတယ်။ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ခြင်းက စိတ်ဖိစီးမှုနည်းတဲ့လူနေမှုဘဝမှာနေထိုင်နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။