အရပ်ပုပုကောင်မလေးတွေကို ယောကျ်ားလေးတွေပိုပြီးသဘောကျနှစ်သက်ရတဲ့အကြောင်းရင်း…
trend.com.mm
|
2018-10-31

ယောကျ်ားလေးတွေက သူတို့နဲ့အရပ်ရွယ်တူရှိတဲ့မိန်းကလေးတွေ၊သူတို့ထက်အရပ်ရှည်တဲ့မိန်းကလေးတွေထက်အရပ်ပုပုကောင်မလေးတွေကိုသာပိုပြီးသဘောကျရွေးချယ်ကြပါသတဲ့။လေ့လာဆန်းစစ်ချက်တွေအရ ယောကျ်ားလေးတွေဟာအရပ်ပုပု Cuttie လေးတွေကို ဒီလိုအကြောင်းကြောင်းတွေကြောင့် ပိုပြီးသဘောကျနှစ်သက်ကြတာလို့သိရပါတယ်။








*ယောကျာ်းလေးတွေဟာအရပ်ပုပုကောင်မလေးတွေကိုရင်ခွင်ထဲထွေးပွေ့ထားရတာသဘောကျကြတယ်
သူတို့ရဲ့စိတ်အခံကိုကအရပ်ရှည်ရှည်မိန်းကလေးတွေကို ပွေ့ဖက်ရတာထက်အရပ်ပုပုသေးသေးကွေးကွေးမိန်းကလေးတွေကို ပွေ့ဖက်ရတာပိုပြီးသဘောကျကြတာပါ။ပြီးတော့ ကိုယ်အလေးချိန်ကလည်းကွာဟတဲ့အတွက် သူတို့ရဲ့ ချစ်သူမိန်းကလေးကိုပွေ့ချီမြှောက်နိုင်တဲ့အချိန်ဆို ယောကျ်ားလေးတွေက သူတို့ကိုယ်သူတို့လူစွမ်းကောင်းလို့ ခံစားမိကြပါသေးတယ်တဲ့။


*လူမှုအသိုင်းအဝိုင်းရဲ့ရွေးချယ်မှုကြောင့်
များသောအားဖြင့် ယောကျာ်းလေးကအရပ်ရှည်ရမယ်။ချစ်သူမိန်းကလေးက သူတို့ထက်အရပ်ပုတာ ဒါမှမဟုတ်အရပ်မဆိုစလောက်ကွာတာဖြစ်ရတယ်ဆိုတဲ့လူမှုအသိုင်းအဝိုင်းရဲ့ရွေးချယ်မှုစည်းမျဉ်းကို ယောကျ်ားလေးတွေကလိုက်နာလေ့ရှိပါတယ်။တစ်ချို့ယောကျ်ားလေးတွေကသူတို့ထက်အရပ်ရှည်တဲ့မိန်းကလေးတွေကိုသဘောမကျကြပါဘူး။တကယ်ချစ်ပြီဆိုရင်တော့အရပ်ပုတာရှည်တာကအရေးမကြီးတော့ပါဘူး။








*အရပ်ပုပုကောင်မလေးတွေ ရှပ်အကျီပွပွရှည်ရှည်တွေဝတ်တာ သဘောကျကြတယ်
အရပ်ပုပုကောင်မလေးတွေ ကိုယ့်ချစ်သူရဲ့အဝတ်အစားပွပွကြီးတွေကိုဝတ်တဲ့အခါ ယောကျ်ားလေးတွေရဲ့မျက်စိထဲမှာပိုပြီးဆွဲဆောင်မှုရှိသွားတယ်လို့ ယောကျ်ားလေးအများစုက ဖွင့်ဟဝန်ခံထားကြပါတယ်။ချစ်စရာကောင်းပြီး သေးသေးကွေးကွေးလေးဖြစ်နေတာကို မြင်ရတာ သူတို့အနေနဲ့တော့ ဆွဲဆောင်မှုတစ်ခုလို့မြင်ပါတယ်တဲ့။


*ချစ်သူကအရပ်ပုပုကောင်မလေးဖြစ်နေရင် ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုနှစ်ဆတိုးလာတယ်လို့ခံစားရတယ်
လူတစ်ယောက်ရဲ့အရပ်က သူတို့ရဲ့ စိတ်ခွန်အားတစ်ခုလည်းဖြစ်ပါတယ်တဲ့။ကိုယ်က ချစ်သူထက်အရပ်ရှည်နေတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာပြီးချစ်သူကိုလည်းစောင့်ရှောက်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေတိုးလာတတ်ပါတယ်။ဥပမာ စာအုပ်မမှီမကမ်းဖြစ်နေတာကို ကိုယ်ကယူပေးလိုက်လို့ကိုယ့်အပေါ်အားကိုးချင်စိတ်တိုးလာတာကိုကျေနပ်ဂုဏ်ယူကြတာမျိုးပေါ့။ဒ့ါအပြင်အရပ်ပုပုကောင်မလေးတွေဟာအရပ်ရှည်တဲ့မိန်းကလေးတွေထက်ပိုပြီးဆွဲဆောင်မှုအားနည်းချင်နည်းလိမ့်မယ်။ယောကျ်ားလေးတွေအတွက်တော့အရပ်ပုပုကောင်မလေးတွေဟာ သူတု့ိကို ပိုပြီးယုံကြည်စိတ်ချမှုရှိလာစေတယ်၊ပြီးပြည့်စုံလာစေတယ်လို့ခံစားရစေပါတယ်လို့ပြောပြလာပါတယ်။








*နမ်းရတာပိုလွယ်တယ်
ယောကျ်ားလေးတွေကအရပ်ပုပုကောင်မလေးတွေကိုပိုပြီးသဘောကျနှစ်သက်တာဟာ နမ်းရတာပိုပြီးလွယ်ကူတာကြောင့်လည်းပါပါတယ်တဲ့။အရပ်ရှည်တဲ့မိန်းကလေးတွေဆိုနမ်းရတာခက်တယ်ပေါ့။ကိုယ်လေးကိုင်းပြီးငုံ့နမ်းရတာကို ယောကျ်ားလေးတွေကပိုသဘောကျပြီး ဒါကသူတို့ကိုယ်သူတို့ ပိုပြီးချစ်မြတ်နိုးစိတ်တောင်ဖြစ်ပေါ်စေတယ်လို့တွေ့ရှိလာရပါတယ်။အရပ်ရှည်တာကိုပဲ ကိုယ့်ကိုယ့်ကိုယ်ကျေနပ်နေတာမျိုး။


*အရပ်ပုပုကောင်မလေးတွေဟာ ပိုပြီးရင်းနှီးနွေးထွေးမှုရှိတယ်
အရပ်ရှည်တဲ့မိန်းကလေးနဲ့အရပ်ပုပုမိန်းကလေးတွေကိုယှဉ်လိုက်ရင်အရပ်ပုတဲ့မိန်းကလေးတွေဟာ တစ်ခြားသူတွေထက်ပိုပြီးရင်းနှီးဖော်ရွေလွယ်တယ်။နွေးထွေးလွယ်တယ်လို့တွေ့ရှိရပါတယ်။ဒါကြောင့်လည်း ယောကျ်ားလေးတွေကအရပ်ပုတဲ့မိန်းကလေးတွေကိုပိုပြီးသဘောကျကြတာပါ။








*နောက်ဆုံးအချက်အနေနဲ့ကတော့အရပ်ပုပုမိန်းကလေးတွေဟာ ချစ်စရာကောင်းကြတာပါပဲတဲ့
ဟုတ်ရဲ့လား?အရပ်ပုပုမိန်းကလေးတွေဟာ ဝက်ဝံရုပ်လေးတွေလိုချစ်စရာကောင်းသလိုပွေ့ဖက်ချီမြှောက်ဖို့လည်းလွယ်လို့ ယောကျ်ားလေးတွေက ပိုပြီးသဘောကျနှစ်သက်ကြတယ်။သူတို့ရယ်မောတဲ့အခါ ကလေးလေးတစ်ယောက်လိုဖြစ်နေပြီး စိတ်ဆိုးနေရင်တောင် ချစ်စရာကောင်းခြင်းတစ်မျိုး လို့ယောကျ်ားလေးတွေက ပြောပြလာကြပါတယ်။

အချစ်မှာအရပ်ပုတာ၊အရပ်ရှည်တာ၊ပိန်တာဝတာတွေမပါဘူးဆိုပေမဲ့ ယောကျ်ားလေးတွေကတော့အရပ်ပုပုကောင်မလေးတွေကိုပိုပြီးသဘောကျတယ်၊ပိုပြီးရွေးချယ်ကြတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။







Unicode

ယောကျ်ားလေးတွေက သူတို့နဲ့အရပ်ရွယ်တူရှိတဲ့မိန်းကလေးတွေ၊သူတို့ထက်အရပ်ရှည်တဲ့မိန်းကလေးတွေထက် အရပ်ပုပုကောင်မလေးတွေကိုသာပိုပြီးသဘောကျရွေးချယ်ကြပါသတဲ့။လေ့လာဆန်းစစ်ချက်တွေအရ ယောကျ်ားလေးတွေဟာအရပ်ပုပု Cuttie လေးတွေကို ဒီလိုအကြောင်းကြောင်းတွေကြောင့် ပိုပြီးသဘောကျနှစ်သက်ကြတာလို့သိရပါတယ်။


*ယောကျာ်းလေးတွေဟာ အရပ်ပုပုကောင်မလေးတွေကိုရင်ခွင်ထဲထွေးပွေ့ထားရတာသဘောကျကြတယ်
သူတို့ရဲ့စိတ်အခံကိုက အရပ်ရှည်ရှည်မိန်းကလေးတွေကို ပွေ့ဖက်ရတာထက် အရပ်ပုပုသေးသေးကွေးကွေးမိန်းကလေးတွေကို ပွေ့ဖက်ရတာပိုပြီးသဘောကျကြတာပါ။ပြီးတော့ ကိုယ်အလေးချိန်ကလည်းကွာဟတဲ့အတွက် သူတို့ရဲ့ ချစ်သူမိန်းကလေးကိုပွေ့ချီမြှောက်နိုင်တဲ့အချိန်ဆို ယောကျ်ားလေးတွေက သူတို့ကိုယ်သူတို့လူစွမ်းကောင်းလို့ ခံစားမိကြပါသေးတယ်တဲ့။


*လူမှုအသိုင်းအဝိုင်းရဲ ့ရွေးချယ်မှုကြောင့်
များသောအားဖြင့် ယောကျာ်းလေးကအရပ်ရှည်ရမယ်။ချစ်သူမိန်းကလေးက သူတို့ထက်အရပ်ပုတာ ဒါမှမဟုတ် အရပ်မဆိုစလောက်ကွာတာဖြစ်ရတယ်ဆိုတဲ့လူမှုအသိုင်းအဝိုင်းရဲ့ရွေးချယ်မှုစည်းမျဉ်းကို ယောကျ်ားလေးတွေကလိုက်နာလေ့ရှိပါတယ်။တစ်ချို့ယောကျ်ားလေးတွေကသူတို့ထက်အရပ်ရှည်တဲ့မိန်းကလေးတွေကိုသဘောမကျကြပါဘူး။တကယ်ချစ်ပြီဆိုရင်တော့ အရပ်ပုတာရှည်တာက အရေးမကြီးတော့ပါဘူး။


*အရပ်ပုပုကောင်မလေးတွေ ရှပ်အကျီပွပွရှည်ရှည်တွေဝတ်တာ သဘောကျကြတယ်
အရပ်ပုပုကောင်မလေးတွေ ကိုယ့်ချစ်သူရဲ ့အဝတ်အစားပွပွကြီးတွေကိုဝတ်တဲ့အခါ ယောကျ်ားလေးတွေရဲ့မျက်စိထဲမှာပိုပြီးဆွဲဆောင်မှုရှိသွားတယ်လို့ ယောကျ်ားလေးအများစုက ဖွင့်ဟဝန်ခံထားကြပါတယ်။ချစ်စရာကောင်းပြီး သေးသေးကွေးကွေးလေးဖြစ်နေတာကို မြင်ရတာ သူတို့အနေနဲ့တော့ ဆွဲဆောင်မှုတစ်ခုလို့မြင်ပါတယ်တဲ့။


*ချစ်သူက အရပ်ပုပုကောင်မလေးဖြစ်နေရင် ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုနှစ်ဆတိုးလာတယ်လို့ခံစားရတယ်
လူတစ်ယောက်ရဲ ့အရပ်က သူတို့ရဲ့ စိတ်ခွန်အားတစ်ခုလည်းဖြစ်ပါတယ်တဲ့။ကိုယ်က ချစ်သူထက်အရပ်ရှည်နေတဲ့အခါ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာပြီးချစ်သူကိုလည်းစောင့်ရှောက်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေတိုးလာတတ်ပါတယ်။ဥပမာ စာအုပ်မမှီမကမ်းဖြစ်နေတာကို ကိုယ်ကယူပေးလိုက်လို့ကိုယ့်အပေါ်အားကိုးချင်စိတ်တိုးလာတာကိုကျေနပ်ဂုဏ်ယူကြတာမျိုးပေါ့။ဒ့ါအပြင်အရပ်ပုပုကောင်မလေးတွေဟာ အရပ်ရှည်တဲ့မိန်းကလေးတွေထက်ပိုပြီးဆွဲဆောင်မှုအားနည်းချင်နည်းလိမ့်မယ်။ယောကျ်ားလေးတွေအတွက်တော့ အရပ်ပုပုကောင်မလေးတွေဟာ သူတို့ကို ပိုပြီးယုံကြည်စိတ်ချမှုရှိလာစေတယ်၊ပြီးပြည့်စုံလာစေတယ်လို့ခံစားရစေပါတယ်လို့ပြောပြလာပါတယ်။


*နမ်းရတာပိုလွယ်တယ်
ယောကျ်ားလေးတွေက အရပ်ပုပုကောင်မလေးတွေကိုပိုပြီးသဘောကျနှစ်သက်တာဟာ နမ်းရတာပိုပြီးလွယ်ကူတာကြောင့်လည်းပါပါတယ်တဲ့။အရပ်ရှည်တဲ့မိန်းကလေးတွေဆိုနမ်းရတာခက်တယ်ပေါ့။ကိုယ်လေးကိုင်းပြီးငုံ့နမ်းရတာကို ယောကျ်ားလေးတွေကပိုသဘောကျပြီး ဒါကသူတို့ကိုယ်သူတို့ ပိုပြီးချစ်မြတ်နိုးစိတ်တောင်ဖြစ်ပေါ်စေတယ်လို့တွေ့ရှိလာရပါတယ်။အရပ်ရှည်တာကိုပဲ ကိုယ့်ကိုုယ့်ကိုယ်ကျေနပ်နေတာမျိုး။


*အရပ်ပုပုကောင်မလေးတွေဟာ ပိုပြီးရင်းနှီးနွေးထွေးမှုရှိတယ်
အရပ်ရှည်တဲ့မိန်းကလေးနဲ့အရပ်ပုပုမိန်းကလေးတွေကိုယှဉ်လိုက်ရင် အရပ်ပုတဲ့မိန်းကလေးတွေဟာ တစ်ခြားသူတွေထက်ပိုပြီးရင်းနှီးဖော်ရွေလွယ်တယ်။နွေးထွေးလွယ်တယ်လို့တွေ့ရှိရပါတယ်။ဒါကြောင့်လည်း ယောကျ်ားလေးတွေက အရပ်ပုတဲ့မိန်းကလေးတွေကိုုပိုပြီးသဘောကျကြတာပါ။


*နောက်ဆုံးအချက်အနေနဲ့ကတော့ အရပ်ပုပုမိန်းကလေးတွေဟာ ချစ်စရာကောင်းကြတာပါပဲတဲ့
ဟုတ်ရဲ့လား?အရပ်ပုပုမိန်းကလေးတွေဟာ ဝက်ဝံရုပ်လေးတွေလိုချစ်စရာကောင်းသလိုပွေ့ဖက်ချီမြှောက်ဖို့လည်းလွယ်လို့ ယောကျ်ားလေးတွေက ပိုပြီးသဘောကျနှစ်သက်ကြတယ်။သူတို့ရယ်မောတဲ့အခါ ကလေးလေးတစ်ယောက်လိုဖြစ်နေပြီး စိတ်ဆိုးနေရင်တောင် ချစ်စရာကောင်းခြင်းတစ်မျိုး လို့ယောကျ်ားလေးတွေက ပြောပြလာကြပါတယ်။

အချစ်မှာ အရပ်ပုတာ၊အရပ်ရှည်တာ၊ပိန်တာဝတာတွေမပါဘူးဆိုပေမဲ့ ယောကျ်ားလေးတွေကတော့ အရပ်ပုပုကောင်မလေးတွေကိုပိုပြီးသဘောကျတယ်၊ပိုပြီးရွေးချယ်ကြတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။




Some text some message..