ရာသီခွင်အလိုက်အချစ်ရေးအပိုင်း(၂)
weddingguide.com.mm
|
2019-07-11

ကန် ရာသီဖွား၊ တူ ရာသီဖွား၊ ဗြိစ္ဆာ ရာသီဖွား နဲ့ ဓနု ရာသီဖွား တို့ရဲ့အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေအကြောင်း ပြောပြထားပါတယ်။


Virgo ( ကန်ရာသီဖွား ) – သြဂုတ်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ



ဒီရက်ပိုင်းတွေမှာ မွေးဖွားတဲ့ ကန်ရာသီဖွား တွေကတော့ စိတ်နှလုံးအလွန် နူးညံ့ပြီးအားငယ်တတ်သူတွေပါ။



ဒါ့ကြောင့် သူတို့ချစ်ရသူနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြမှုတွေလည်းအမြဲလိုလို ရှိနေတတ်ပါတယ်။



ချစ်သူက သူတို့ကို စိတ်ဆိုးသွားမှာ၊ ချစ်သူက သူတို့ကို မချစ်တော့မှာ မမြဲ စိုးရိမ်တတ်ကြပါတယ်။



သူတို့ကို စိတ်လုံခြုံမှု ပေးနိုင်ပြီးအရာရာ ခွင့်လွှတ်နားလည်ပေးတတ်တဲ့ ချစ်သူမျိုးကို လိုချင်ကြပါတယ်။


Libra ( တူ ရာသီဖွား ) – စက်တင်ဘာ ၂၃ ရက်ကနေအောက်တိုဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ


သူတို့တွေကတော့ ချစ်သူအပေါ်မှာ တစ်ခု ပေးဆပ်ထားရင် တစ်ခု ပြန်ရချင်တဲ့ စိတ်မျိုး ရှိကြပါတယ်။



အပေးအယူသဘော၊အရှုံးအမြတ် တွက်တဲ့ သဘောမျိုးတော့ မဟုတ်ပေမယ့် ကိုယ်က ဂရုစိုက်ပေးတယ် ဆိုရင် ကိုယ့်ကိုယ်လည်း


ထပ်တူ ပြန်ဂရုစိုက်ပေးတာမျိုး၊ ချစ်သူအတွက် လိုအပ်တဲ့ တစ်စုံတစ်ခုကို ဖြည့်ဆည်းပေးပြီးရင် သူတို့အတွက်



လိုအပ်တဲ့ တစ်စုံတစ်ရာကိုလည်း ချစ်သူက ပြန်ပြီး ဖြည့်ဆည်းပေးတာမျိုးကိုလိုလားကြသူတွေပါ။



Scorpio ( ဗြိစ္ဆာ ရာသီဖွား )အောက်တိုဘာလ ၂၃ ရက်ကနေ နိုဝင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ



ဗြိစ္ဆာရာသီဖွားတွေ ကတော့ သိပ်ကိုအချစ်ကြီးကြတဲ့ သူတွေပါ။ ချစ်သူကို ကလေးငယ်လေးလို တစိမ့်စိမ့်စောင့်ကြည့်ပြီး



လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးတတ်ကြသလို၊ ကိုယ့်ချစ်သူရဲ့ ထူးချွန်မှုတွေ၊အောင်မြင်မှုတွေကိုဆိုအသေးအဖွဲ့လေးကစလို့



အသိအမှတ်ပြုပေး၊ ထုတ်ဖော်ချီးကျူးပေးပြီး ဂုဏ်ယူတတ်တဲ့ စရိုက်သဘာဝ ရှိပါတယ်။ ချစ်သူကိုလည်း မောင်နှမသားချင်းလို သူငယ်ချင်းလို



ရင်းရင်းနှီးနှီး ဆက်ဆံတတ်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်တတ်ကြပါတယ်။


Sagittarius (ဓနု ရာသီဖွား ) – နိုဝင်ဘာလ ၂၂ ရက် – ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ



ဓနုရာသီဖွားတွေကတော့အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်ကအရမ်းကို ထိလွယ်ခိုက်လွယ် တတ်သူတွေပါ။



သေးသေးမွှားမွှားလေးကိုက ကြီးကြီးမားမား ခံစားလေ့ရှိပြီးအချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုလည်းအရမ်းကိုအလေးအနက်ထားပါတယ်။



ချစ်သူ့အတွက်ဆို ဘာမဆို ရင်ဆိုင်ဖို့အသင့်ရှိနေသူတွေလည်း ဖြစ်ပါတယ်တဲ့။ သူတို့ရဲ့အကဲဆတ်တဲ့အချစ်စိတ်ခံစားချက်အပေါ်မှာ နားလည်မှု ပေးနိုင်တဲ့ ချစ်သူမျိုးကို သဘောကျတတ်ပါတယ်။

Source-Marry

Myanmar Wedding Guide



Some text some message..