သင့်ကိုယ်သင် ကံမကောင်းဘူးလို့ထင်ရင် ဒီအချက်(၅)ချက်ကို လုပ်ကြည့်လိုက်ပါ
shwemom.com
|
2019-07-09

သင်က သူများတွေနဲ့ ယှဉ်လိုက်ရင် ကံဆိုးတဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေမိတာလား။ ဒါမှမဟုတ်ရင် သင့်ရဲ့ကံဆိုးမှုကို သေသေချာချာ ခံစားမိပြီး ငါဟာတကယ်ကံဆိုးတာပါလား လို့ လက်ခံထားတဲ့သူလား။ ဘာပဲဖြစ်ဖြစ် သင့်ကိုယ်သင် ကံမကောင်းဘူးလို့ ခံစားရပြီဆိုရင် ဒီအချက်(၅)ချက်ကို လုပ်ကြည့်လိုက်ပါ။ သင့်ကိုယ်သင် ယုံကြည်မှုတွေ ပြန်ရလာပြီး ကံကောင်းလာတော့မယ်လို့ ခံစားရစေမှာအမှန်ပါပဲ။

(၁)။ ဆုတောင်းပါ

ဆုတောင်းတယ်ဆိုတာ ဘာသာပေါင်းစုံက ကိုးကွယ်သူတွေ လုပ်လေ့လုပ်ထ ရှိတဲ့အလုပ်မို့လို့အကျယ်တဝင့် ပြောဖို့လိုမယ်တောင် မထင်ပါဘူး။ ကံမကောင်းဘူးလို့ ထင်နေတယ်မို့လား။အဲဒါဆို ဆုတောင်းပေါ့။ ဆုတောင်းပြည့်တာပဲဖြစ်ဖြစ် မပြည့်တာပဲဖြစ်ဖြစ် ဆုတောင်းလိုက်ပြီဆိုကတည်းက မကောင်းတဲ့ကံတွေ ပျောက်သွားတော့မယ်လို့ ယုံကြည်စိတ်တစ်ဝက်ဝင်လာမှာအသေအချာပါပဲ။


MIA Studio/Shutterstock

(၂)။ လှူပါ

ကိုယ်က ကံမကောင်းဘူးလို့ ထင်တဲ့အခါ တစ်ယောက်ယောက်ကိုအလှူအတန်း ပြုလိုက်ရတာမျိုးက ကိုယ့်ရဲ့စိတ်ကိုအထောက်အပံ့ဖြစ်စေပါတယ်။ သင် ကံဆိုးပြီးအိမ်ပြန်လာတဲ့အခါ လမ်းမှာ ပိုက်ဆံတောင်းတဲ့သူကို ထမင်းတစ်နပ်စားဖို့လောက်တဲ့ ပိုက်ဆံမျိုး လှူလိုက်တာမျိုးက သင့်စိတ်ကိုအပြောင်းအလဲ ဖြစ်သွားစေမှာဖြစ်ပြီး ဒီလိုလှူလိုက်ရတာကြောင့် ကံတွေ ပြန်ကောင်းချင်ကောင်းလာမှာ လို့ ယုံကြည်မိသွားမှာပါ။


ITTIGallery/Shutterstock

(၃)။ ကံဆိုးနေတဲ့ ကဏ္ဍတွေကို သေချာခွဲခြမ်းစိတ်ဖြာပါ

သင်က ဘယ်နေရာမှာ ကံဆိုးနေတာလဲ။အချစ်ရေးမှာလား၊ ပညာရေးမှာလား၊ ပိုက်ဆံရှာတဲ့နေရာမှာလား။ ကိုယ့်ရဲ့ကံဆိုးတဲ့နေရာကို သေချာသိရင်အဲဒီနေရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တာမျိုး လုပ်ထားလို့ရပါတယ်။ သင်ကအချစ်ရေးမှာ ကံဆိုးပြီး ရည်းစားတစ်ယောက်မှ မရဖူးဘူး။ ဟုတ်ပါပြီ။ ဒီလိုဆိုရင် သင့်ကိုသင် ပိုပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင်လုပ်ရမယ်၊ ပိုပြီး စမတ်ကျအောင်နေရမယ်၊အစရှိတဲ့ ပြင်ဆင်မှုတွေကနေလည်း သင်က ကံဆိုးတာကို တိုက်ဖျက်ပစ်လို့ရတယ်။

(၄)။ ကိုယ့်ထက်ဆိုးတဲ့သူတွေ ရှှိဦးမှာပါလို့တွေးပါ

ကိုယ့်ကိုယ်ကိုယ် ကံဆိုးလှပြီလို့ ထင်နေမိတဲ့အချိန် ကိုယ့်ထက်ဆိုးတဲ့သူတွေလည်း ရှိဦးမှာပါ ဆိုတဲ့အတွေးက သင့်ကို စိတ်ချမ်းသာစေမှာအမှန်ပါ။ တကယ်လည်း ဟုတ်ပါတယ်။ နေရာတိုင်းမှာ သင့်ထက်အခြေအနေဆိုးတဲ့သူတွေ တပုံကြီးရှိပါသေးတယ်။အဲဒီကံဆိုးမှုတွေကနေ သူတို့လည်း ရုန်းထွက်နိုင်ခဲ့မှာပဲ။ သင်လည်း ဘာလို့ ရုန်းမထွက်နိုင်ရမှာလဲ။

(၅)။ သင့်ရဲ့စိတ်ကိုပြောင်းလဲဖို့ကြိုးစားပါ

သင်က ကံဆိုးလွန်းတယ်ဆိုပြီး ညီးညူနေမယ့်အစား သင့်ရဲ့စိတ်ကိုပြောင်းပြီး ဒါကိုမဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်မျိုးထားကြည့်လိုက်ပါလား။ တကယ်တမ်းသာအဲဒီစိတ်မျိုးထားနိုင်ရင် သင်ဟာ ရေရှည်ကြီး ကံဆိုးနေတဲ့သူမဟုတ်ဘူးဆိုတာ သင့်ကိုယ်သင် သိရှိလာပါလိမ့်မယ်။ သင်ဟာ တကယ်ကံဆိုးနေတာမဟုတ်ပဲ လုပ်ပုံလုပ်နည်းလေး နည်းနည်းလွဲနေတာလည်း ဖြစ်နိုင်တာမို့ သင့်ရဲ့စိတ်ကို မာကျောနေအောင်ထားပြီးအရှုံးမပေးပဲ ကြိုးစားကြည့်လိုက်ပါ။


Dean Drobot/Shutterstock

(၅)။မဖြစ်စလောက်ပမာဏလေးတွေနဲ့အလောင်းအစားလုပ်ပါ

သင်က ကံဆိုးနေတယ်လို့ သင့်ကိုယ်သင်ထင်တယ်မို့လား။ တစ်ခုခုဆိုအလောင်းအစားသာ လုပ်ကြည့်။ ဥပမာ ဒီညကန်မယ့်ပွဲကို လက်ဖက်ရည်ကြေးလောင်းမယ်ဆိုတာမျိုး။ သေချာတယ်။ သင်ဘယ်လောက်ကံဆိုးတယ်ပြောပြောအမြဲတမ်းတော့ ရှုံးနေမှာမဟုတ်ဘူး။ ဒီတော့ နိုင်တဲ့အချိန်လေးမှာ ငါ ကံဆိုးတယ်ဆိုတာ တကယ်တော့မဟုတ်ပါလား လို့ ပြန်တွေးမိစေမှာဖြစ်ပြီး သင့်ကိုယ်သင် ယုံကြည်မှုတွေ တိုးလာစေမှာပါ။

Linn

 

 




Some text some message..