![]()
စိတ်ဓာတ်ကျပြီး ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အခြေအနေမျိုး ဖြစ်ဖူးလား။အလုပ်သွားဖို့လည်း စိတ်မပါ၊အိမ်မှာနေတော့လည်းဘာလုပ်ရမှန်းမသိပဲ ယောင်ချာချာ ဖြစ်နေတဲ့အချိန်တွေလေ။
သင့်အနေနဲ့အဲဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီဆိုရင်အချိန်ခဏလေးအတွင်းမှာ သင့်ကိုယ်သင် ပြန်ပြီး စိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့ ဒီနည်းလမ်းလေးတွေကိုအသုံးပြုလိုက်ပါ။ ပြန်ပြီးအဆင်ပြေသွားဖို့ မျှော်လင့်ပါတယ်နော်။
(၁)။ သင်လုပ်စရာရှိတဲ့ ကိစ္စတစ်ခုခုအကြောင်း စဉ်းစားလိုက်ပါ
သင့်မှာ ဘာမှ လုပ်ချင်စိတ် မရှိတော့ဘူးလို့ ခံစားနေရပြီဆိုရင် သင်လုပ်စရာရှိတဲ့ ကိစ္စတစ်ခုခုအကြောင်း စဉ်းစားလိုက်ပါ။ သင့်ရဲ့အထက်လူကြီးက ပေးထားတဲ့ တာဝန်တစ်ခုပဲဖြစ်ဖြစ်။ သင့်ရဲ့အိမ်အတွက် လုပ်ပေးရမယ့်အလုပ်တစ်ခုခုပဲဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုး စဉ်းစားလိုက်တာကနေ သင့်ရဲ့စိတ်ထဲမှာ ငါအလုပ်တစ်ခု လုပ်ရဦးမှာပါလားဆိုတဲ့အသိ ဝင်သွားမှာဖြစ်ပြီး သင့်ရဲ့ပျင်းရိမှုတွေကိုလည်း လျော့ကျသွားစေမှာပါ။
![]()
nd3000/Shutterstock
(၂)။ သင်ပျော်မယ်ထင်တဲ့ကိစ္စလေးတွေ ထပြီးလုပ်ပါ
ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ နေ့လည်စာချက်တာ၊ ဒါမှမဟုတ်အွန်လိုင်းကနေ စစ်တုရင်ထိုးတာ စသဖြင့် သင့်အနေနဲ့ လုပ်ရတာပျော်မယ်ထင်တဲ့ ကိစ္စလေးတွေကို လုပ်ကြည့်လိုက်ပါ။ ဒါက သင့်ရဲ့ ငြီးငွေ့မှုတွေ၊ စိတ်ဓာတ်ကျနေမှုတွေကို လျော့ပါးသွားစေပြီး သင့်ရဲ့စိတ်ကို ပြန်လည်တက်ကြွလာစေပါလိမ့်မယ်။
(၃)။ သင့်ကိုယ်သင်ဆုပေးဖို့ စဉ်းစားပါ
ဒီအလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်ပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ်ဆုတစ်ခုလောက် ပေးမယ်ဆိုပြီး စဉ်းစားပါ။အဝတ်အစားတစ်ခုခု သွားဝယ်လိုက်တာမျိုး၊ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ သွားစားလိုက်တာမျိုး၊အလားတူ မက်လုံးမျိုးကို ကိုယ့်ဘာသာ ပြန်ပေးခြင်းကအလုပ် လုပ်ဖို့ တွန်းအားပေးသလို ဖြစ်လာနိုင်စေပါတယ်။
![]()
G-Stock Studio/Shutterstock
(၄)။ ဘာမဆိုလုပ်နိုင်တယ်လို့ ကိုယ့်ဘာသာကိုယ်ပြောပါ
ငါဟာ ဘာမဆိုလုပ်နိုင်တာပဲ၊ ငါမလုပ်နိုင်တာ ဘာမှမရှိဘူး လို့ ကိုယ့်ကိုယ်ကိုယ်ပြောနေခြင်းက သင့်ကို ပြန်ပြီး စိတ်ဓာတ်တက်ကြွလာစေပါလိမ့်မယ်။ ဒီလိုအားပေးစကားက သင့်ရဲ့အလုပ်လုပ်ချင်စိတ်ကို ပြန်လည်ရှင်သန်လာစေမှာပါ။
(၅)။ သင့်ရဲ့အနာဂတ်ရည်မှန်းချက်အကြောင်း စဉ်းစားပါ
အနာဂတ်မှာ သင်ဘာဖြစ်ချင်တယ်ဆိုတာကို ပြန်ပြီး စဉ်းစားလိုက်တာက သင့်ရဲ့စိတ်ကို ပြန်ပြီး တွန်းအားပေးလိုက်သလိုပါပဲ။ သင့်အနေနဲ့အနာဂတ်မှာဖြစ်ချင်တာက လုပ်ငန်းရှင်ကြီးတစ်ယောက် ဆိုပေမယ့် သင့်မှာအလုပ်လုပ်ချင်စိတ်မရှိဘူးဆိုရင် ဘာမှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ လုပ်ငန်းရှင်ကြီးဖြစ်ဖို့ဆိုရင်အလုပ်လုပ်ဖို့ ပျင်းနေလို့မရဘူးလေ။ သင့်ရဲ့အနာဂတ်ရည်မှန်းချက်အကြောင်း စဉ်းစားလိုက်တာကလည်း သင့်ရဲ့အလုပ်လုပ်ချင်စိတ်အတွက် တွန်းအားတစ်ခု ဖြစ်လာပါလိမ့်မယ်။
![]()
Stokkete/Shutterstock
Linn
Source : Wikihow