ကိုယ်ပိုင်ကားမရှိလည်း သွားရေးလာရေးအရမ်းအဆင်ပြေနေတဲ့ မြို့ကြီးများ
shwemom.com
|
2019-06-22

ကမ္ဘာတစ်ဝှမ်းကအချို့မြို့တွေဟာ ကိုယ်ပိုင်ကားရှိစရာမလိုပဲအများသုံးယာဉ်ရထားစနစ်တွေနဲ့အဆင်ပြေစေအောင် ပြုလုပ်ထားပါတယ်။ ဆိုလိုတာက ကားတွေကထွက်တဲ့ ဆူညံသံနဲ့ လေထုညစ်ညမ်းမှုတွေလျှော့ချပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ပါ။အောက်ဘက်မှာတော့ မြို့တွင်းသွားလာနေတဲ့ ကားအစီးရေကို လျှော့ချဖို့ရည်ရွယ်ပြီး စက်ဘီးနဲ့အများသုံးယာဉ်အသုံးပြုမှုကို ဦးစားပေးထားတဲ့ မြို့ကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။


cdrin/Shutterstock

ပြင်သစ်နိုင်ငံက ပါရီမြို့ဟာလည်း ခြေလျင်လမ်းလျှောက်ဖို့ကောင်းတဲ့ နေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ပါရီရဲ့စိမ်းမြစ်အပါအဝင် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်မှုနေရာတော်တော်များများကို လမ်းလျှောက်ရင်းနဲ့ပဲ တွေ့မြင်နိုင်ပါတယ်။


Efired/Shutterstock

အီတလီနိုင်ငံက ဗီးနစ်စ်မြို့လေးဟာ ယာဉ်အန ္တရာယ်နဲ့ပတ်သက်လို့ ထိခိုက်မှုတော်တော်နည်းတဲ့ မြို့လေးလို့ ဆိုရမှာပါ။ ဗီးနစ်စ်မြို့ထဲက လမ်းမကြီးဟာအီတလီပင်မနယ်မြေကြီးနဲ့ ဆက်စပ်နေပေမယ့် ၎င်းလမ်းပေါ်မှာ မော်တော်ကားတွေ ဖြတ်သန်းမောင်းနှင်ခွင့် မပြုပါဘူး။


Pexels/Craig Adderley

နယူးယောက်မြို့တစ်ခွင်ကို မြေအောက်ရထား သို့မဟုတ် ခြေလျင်ခရီးနဲ့ သွားနိုင်ပါတယ်။ နယူးယောက်ဟာ ကမ္ဘာပေါ်မှာ ခြေလျင်လည်ပတ်သွားလို့အကောင်းဆုံး မြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။


Wojtek Chmielewski/Shutterstock

ခရိုအေးရှားနိုင်ငံက ဒူဘရိုနစ်ခ်မြို့လေးကတော့ Game of Thronesအခန်းဆက်ဇာတ်လမ်းတွဲနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်ချစ်သူတွေက ဒူဘရိုနစ်ခ်ကိုအရောက်အပေါက်များလာပါတယ်။ ဒါကြောင့် မြို့လေးအနေနဲ့ မြို့ထဲကသမိုင်းဝင်လမ်းမတွေ မပျက်စီးအောင် ကားမောင်းနှင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေတဲ့ ဒူဘရိုနစ်ခ်မြို့ဟောင်းမှာ ကားမောင်းနှင်ခွင့်ပိတ်ပင်ထားပါသေးတယ်။


Bucchi Francesco/Shutterstock

ဒိန်းမတ်နိုင်ငံက ကိုပင်ဟေဂင်မြို့ထဲအနှံ့လည်ပတ်ချင်တယ်ဆိုရင်တော့အကောင်းဆုံးက စက်ဘီးစီးသွားတာပါ။ ကိုပင်ဟေဂင်က တော်တော်သေးတဲ့ မြို့လေးဖြစ်လို့ ခြေလျင်လမ်းလျှောက်သွားရင်ပဲ တော်တော်မြင်နေရပါပြီ။ ဒါကြောင့် စက်ဘီးလေးတစ်စီးနဲ့ တစ်နေရာကနေ တစ်နေရာကို ဒေသခံတွေလိုပဲ စက်ဘီးလေးတစ်စီးအကူအညီနဲ့ လေ့လာနိုင်ပါတယ်။


Subodh Agnihotri/Shutterstock

ဖင်လန်နိုင်ငံက ဟယ်လ်စင်ကီမြို့လေးဟာ မြို့သူမြို့သားတွေကို ပိုမိုလုံခြုံစိတ်ချရတဲ့ လူနေမှုဝန်းကျင်လေးကို ဖန်တီးပေးနေပါတယ်။အဲဒါကတော့ သွားလာရေးစနစ် လွယ်ကူတဲ့ လူနေရပ်ကွက်အသစ်တွေကို တည်ဆောက်ပေးထားတာပါ။ မြို့သူမြို့သားတွေဟာ ၎င်းရပ်ကွက်တွေကို ကူးသန်းသွားလာရာမှာ ကိုယ်ပိုင်ကားရှိစရာမလိုပဲအများသုံးယာဉ်၊ ခြေလျင်ခရီးတွေနဲ့ သွားလာနိုင်မှာ ဖြစ်ပါတယ်။


JeniFoto/Shutterstock

နယ်သာလန်နိုင်ငံ မြို့တော်အမ်စတာဒမ်မှာ ကားတစ်စီးပိုင်ရတာဟာ တော်တော်အန ္တရာယ်များပါတယ်။အမ်စတာဒမ်ရဲ့အဓိကသွားလာတဲ့ယာဉ်ကတော့ စက်ဘီးပဲ ဖြစ်ပါတယ်။ မြို့ထဲကတူးမြောင်းတွေကို ကျော်ဖြတ်ချင်တဲ့အခါ ကားနဲ့ဖြတ်သန်းသွားတာထက် ခြေလျင်သွားတာက ပိုအန ္တရာယ်ကင်းတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်တစ်နှစ်ကို ကားအစီးရေပေါင်း (၃၅) စီးဟာ ရေထဲ ပြုတ်ကျလေ့ရှိတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)




Some text some message..