ယောကျ်ားလေးတွေထက်စာရင် မိန်းကလေးတွေက စိတ်ခံစားချက်က ပိုလွယ်တာကြောင့်
စိတ်ဓာတ်ကျလွယ်တတ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ စိတ်ညစ်တိုင်း
ကောင်လေးချောချောလေးတွေ ၊ မင်းသားချောတွေရဲ့ပုံတွေကို ကြည့်စေချင်တယ်။
ယောကျ်ားလေးတွေတောင် မိန်းမချောချောလေးတွေပုံ ကြည့်သေးတယ်။ မိန်းကလေးတွေမှာလည်း
ကြည့်ခွင့် ၊ သဘောကျခွင့်ရှိတာပေါ့။ ဒီတော့ စိတ်ညစ်ရင်အခြားလုပ်စရာတွေအများကြီးရှိသလို
လတ်တလော စိတ်ကိုချမ်းသာသွားစေမယ့် နည်းကတော့ ဖုန်းကနေ save ထားတဲ့ ကောင်ချော
လေးပုံကို ထုတ်ကြည့်လိုက်ရုံပါပဲ။
ရည်းစားကြောင့်ပဲညစ်ညစ် ၊ စာမရလို့ပဲ ညစ်ညစ် သူတို့တွေကို ထုတ်ကြည့်လိုက်တာနဲ့
ခဏတာတော့ စိတ်ငြိမ်စေမှာပါ။ စိတ်ကအေးဆေး တည်ငြိမ်လေအလုပ်ကောင်းကောင်းလုပ်နိုင်
လေပါပဲ။ ဦးနှောက်ကလည်း ဖန်တီးတီထွင်ဉာဏ်တွေ ကြံဆလာနိုင်မယ်။
စိတ်တွေ လန်းဆန်းလာလေ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ကောင်းလေပါပဲ။
ဒီတော့ ပိုပြီး စိတ်တွေတက်ကြွနေအောင် ကောင်ချောလေးတွေရဲ့ပုံအောက်မှာ စိတ်ထက်သန်
စေမယ့် စာသားလေးတွေပါ တွဲရေးထားပါ။ ဒီတိုင်း စာအုပ်ကို လှန်ဖတ်မိမှာမဟုတ်ဘူးလေ။
ပုံနဲ့စာ တွဲမြင်ရတော့ ပိုပြီးအကျိုးသက်ရောက်မှုကောင်းတာပေါ့။
ဒါကြောင့် စိတ်ညစ်လို့ဆိုပြီးအရက်သောက်မှာထက်စာရင် သူတို့ပုံကိုထုတ်ကြည့်ပါ။
ကျန်းမာရေးမထိခိုက်ဘူး။ ပိုက်ဆံမကုန်ဘူး။အချိန်ကုန်သက်သာပြီး လမ်းမှန်ပြန်ရောက်စေတယ်..