ချစ်ခင်ပွန်းရဲ့အကောင့်ကို လာ Add နေကြတဲ့ မော်ဒယ်မလေးတွေကိုအမှာစကားပါးလိုက်တဲ့ သဉ္ဇာနွယ်ဝင်း
myanmarload.com
|
2019-06-22



သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာအိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့ ဂရုစိုက်ကြင်နာမှုတွေကိုအပြည့်အဝရရှိထားတဲ့ သဉ္ဇာနွယ်ဝင်းက ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။အခုဆိုရင် သဉ္ဇာနွယ်ဝင်းက ဒုတိယရင်သွေးလေးကိုတောင် ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။






လတ်တလောမှာတော့ သဉ္ဇာကအလုပ်တွေရပ်နားထားပြီးအိမ်မှာပဲ မိသားစုနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးက ပကာသနတွေမရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်လေ့ရှိတာကြောင့် ပရိသတ်တွေအားလုံးကအားကျနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သဉ္ဇာနွယ်ဝင်းက ခင်ပွန်းဖြစ်သူရဲ့ Facebook Account ကို လာ Add နေကြတဲ့ မော်ဒယ်မလေးတွေအကြောင်း ရင်ဖွင့်ပြောပြထားပါတယ်။






သဉ္ဇာနွယ်ဝင်းက '' ကိုယ့်ကျတော့ model girl ချောချောလေးတွေလာမ add ကြဘူး ယောကျာ်းအကောင့်ကိုကြတော့ model girl လေးတွေအများကြီးလာ fri request ကြတယ်။အမကိုလည်း လာအပ်ရင်အမယောကျာ်းအကောင့်ကနေအမလက်ခံပေးမှာပေါ့။ သူ့အကောင့်လဲအမပဲကိုင်တာပဲဟာ။ မျက်နှာမလိုက်ကြေးနော် '' ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်အရမ်းကြည်နူးစရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။







Some text some message..