တစ်ပတ်ကို ၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့ လေဒီတွေ စိတ်ဓာတ်ကျနိုင်
hellosayarwon.com
|
2019-06-23


စိတ်တွေဖိစီးလိုက်တာ၊အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင်မပြီးဘူးဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့အလုပ်တွေကို တအားဖိလုပ်နေလို့

စိတ်ဖိစီ းနေတာဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများလာတဲ့အခါအလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။

အာရုံစူးစိုက်မှု ကလည်း ကျလာပါတယ်နော်။

အလုပ်ချိန်များများလုပ်လေ စိတ်ဖိစီးလေလေပါ
အလုပ်စားပွဲ မှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။

တစ်နေ့တာ မှာ ၈ နာရီထက်ကျော်ပြီးအလုပ်စားပွဲမှာ ထိုင်နေရတာကအချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုကပိုလာနိုင်ပါတယ်။ ဒီခံစားချက်က

စိတ်ခံစားမှု သက်သက်ပဲတော့မဟုတ်ပါဘူး။ လေ့လာချက်တွေအရလည်းအမျိုးသမီးတွေဟာအလုပ်ချိန်များများအလုပ်လုပ်လေလေ စိတ်ဖိစီးမှုပိုများလာလေလေလို့တွေ့ရှိထားရပါတယ်။ သုတေသီတွေက လေ့လာမှုအတွင်းအလုပ်လုပ်နေတဲ့အမျိုးသမီးတွေကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာ

အလုပ်ချိန် နာရီ ၄၀ ထက်အလုပ်လုပ်တဲ့

အမျိုးသမီးတွေ ထက် တစ်ပတ်မှာ ၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့အမျိုးသမီးတွေက စိတ်ဖိစီးမှုပိုများနေတယ်လို့တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်တာမှာ ၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့အမျိုးသမီးတွေက

စိတ်ဓာတ်ကျ လက္ခဏာတွေပုံမှန်ထက်ပိုများနေတတ်ပါတယ်။ တစ်ပတ်ကို ၅၅ နာရီနဲ့အထက်အလုပ်လုပ်တာအပြင် ပိတ်ရက်တွေမှာပါအလုပ်လုပ်နေရတာက စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျနိုင်ခြေပိုများနေပါတယ်နော်။ ဒါကတော့အမျိုးသမီးတွေတင်မကပါဘူး။အမျိုးသားတွေမှာပါအကျုံးဝင်တဲ့လေ့လာချက်ပါ။  ဒီလေ့လာချက်က ဗြိတိန်နိုင်ငံကအရွယ်ရောက်ပြီးသူတွေကို လေ့လာထားတဲ့လေ့လာချက်တစ်ခုပါ။

၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့ လေဒီတို့......သတိ!
အပတ်စဉ်တိုင်း ၅၅ နာရီ ဒါမှမဟုတ် ၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့လေဒီတွေမှာ စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ခြေကတော်တော်လေးများပါတယ်။ ပိတ်ရက်တွေမှာပါအလုပ်နဲ့လက်မပြတ်လုပ်နေရပြီဆိုရင်တော့ လေဒီတွေတင်မဟုတ်ပါဘူး။ Gentlemen တွေမှာပါ စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျစေနိုင်တာပါ။အလုပ်နဲ့လက်မပြတ်တမ်းလုပ်နေတာက ရေရှည်ဖြစ်လာတဲ့အခါ နေ့စဉ်နဲ့အမျှ

စိတ်ကျန်းမာရေး ထိခိုက်လာရပါတယ်နော်။ မေ့တတ်လာတာမျိုး၊ ချက်ချင်းဆိုသလို ပြောလိုက်တဲ့အကြောင်းအရာတွေကို မမှတ်မိတော့တာ၊ နေ့စဉ်လုပ်နေကျတာဝန်တွေကိုမေ့သွားတာမျိုးဖြစ်နိုင်ပါတယ်။     United Kingdom Household Longitudinal Study (UKHLS) ကအိမ်ထောင်စု ၄၀၀၀၀ ခန့်ရဲ့ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွေကိုလေ့လာခဲ့ပါတယ်။ ယခုလေ့လာမှုအတွက်အလုပ်ခွင်ဝင်နေတဲ့အမျိုးသားနဲ့အမျိုးသမီး ၂၃၀၀၀ ကျော်ကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ တစ်ပတ်ကို ၅၅ နာရီနဲ့အထက်အလုပ်လုပ်နေတဲ့ လေဒီတွေ၊ ပိတ်ရက်ပါမကျန်အလုပ်လုပ်နေတဲ့

လေဒီတွေ ဟာ တစ်ပတ်ကို ၃၅ နာရီ ကနေ နာရီ ၄၀ ကြာအလုပ်လုပ်နေတဲ့  လေဒီတွေထက် စိတ်ဖိစီးမှုပိုများပြီး စိတ်ဓာတ်ကျနိုင်ခြေကအခြားသူတွေထက်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။  
 



စိတ်ဖိစီးမှုကအဖြစ်များတဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုပေါ့။ စိတ်ဓာတ်ကျတာကြောင့်

ဘဝနေထိုင်မှု မှာထိခိုက်လာတာမျိုးအထိဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးအားနည်းလာတဲ့အခါ စိတ်ဖိစီးတာ၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါခံစားလာရနိုင်ပါတယ်။အလုပ်တာဝန်တွေကို ကောင်းမွန်ပြီးစီးအောင်မလုပ်နိုင်တော့သလို မိသားစုတာဝန်တွေကိုပါလစ်ဟင်းလာနိုင်ပါတယ်။ သိပ်မပြင်းထန်သေးတဲ့အဆင့်မှာတော့အမြဲလိုလိုဝမ်းနည်းနေတာ၊ မျှော်လင့်ချက်မဲ့နေတာ၊အပြစ်ရှိသလိုအမြဲခံစားနေရတာ၊ ဝါသနာပါတာတွေကိုအာရုံဝင်စားမှုမဲ့လာတာ၊

အိပ်စက်မှု မှာ ပြဿနာရှိလာတာမျိုးတွေခံစားရနိုင်ပါတယ်။


စိတ်ရောကိုယ်ပါကျန်းမာစေဖို့ တစ်ပတ်တာမှာ လွန်ရော ကျွံရော ၃၅ နာရီ ကနေ နာရီ ၄၀ လောက်ပဲအလုပ်လုပ်ပါ။ ဒီထက်ပိုလုပ်တာက စိတ်ဖိစီးမှုကိုဖြစ်စေပြီး ရေရှည်မှာ စိတ်ရောကိုယ်ပါထိခိုက်စေနိုင်တာကြောင့်အလုပ်ချိန်ကို ၅၅ နာရီထက်ပိုလုပ်တာ၊ ပိတ်ရက်တွေမှာပါအလုပ်လုပ်နေတာကို တတ်နိုင်သမျှရှောင်ပါနော်။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။





Some text some message..