တစ်ချို့လူတွေအတွက် ပန်းချီက စိတ်ရဲ့ပြင်းပြမှုတစ်ခုပါပဲ..အချို့အတွက်တော့ ဝါဿနာပေါ့။
သင်လည်း ငယ်ငယ်တုန်းက ပန်းချီဆွဲတာကို သင်ခဲ့ရဖူးမှာပါ။အဲ့ဒီမှာ ကိုယ်ဟာ ပန်းချီနဲ့ပတ်သတ်
ပြီးအစွမ်းစရှိ ၊ မရှိစမ်းသပ်ကြည့်နိုင်ပါတယ်။
အစွမ်းအစရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ပန်းချီဆွဲတာဟာ ဟိုဒီ လျှောက်ခြစ်နေရုံသက်သက်
မဟုတ်ပါဘူး။ ပန်းချီဆွဲခြင်းက လူတစ်ယောက်ရဲ့ဦးနှောက်ကို ဘယ်လောက်ထိတိုးတက်နိုင်လဲ
ဆိုတာ ပြောပြမယ်နော်။
စပိန် ပန်းချီဆရာကြီး Pablo Picasso ကပြောဖူးတယ် ” ပန်းချီဟာ နေ့ရက်တိုင်းကြုံတွေ့နေရတဲ့
စိတ်အညစ်ကြေးတွေကို ပြေပျောက်စေတယ်” တဲ့။ ကိုယ်တိုင်မဆွဲရင်တောင် သူများဆွဲထားတဲ့
ပန်းချီတွေကို ခံစားကြည်ရှုခြင်းဟာ တကယ်ပဲ သင့်ကိုကောင်းမွန်တဲ့စိတ်ဓာတ်အင်အားတွေ
ပေးစွမ်းနိုင်ပြီး ဦးနှောက်စွမ်းရည်ကို တိုးစေသတဲ့။ ဒါတွေဟာ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့
ဆက်စပ်နေတာပါပဲ။
ပန်းချီဟာ သင့်ရဲ့မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေတယ်…
Yale University က သုတေသီတွေရဲ့လေ့လာချက်အရ ပန်းချီဆွဲခြင်းက သင့်ရဲ့မှတ်ဉာဏ်တွေကိုပြန်အမှတ်လာရလာစေပါတယ်တဲ့။ ဒီတော့ သင်ဟာအမြဲတမ်းအရင်ကအကြောင်းရာတွေကို
မှတ်မိအောင် ကြိုးစားနေရသူလား ။ ပန်းချီဆွဲခြင်းက သင့်ကိုအကောင်းဆုံး Information တွေ
ပြန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
စိုးရိမ်ပူပန်ကြောင့်ကြမှုကို လျော့ချပေးနိုင်
သင်ဟာ စိတ်ဖိစီးမှုတွေနဲ့အရမ်းကိုရှုပ်ထွေးနေပြီဆိုရင်အကောင်းဆုံး စိတ်ထွက်ပေါက်ပေးခြင်း
က ပန်းချီဆွဲခြင်းပါပဲ။ Psychology Todayရဲ့ဖော်ပြချက်အရ နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျလွယ်
သူများအတွက် ပန်းချီးဆွဲခြင်းက Therapy တစ်ခုလိုတောင် ဖြစ်နေပါပြီ။
ပိုပျော်ရွှင်လာစေတယ်
![]()
စိုးရိမ်ပူပန်မှုတွေ မရှိတော့တဲ့ သင့်ရဲ့စိတ်ဟာ ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်လာပါလိမ့်မယ်။
အဓိက ဒါပါပဲ။ စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ်ဆွဲထားတဲ့ ပန်းချီလေးကို
ကြည့်ပြီး ကျေနပ်ပီတိဖြစ်မိမယ်။အနည်းဆုံးတော့ ငါဟာပန်းချီဆွဲနိုင်သေးတာပဲဆိုတဲ့
စိတ်နဲ့ ကိုယ့်ကိုကိုယ်အားပေးလာမယ် ။ တစ်နေ့ကို တစ်နာရီလောက်ပဲ ပန်းချီဆွဲဖို့အချိန်ပေးမယ်
ဆိုရင် သင့်ရဲ့နေ့ရက်တွေဟာအရင်ကထက် ပိုတောက်ပလာပါလိမ့်မယ်။
နောက်တစ်ချက်က ရုပ်ပိုင်းဆိုင်ရာနုပျိုလာမယ်။အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလာမယ်။ ပန်းချီဆွဲနေတဲ့အခါ
အာရုံမစိုက်လို့မရပါဘူး။ကိုယ်လိုချင်တဲ့ ရုပ်လုံးတစ်ခုပေါ်လာဖို့အတွက်အမှားမပါအောင်
သေချာအာရုံစိုက်ရပါတယ်။ ပန်းချီဆွဲခြင်းကပဲ သင့်ကိုအာရုံစူးစိုက်နိုင်စွမ်းကောင်းအောင်
သင်ပေးပါလိမ့်မယ်။
နောက်ဆုံးတစ်ခုက ဖန်တီးနိုင်စွမ်း ရှိလာပါလိမ့်မယ်။ ပန်းချီပညာဆိုတာ ဖန်တီးခြင်းအတတ်ပညာ
တစ်ခုပါပဲ။ ကိုယ့်ရဲ့စိတ်ထဲ၊ ခေါင်းထဲမှာရှိတဲ့အရာကို ပိတ်ကားချပ်ပေါ် ရေးဆွဲတင်လိုက်တယ်။
ဒါဟာ တကယ်ကိုအနုပညာမြောက်လွန်းပါတယ်။အရောင်တွေ ရောစပ်မှု ၊ ပုံမှာ ပြောပြချင်နေတဲ့
အဓိပ္ပာယ် … ဒါတွေဟာ ပန်းချီကားတစ်ချပ်ကို ကြည့်တတ်တဲ့သူဆိုရင် ခံစားလို့သိပ်ကောင်းပါ
တယ်။
အားလပ်ချိန်တွေမှာ ဘာမှလုပ်စရာမရှိရင် ပန်းချီဆွဲကြည့်ပါ။ ဘာမှမလိုပါဘူး။ ခဲတံ တချောင်း ၊
စာအုပ်တစ်အုပ်နဲ့အရင်ဆုံး စတင်ကြည့်လိုက်ပါ.. သင်ပျော်ရွှင်မှုအစစ်မှန်ကို ရှာတွေ့ပါလိမ့်မယ်။