စိတ်အတက်အကျမြန် ရောဂါရှင်တွေနဲ့ လိင်ကျန်းမာရေး
hellosayarwon.com
|
2019-07-17


လိင်မှုဘ၀ သာယာခြင်းဆိုတာ စိတ်၊ ခန္ဓာကျန်းမာရေးနဲ့ ဆက်စပ်မှုအများကြီးရှိတယ်ဆိုတာ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ လူက စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေမှ သာယာပျော်ရွှင်ဖွယ်

လိင်မှုဘဝ ကို ပိုင်ဆိုင်ရမှာပေါ့။ ဒီနေ့ဆောင်းပါးလေးကတော့

စိတ်အတက်အကျမြန်ရောဂါရှင်ေ တွမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder)
ကမ္ဘာတစ်ဝှမ်းမှာအဖြစ်များတဲ့

စိတ်ကျန်းမာရေးြ ပဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ များသောအားဖြင့်အသက် ၂၅ နှစ်အရွယ်မှာ ရောဂါအစပျိုးလာတတ်ကြပါတယ်။ သူ့ရဲ့ နာမည်လိုပါပဲ၊ စိတ်ဓာတ်ဟာအမြင့်ဆုံးထိရောက်အောင် ထိုးတက်သွားလိုက်၊အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားလိုက်နဲ့ စိတ်အပြောင်းအလဲအဖြစ်မြန်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါမှာ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့အဆင့်ဆိုပြီး စုစုပေါင်း ၃ဆင့် ရှိပါတယ်။အဆင့်တစ်ခုစီတိုင်းမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

၁။ စိတ်ဓာတ်တက်ကြွခြင်းအဆင့် ၁ (Mania)
စိတ်အတက်အကျမြန်ရောဂါ ရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာအရအရမ်းတက်ကြွနေမယ်၊ စိတ်လှုပ်ရှားနေမယ်၊ စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊အရာရာကိုအားရပြီး စိတ်တိုင်းကျ ကျေနပ်နေမယ်။ ပြောရမယ်ဆိုရင်တော့ စိတ်အခြေအနေအမြင့်ဆုံးထိ ရောက်တဲ့အဆင့်ပါပဲ။ ဒီအဆင့်မှာ စိတ်လွတ်လက်လွတ် ပိုက်ဆံကို သုံးဖြုန်းတာ၊

အကာအကွယ် မပါပဲ လိင်ဆက်ဆံတာ၊

မူးယစ်ဆေးဝါး သုံးစွဲတာ၊အလွန်အမင်း မြူးကြွလန်းဆန်းနေတာ၊ ပုံမှန်မဟုတ်ပဲ စကားအရမ်းပြောတာ၊အတွေးမြန်တာ၊

အိပ်ချိန်စိတ် သိပ်ပြီးမဖြစ်တာ၊အာရုံမစူးစိုက်နိုင်တာအစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။ စိတ်အလွန်အကျွံတက်ကြွခြင်းကြောင့် လုပ်ငန်းခွင်၊ ကျောင်းနဲ့ လူမှုရေးမှာ ပြဿနာတွေ မကြာခဏ ဖြစ်လာနိုင်ပါတယ်။

၂။ စိတ်ဓာတ်တက်ကြွခြင်းအဆင့် ၂ (Hypomania)
အဆင့် ၁ မှာ ဖြစ်ခဲ့တဲ့ လက္ခဏာတွေ ပြန်ဖြစ်ပြီး သိပ်မပြင်းထန်တဲ့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ၊အခက်အခဲ ပြဿနာတွေကို သိပ်ပြီး ကြုံတွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း စိတ်အခြေအနေက ရုတ်တရက် တက်ကြွလာတာကို ကိုယ်တိုင်ရော ဘေးလူတွေပါ သတိထားမိမှာဖြစ်ပါတယ်။

၃။ စိတ်ဓာတ်ကျခြင်းအဆင့် (Depression)
ဒီအဆင့်မှာ စိတ်ဓာတ်ဟာအောက်ဆုံးအခြေအနေထိ ထိုးဆင်းသွားတတ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

စိတ်ကျရောဂါရှင်ေ တွမှာ တွေ့ရတတ်တဲ့ ဝမ်းနည်းပူဆွေးခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊အရာရာအမှောင်ပကတိ ဖုံးသွားသလို၊ ဘဝကြီးဟာအဓိပါ္ပယ်မရှိတော့သလို လက္ခဏာတွေ တွေ့ရပါတယ်။အရာရာကို လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းမယ်။ ကိုယ့်အတွက်

ပျော်ရွှင်မှု ကို ရရှိခဲ့တဲ့၊ ကိုယ့်ဝါသနာပါတဲ့အလုပ်တွေကို စိတ်ဝင်စားမှု ပျောက်သွားမယ်။ မျက်စိကြောင်ပြီးအိပ်မပျော်တော့တာ၊ ဒါမှမဟုတ်အကြာကြီးအိပ်ပစ်လိုက်တာမျိုး၊အစား စားချင်စိတ်မရှိတာ၊အစားအရမ်းစားလိုက်တာ၊ မောပန်းလွယ်တာ၊အားမရှိတဲ့ ပုံပေါက်တာ၊ ဘယ်နေရာမှာမှအသုံးမဝင်ဘူးလို့ ခံစားရတာ၊ မလိုအပ်ပဲအပြစ်ရှိတယ်လို့ ခံစားရတာ၊ ကိုယ့်ဘဝကိုအပြစ်တင်တာ၊

အာရုံစူးစိုက်နိုင်ခြင်း မရှိတာ၊ ဘာကိုမှ သေချာမတွေးတောနိုင်တာအပြင် ကိုယ့်ကိုယ်ကိုယ် 

သတ်သေ ဖို့ တွေးတာ၊ ကြံစည်တာ၊ လက်တွေ့ပြုမူတာအစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

စိတ်အပြောင်းအလဲ ဖြစ်ဖို့အချိန်ဘယ်လောက် ကြာနိုင်လဲ။
စိတ်ဓာတ်ကျတဲ့အဆင့်မှာအနည်းဆုံး ၂ပတ်ခန့် ကြာတတ်ပါတယ်။ စိတ်အခြေအနေအမြင့်ဆုံးထိ တက်ကြွနေပြီဆိုရင်လည်း ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါတယ်။ တစ်နှစ်ကိုအကြိမ်ပေါင်းများစွာ စိတ်အပြောင်းအလဲ မြန်တဲ့ ပြဿနာ ကြုံတွေ့ရတတ်ပြီး တစ်ခါတလေမှ လက္ခဏာပြတတ်တဲ့အခြေအနေမျိုးတွေလည်း ရှိပါတယ်။

စိတ်အတက်အကျ ဖြစ်ခြင်းဟာ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုုင်လဲ။
အထက်မှာ ပြောခဲ့သလိုပါပဲ။ စိတ်ကျန်းမာရေးနဲ့ လိင်မှုဘဝဆိုတာ ဆက်စပ်မှုရှိနေတဲ့အရာတွေဖြစ်ပါတယ်။အထူးသဖြင့် စိတ်ဓာတ်က တက်လိုက်၊ ကျလိုက်ဖြစ်နေတဲ့သူတွေမှာ ပိုပြီးတောင်

လိင်စိတ်ဆန ္ဒ ပြောင်းလဲမှုတွေ ကြုံလာနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ စိတ်ဓာတ်တက်ကြွနေတဲ့အဆင့် Mania နဲ့ Hypomania မှာ
လိင်စိတ်ထကြွသောင်းကျန်းပေမဲ့ လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားချိန်မှာတောင် စိတ်ကျေနပ်မှုကို မခံစားမိတာ
သူစိမ်းတွေအပြင် လူပေါင်းများစွာနဲ့ လိင်ဆက်ဆံခြင်းပြုလိုစိတ် ဖြစ်လာတာ

တစ်ကိုယ်ရေအာသာဖြေခြင် းကိုအလွန်အကျွံလုပ်တာ
ကိုယ့်အိမ်ထောင်၊ ချစ်သူနဲ့ မဟုတ်ဘဲ တခြားသူတွေနဲ့ ဖောက်ပြန်မှု ကျူးလွန်တာ
ပုံမှန်မဟုတ်တဲ့ လိင်ဆက်ဆံခြင်းအပြုအမူတွေ လုပ်တာ

အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံတာ၊အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်း ပြုကျင့်တာ
အပြာရုပ်ရှင်ထဲကအတိုင်း ကြမ်းတမ်းစွာ လိင်ဆက်ဆံမှု ပြုတာ
အတွေးထဲမှာ ကာမကိစ္စပဲအချိန်ပြည့် ဝင်နေပြီး တခြားဘယ်လိုအရာကိုမှ စဉ်းစားလို့၊အာရုံစိုက်လို့ မရတော့တာအစရှိတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ စိတ်အတက်အကျမြန်တဲ့သူတွေမှာ တွေ့ရတတ်တဲ့ လိင်စိတ်ထကြွသောင်းကျန်းခြင်း လက္ခဏာတွေဟာ ဝေဒနာရှင်တွေကိုရော မိသားစု၊ ချစ်သူ၊အိမ်ထောင်ဖက်ကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ လိင်စိတ်ဆာလောင်မှုကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်ကိုပါ သစ္စာဖောက်လိုတဲ့ စိတ်တွေ ပေါ်လာတယ်။ စိတ်အတက်အကျမြန်ရောဂါ ရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေမှာလည်း ကိုယ်နဲ့ သက်တူရွယ်တူတွေအပြင် တခြားလူကြီးတွေကိုအလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်ခြင်း၊ စော်ကားခြင်း၊ ဆဲဆိုခြင်းပြုတာတွေ လုပ်တတ်ပါတယ်။

စိတ်ဓာတ်ကျခြင်းအဆင့် (Depression) မှာတော့အပေါ်မှာ တွေ့ရတဲ့ လက္ခဏာတွေနဲ့ လုံးဝဆန့်ကျင်ဘက်အခြေအနေ၊ ဘာမှမဆိုင်တော့တဲ့ လူတစ်ယောက်လို စိတ်ခံစားမှုတွေ ပြောင်းသွားနိုင်ပါတယ်။ လိင်စိတ်ဆန္ဒ နည်းသွားတာ၊ လိင်ဆက်ဆံလိုစိတ်မရှိတော့တဲ့အခြေအနေကို ရောက်သွားမယ်။ ကိုယ့်ရဲ့ လက်တွဲဖော်အနေနဲ့လည်း ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အခြေအနေကို နားလည်လက်ခံနိုင်ခြင်း မရှိတဲ့အခါ သူတို့အတွက် စိတ်ရှုပ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ မနှစ်မြို့စရာတွေကို ခံစားရနိုင်ပါတယ်။

စိတ်အတက်အကျမြန်ရောဂါအတွက် ဘယ်လိုဖြေရှင်းမလဲ။
၁။အရင်ဆုံး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ လက္ခဏာကို သိနားလည်ထားရပါမယ်။ ကိုယ့်မှာ ဒီစိတ်ရောဂါ ရှိနေတာ သေချာတယ်၊ လက္ခဏာတွေကို မကြာခဏ တွေ့ရတတ်တယ်ဆိုရင် စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ပြသဖို့အရေးကြီးပါတယ်။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုလည်း ကိုယ့်ရဲ့အိမ်ထောင်ဖက်၊ ချစ်သူကို ဖွင့်ပြောပြထားဖို့ လိုပါတယ်။ ၂။ ကိုယ့်ရဲ့ ဘဝနေထိုင်မှုပုံစံ၊ မကောင်းတဲ့အကျင့်တွေကြောင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတာဆိုရင် ဒီအကျင့်တွေကိုအမြန်ဆုံး ပြုပြင်ပြောင်းလဲရပါမယ်။ ၃။ စိတ်ကုထုံးအပြင် လိုအပ်ရင် ဆေးဝါးအကူအညီကိုပါ ယူထားသင့်ပါတယ်။ ကိုယ့်မှာ တခြားကျန်းမာရေးပြဿနာတွေ ရှိရင်၊ သောက်နေတဲ့ ဆေးဝါးတွေ ရှိရင် ဆရာဝန်ကိုအရင်ဆုံးပြောပြပြီး ကိုယ်နဲ့ ကိုက်ညီမှုရှိမယ့် ဆေးဝါးတွေကို ညွှန်းခိုင်းလို့ ရပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာ၊ ဆေးပြောင်းသောက်တာမျိုး မလုပ်သင့်ပါဘူး။ ၄။ စိတ်ကျန်းမာရေးဆိုတာ ပေါ့ဆလို့ ရတဲ့အရာမဟုတ်ပါဘူး။ စိတ်ကြောင့်ပဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ လိင်မှုဘဝကို ထိခိုက်စေနိုင်သလို မလိုလားအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။ ၅။ ကိုယ်ကတော့ စိတ်ထိန်းရင် ရမှာပါလို့ တွေးထားပေမဲ့ စိတ်ရောဂါဆိုတာ ထင်ထားသလောက် ထိန်းချုပ်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့်အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကုသမှုခံယူဖို့နဲ့ ကိုယ့်ရဲ့အခြေအနေကို သေချာဖွင့်ပြောပြထားဖို့ လိုအပ်တယ်ဆိုတာကို သိထားရပါမယ်။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..