![]()
“သူငယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူတွေစပြောခဲ့လဲ” ဆိုတဲ့ သီချင်းစာသားကို ကြားဖူးကြတယ်မဟုတ်လား။အဲဒီတုန်းကတော့ သူငယ်ချင်းပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် မသိဘူး ရည်းစားထားမယ်ဆိုတဲ့သူတွေတောင် ရှိကြသေးတယ်လေ။ တကယ်တော့ သူငယ်ချင်းကနေ ချစ်သူအဖြစ်ကို ပြောင်းလဲသွားတယ်ဆိုတာက ကောင်းတာတွေရှိသလို၊ ဆိုးတာတွေလည်းရှိပါတယ်။အခုတလော စိတ်ခံစားမှုကအဆိုးဖက်မှာဆိုတော့ ကောင်းတဲ့အကြောင်းတွေမပြောပဲ ဆိုးတဲ့အကြောင်းတွေ ပြောပြမယ်။
(၁)။ ကိုယ့်ခြေလှမ်းတွေကို သိနေတယ်
သူငယ်ချင်းဘဝမှာကတည်းက သင်က ဘယ်လိုလူလဲဆိုတာ သူသိပြီးနေပါပြီ။ ဒီတော့ သူမသိပဲ မဟုတ်တာတွေလုပ်ဖို့လွယ်မှာမဟုတ်ဘူး။ သင်က စကားလေးတစ်ခွန်းလောက် စလိုက်တာနဲ့အဲဒီ စကားက ဘာကိုရည်ရွယ်နေသလဲဆိုတာ သူသိမှာ ဖြစ်လို့ သင့်အနေနဲ့ လွယ်မှာတော့မဟုတ်ဘူး။
![]()
Dmytro Voinalovych/Shutterstock
(၂)။ ကိုယ့်ကို လေးလေးစားစား မဆက်ဆံဘူး
ချစ်သူတစ်ယောက်အနေနဲ့ လေးစားမှုကိုတော့ သူ့ဆီက ရမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းဘဝမှာကတည်းက ဟေးလားဝါးလား တွေ လုပ်လာခဲ့တာဆိုတော့ သူက သင့်ကို ချစ်သူဘဝမှာ လေးစားလိမ့်မယ်လို့တော့ သိပ်ပြီးမျှော်လင့်မထားပါနဲ့။
(၃)။ ရိုမန်းတစ်ဆန်ဆန်တွေ သိပ်လုပ်လို့မရဘူး
သင်ဟာ ရိုမန်းတစ်ဆန်တဲ့သူတစ်ယောက် မဟုတ်ကြောင်း သူငယ်ချင်းဘဝမှာကတည်းက သူသိထားတယ်ဆိုရင် သူနဲ့ချစ်သူဖြစ်တဲ့အခါ ရိုမန်းတစ် ဆန်တာတွေ သိပ်လုပ်လို့ရမှာမဟုတ်ပါဘူး။ သင်က လုံးဝကို ရိုမန်းတစ်ဆန်ချင်ရင်တောင်မှ သူကအပိုတွေလုပ်တယ်လို့ပဲ ထင်နေမှာဖြစ်ပြီး သင့်အနေနဲ့ သိပ်ပျော်ရမယ်မထင်ဘူး။
![]()
Prostock-studio/Shutterstock
(၄)။ သူငယ်ချင်းကောင်းတစ်ယောက်ကိုအချိန်မရွေးဆုံးရှုံးရနိုင်တယ်
သူငယ်ချင်းဘဝတုန်းကတော့ သူနဲ့ လုံးဝကို သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နေနိုင်ပေမယ့် ချစ်သူဘဝကိုရောက်တဲ့အချိန်မှာတော့အဲဒါတွေအားလုံး ဆုံးရှုံံးသွားနိုင်ပါတယ်။ သူငယ်ချင်းတွေဆိုတာ ရန်ဖြစ်ရင် ပြန်ခေါ်နိုင်ကြသေးပေမယ့် ချစ်သူတွေ ဆိုတာကတော့ လမ်းခွဲပြီးသွားရင်အရင်အတိုင်း ပြန်ဖြစ်ဖို့မလွယ်ပါဘူး။ ဒီတော့ သင့်ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ကိုအချိန်မရွေးဆုံးရှုံးသွားရနိုင်တာမျိုးလို့ ပြောလို့ရတာပေါ့။
(၅)။ ပြီးခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ညာလို့မရဘူး
သင့်ရဲ့အတိတ်က ရည်းစားဟောင်းတွေအကြောင်း၊ သင်ရှာခဲ့တဲ့ ပြဿနာတွေအကြောင်းကို သူက သေချာပေါက် သိနေမှာမို့ ပြီးခဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့ကို သင်ညာလို့ရမှာမဟုတ်ဘူး။ တစ်ခါတစ်လေ သင်တို့နှစ်ယောက် စကားများ ရန်ဖြစ်ကြပြီဆိုရင်အတိတ်ကအကြောင်းတွေကို ထောက်ပြပြီး သင့်ကို စကားနာထိုးတာမျိုးတောင်အလုပ်ခံရနိုင်ပါသေးတယ်နော်…။
![]()
4 PM production/Shutterstock
Linn