မိန်းမမှန်ရင်ကိုယ့်ချစ်ရသူဆီက ဒါမျိုးတွေကို တစ်ယောက်တည်းအပိုင်ရချင်တတ်တယ်ဆိုတာ ငြင်းလို့ရမယ်မထင်ဘူး…
trend.com.mm
|
2019-06-23




သင်သာမိန်းမတစ်ယောက်ဆိုရင် သင့်ချစ်သူဆီက ဒီလိုအရာမျိုးတွေကို သူများကိုပေးရမှာအနည်းငယ်တွန့်တိုကြမှာပဲမလား….
မိန်းမတိုင်းရဲ့အကျင့်စရိုက်နဲ့ နေထိုင်မှုပုံစံ ချင်း ရပ်တည်မှုပုံစံချင်းကွာခြားနိုင်ပင်မဲ့ မိန်းမတိုင်းရဲ့ သူတို့အမျိုးသားပေါ်ထားတဲ့အတွက်ဓာတ်ခံစိတ်တစ်ချို့ကတော့ တော်တော်များများတူနေတတ်ကြပါတယ်။ ဘယ်လောက်ပဲထူးချွန်တဲ့ မိန်းမဖြစ်ဖြစ် ဘယ်လောက်ပဲ လှပါတယ်ဆိုတဲ့မိန်းကလေးပဲဖြစ်ဖြစ်ကိုယ်သိပ်ချစ်ရတဲ့ ယောက်ျားတစ်ယောက်ရှိလာတဲ့အခါ ဒီယောက်ျားနဲ့ပတ်သတ်ပြီးသူတို့ပဲရချင်တတ်တဲ့အတ္တကြီးခြင်းတွေရှိတယ်ဆိုတာငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါပဲ။
ဆိုတော့ မိန်းမသားတစ်ယောက် သူတို့ချစ်ရသူအမျိုးသားဆီက ဘယ်လိုအရာတွေအတ္တကြီးစွာ တစ်ကိုယ်တည်းပိုင်ဆိုင်ချင်တတ်ကြသလဲ?
ကိုယ်တိုင်ရောအတ္တကြီးလောက်အောင်ထိအချစ်ကြီးမိနေပြီလား?…
(၁) ဦးစားပေးခံချင်မှု
မိန်းမတိုင်းလိုချင်တဲ့အရာပါ။ သူတို့မချစ်တဲ့ယောကျာ်းတစ်ယောက်က ဦးစားပေးပြ ၊ကြင်နာပြတဲ့အခါအပိုတွေပါဆိုပြီးခံစားတတ်ကြပင်မဲ့
သူတို့သိပ်ချစ်ရတဲ့အမျိုးသားက ကြင်နာပြချစ်ပြ တစ်ခါလောက်ပဲ ဦးစားပေးပြစေဦး သူတို့မှာ တစ်လလောက်ပျော်လို့မဆုံးနိုင်ပါဘူး။
သူတို့တန်ဖိုးထားတဲ့သူဆီက ရတဲ့ ဦးစားပေးမှုမလို့ ပိုမြတ်နိုးပြီး တစ်ခြားသူကို ကိုယ်နဲ့တန်းတူ ဦးစားပေးတာမျိုးလုံးဝမလိုလား
ကြပါဘူး။





(၂)အားကိုးချင်တဲ့စိတ်
ဘယ်လောက်ပဲ Strong ဖြစ်ပါတယ်ဆိုတဲ့ မိန်းမတောင် ကိုယ်ချစ်ရသူရှေ့ ရောက်ရင် ရေဗူးတောင်ဖွင့်ရခက်သွားကြတာ သဘာဝပါပဲ။
ကိုယ်ကအားကိုးစရာမလိုလောက်ပဲ Strong ဖြစ်နေရင်တောင်ကိုယ့်ချစ်သူရဲ့ ဦးဆောင်တဲ့ကျောပြင်ကြီးကို နောက်ကကြည့်ပြီးပီတဖြာစွာအားနည်းချင်ယောင်
ဆောင်တတ်ကြတဲ့အမျိုးပါ။ ဒါကြောင့်လည်း ကိုယ်တစ်ယောက်တည်းသူ့ရဲ့အားကိုးမှုကို ခံယူရတဲ့ သူဖြစ်ချင်တတ်ကြပါတယ်။
(၃) ဂရုတစိုက်ဆက်ဆံခြင်း
မိန်းမတိုင်းကဂရုစိုက်တာကို သေမလောက်လိုချင်တတ်ကြပါတယ်။ နေမကောင်းဘူးပြောရင် ဆေးသောက်အုံးဆိုတာ ထက် ဘာလို့ဖျားတာလဲ…ဘယ်လိုဖြစ်တာလဲ…ဆေးခန်းပြထားလား…ဘာဆေးသောက်ထားလဲ…ဘာစားချင်လဲ…ဘာလုပ်ပေးရမလဲ ဆိုတာမျိုးကို လိုချင်တတ်ကြတာမျိုးပါ။ ယောကျာ်းလေးဘက်ကတော့ ဆေးသောက်အုံးလို့ ရိုးရိုးရှင်းရှင်းေ
ပြောလိုက်ပင်မဲ့သူတို့ ကတော့ ဒီလိုအတိုချုပ်ပြောတာဟာသူတို့ကို ဂရုမစိုက်ဘူးလို့ခံယူသွားတတ်ကြတာပါပဲ။ လူကြားထဲများဂရုစိုက်ခံ
ရရင် မော်ကြွားလို့ကို မပြီးနိုင်ပဲပီတိဖြာတဲ့ရုပ်ကြီးနဲ့ ပြုံးစိစိဖြစ်နေတတ်တာမျိုးပါ။ သူတို့မဟုတ်တဲ့ သူတစ်ယောက်ကိုအရမ်းဂရုစိုက်ပြနေရင်မပြောရင်တောင်မတက်သာလို့ စိတ်ကြိတ်ကောက်ပြီး ဝမ်းနည်းနေတတ်တာမျိုးပါ။
(၄) နှီးနှောတိုင်ပင်ခြင်း





သူတို့ချစ်သူရဲ့အကြောင်းအရာအားလုံး လုပ်ငန်းကိစ္စ မိသားစုကိစ္စအားလုံးကိုသူတို့ပဲသိချင်တတ်ကြပါတယ်။ သူတို့နဲ့တစ်ရေးတစ်ယူတိုင်ပင်ရင် ပီတိတွေကိုဖြစ်လို့။
အရေးကြီးကိစ္စတွေဖြေရှင်းရမဲ့ကိစ္စမျိုးတွေမှာ မိန်းမတစ်ယောက်ဖြစ်တဲ့သူတို့ဆီကအကြံဉာဏ်တောင်းပြီး တူတူဖြေရှင်းရတာမျိုးကို ကြိုက်နှစ်သက်ကြတာပါ။ဒါကြောင့်လည်းသူတို့မဟုတ်တဲ့တစ်ခြားသူတစ်ယောက်နဲ့ ပိုရင်းနှီးတိုင်ပင်ပြောဆိုတာ မျိုး၊ သူများပြောမှသိရတာမျိုးကို သူတို့အပေါ်တစ်စိမ်းဆန်တယ်ထင်ပြီးမုန်းတတ်ကြပါတယ်။
(၅) ဝမ်းနည်းပူဆွေးခြင်း
သိပ်ချစ်တတ်ကြတဲ့မိန်းမအများစုဟာ မတက်သာလို့သူတို့ကြောင့်သာသူတို့အမျိုးသားဝမ်းနည်းပူဆွေးငိုကြွေးခဲ့ရပါစေအုံးတော့။ တစ်ခြားဘယ်သူ့ကြောင့်နဲ့မှတော့ကိုယ့်အမျိုးသားကို ဝမ်းနည်းပူဆွေးစေဖို့မလိုလားကြပါဘူး။ သူတို့ကြောင့်သာ ငိုရကြွေးရပါစေ ၊ တစ်ပါးသူကြောင့် ကိုယ့်ချစ်သူ ခံလိုက်ရတာမျိုး
ရှိရင်တော့ ဆတ်ဆတ်ထိမခံနာကျင်ခံစားရတတ်ကြပါတယ်။ ငိုလည်းသတို့ရှေ့မှာပဲငိုအားငယ်လည်းသူတို့ ပေါင်ပေါ်မှာပဲမှေးစက်ရင်အားငယ် ၊ ဝမ်းနည်းတဲ့အချိန် တိုင်းသူတို့အနားမှာ ထားပြီး ဖြည့်ဆည်းပေးချင်တတ်ကြတာမျိုးပါ။ ကိုယ့်အမျိုးသားကို ကိုယ်တိုင်ကလွဲပြီးသူများ ဖြည့်ဆည်း ပံံ့ပိုးပေးတာမျိုးကို
မလိုချင်တတ်ကြပါဘူး။
သင်လည်းအပေါ်ကအချက်တွေကိုဖတ်ရင်းငါ့စိတ်လိုပါလားလို့ ခံစားရတဲ့အခါ…သေချာပါပြီ သင်သင့်အမျိုးသားကိုအတ္တကြီးစွာနဲ့ကို
သိပ်ချစ်နေမိပါပြီ…







Unicode

သင်သာမိန်းမတစ်ယောက်ဆိုရင် သင့်ချစ်သူဆီက ဒီလိုအရာမျိုးတွေကို သူများကိုပေးရမှာ အနည်းငယ်တွန့်တိုကြမှာပဲမလား….မိန်းမတိုင်းရဲ့ အကျင့်စရိုက်နဲ့ နေထိုင်မှုပုံစံ ချင်း ရပ်တည်မှုပုံစံချင်းကွာခြားနိုင်ပင်မဲ့ မိန်းမတိုင်းရဲ့ သူတို့အမျိုးသားပေါ်ထားတဲ့ အတွက်ဓာတ်ခံစိတ်တစ်ချို့ကတော့ တော်တော်များများတူနေတတ်ကြပါတယ်။ ဘယ်လောက်ပဲထူးချွန်တဲ့ မိန်းမဖြစ်ဖြစ် ဘယ်လောက်ပဲ လှပါတယ်ဆိုတဲ့မိန်းကလေးပဲဖြစ်ဖြစ်ကိုယ်သိပ်ချစ်ရတဲ့ ယောက်ျားတစ်ယောက်ရှိလာတဲ့အခါ ဒီယောက်ျားနဲ့ပတ်သတ်ပြီးသူတို့ပဲရချင်တတ်တဲ့ အတ္တကြီးခြင်းတွေရှိတယ်ဆိုတာငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါပဲ။ဆိုတော့ မိန်းမသားတစ်ယောက် သူတို့ချစ်ရသူ အမျိုးသားဆီက ဘယ်လိုအရာတွေအတ္တကြီးစွာ တစ်ကိုယ်တည်းပိုင်ဆိုင်ချင်တတ်ကြသလဲ?ကိုယ်တိုင်ရော အတ္တကြီးလောက်အောင်ထိအချစ်ကြီးမိနေပြီလား?…(၁) ဦးစားပေးခံချင်မှုမိန်းမတိုင်းလိုချင်တဲ့ အရာပါ။ သူတို့မချစ်တဲ့ယောကျာ်းတစ်ယောက်က ဦးစားပေးပြ ၊ကြင်နာပြတဲ့အခါ အပိုတွေပါဆိုပြီးခံစားတတ်ကြပင်မဲ့သူတို့သိပ်ချစ်ရတဲ့အမျိုးသားက ကြင်နာပြချစ်ပြ တစ်ခါလောက်ပဲ ဦးစားပေးပြစေဦး သူတို့မှာ တစ်လလောက်ပျော်လို့မဆုံးနိုင်ပါဘူး။သူတို့တန်ဖိုးထားတဲ့သူဆီက ရတဲ့ ဦးစားပေးမှုမလို့ ပိုမြတ်နိုးပြီး တစ်ခြားသူကို ကိုယ်နဲ့တန်းတူ ဦးစားပေးတာမျိုးလုံးဝမလိုလားကြပါဘူး။







(၂) အားကိုးချင်တဲ့စိတ်ဘယ်လောက်ပဲ Strong ဖြစ်ပါတယ်ဆိုတဲ့ မိန်းမတောင် ကိုယ်ချစ်ရသူရှေ့ ရောက်ရင် ရေဗူးတောင်ဖွင့်ရခက်သွားကြတာ သဘာဝပါပဲ။ကိုယ်က အားကိုးစရာမလိုလောက်ပဲ Strong ဖြစ်နေရင်တောင်ကိုယ့်ချစ်သူရဲ့ ဦးဆောင်တဲ့ကျောပြင်ကြီးကို နောက်ကကြည့်ပြီးပီတဖြာစွာ အားနည်းချင်ယောင်ဆောင်တတ်ကြတဲ့အမျိုးပါ။ ဒါကြောင့်လည်း ကိုယ်တစ်ယောက်တည်းသူ့ရဲ့ အားကိုးမှုကို ခံယူရတဲ့ သူဖြစ်ချင်တတ်ကြပါတယ်။(၃) ဂရုတစိုက်ဆက်ဆံခြင်းမိန်းမတိုင်းကဂရုစိုက်တာကို သေမလောက်လိုချင်တတ်ကြပါတယ်။ နေမကောင်းဘူးပြောရင် ဆေးသောက်အုံးဆိုတာ ထက် ဘာလို့ဖျားတာလဲ…ဘယ်လိုဖြစ်တာလဲ…ဆေးခန်းပြထားလား…ဘာဆေးသောက်ထားလဲ…ဘာစားချင်လဲ…ဘာလုပ်ပေးရမလဲ ဆိုတာမျိုးကို လိုချင်တတ်ကြတာမျိုးပါ။ ယောကျာ်းလေးဘက်ကတော့ ဆေးသောက်အုံးလို့ ရိုးရိုးရှင်းရှင်းေပြောလိုက်ပင်မဲ့သူတို့ ကတော့ ဒီလိုအတိုချုပ်ပြောတာဟာသူတို့ကို ဂရုမစိုက်ဘူးလို့ခံယူသွားတတ်ကြတာပါပဲ။ လူကြားထဲများဂရုစိုက်ခံရရင် မော်ကြွားလို့ကို မပြီးနိုင်ပဲပီတိဖြာတဲ့ရုပ်ကြီးနဲ့ ပြုံးစိစိဖြစ်နေတတ်တာမျိုးပါ။ သူတို့မဟုတ်တဲ့ သူတစ်ယောက်ကိုအရမ်းဂရုစိုက်ပြနေရင်မပြောရင်တောင်မတက်သာလို့ စိတ်ကြိတ်ကောက်ပြီး ဝမ်းနည်းနေတတ်တာမျိုးပါ။(၄) နှီးနှောတိုင်ပင်ခြင်း၏သူတို့ချစ်သူရဲ့ အကြောင်းအရာအားလုံး လုပ်ငန်းကိစ္စ မိသားစုကိစ္စအားလုံးကိုသူတို့ပဲသိချင်တတ်ကြပါတယ်။ သူတို့နဲ့တစ်ရေးတစ်ယူတိုင်ပင်ရင် ပီတိတွေကိုဖြစ်လို့။အရေးကြီးကိစ္စတွေဖြေရှင်းရမဲ့ကိစ္စမျိုးတွေမှာ မိန်းမတစ်ယောက်ဖြစ်တဲ့သူတို့ဆီက အကြံဉာဏ်တောင်းပြီး တူတူဖြေရှင်းရတာမျိုးကို ကြိုက်နှစ်သက်ကြတာပါ။ဒါကြောင့်လည်းသူတို့မဟုတ်တဲ့တစ်ခြားသူတစ်ယောက်နဲ့ ပိုရင်းနှီးတိုင်ပင်ပြောဆိုတာ မျိုး၊ သူများပြောမှသိရတာမျိုးကို သူတို့အပေါ်တစ်စိမ်းဆန်တယ်ထင်ပြီးမုန်းတတ်ကြပါတယ်။(၅) ဝမ်းနည်းပူဆွေးခြင်းသိပ်ချစ်တတ်ကြတဲ့မိန်းမအများစုဟာ မတက်သာလို့သူတို့ကြောင့်သာသူတို့အမျိုးသားဝမ်းနည်းပူဆွေးငိုကြွေးခဲ့ရပါစေအုံးတော့။ တစ်ခြားဘယ်သူ့ကြောင့်နဲ့မှတော့ကိုယ့်အမျိုးသားကို ဝမ်းနည်းပူဆွေးစေဖို့မလိုလားကြပါဘူး။ သူတို့ကြောင့်သာ ငိုရကြွေးရပါစေ ၊ တစ်ပါးသူကြောင့် ကိုယ့်ချစ်သူ ခံလို်က်ရတာမျိုးရှိရင်တော့ ဆတ်ဆတ်ထိမခံနာကျင်ခံစားရတတ်ကြပါတယ်။ ငိုလည်းသတို့ရှေ့မှာပဲငို အားငယ်လည်းသူတို့ ပေါင်ပေါ်မှာပဲမှေးစက်ရင် အားငယ် ၊ ဝမ်းနည်းတဲ့အချိန် တိုင်းသူတို့ အနားမှာ ထားပြီး ဖြည့်ဆည်းပေးချင်တတ်ကြတာမျိုးပါ။ ကိုယ့်အမျိုးသားကို ကိုယ်တိုင်ကလွဲပြီးသူများ ဖြည့်ဆည်း ပံံ့ပိုးပေးတာမျိုးကိုမလိုချင်တတ်ကြပါဘူး။သင်လည်းအပေါ်ကအချက်တွေကိုဖတ်ရင်းငါ့စိတ်လိုပါလားလို့ ခံစားရတဲ့အခါ…သေချာပါပြီ သင်သင့်အမျိုးသားကို အတ္တကြီးစွာနဲ့ကိုသိပ်ချစ်နေမိပါပြီ…




Some text some message..