![]()
လူသန်းပေါင်းများစွာထဲကမှ ကိုယ့်အပေါ်မေတ္တာစစ်ထားတဲ့လက်တွဲဖော်အစစ်ကိုရွေးချယ်တတ်ဖို့တော့လိုပါတယ်။ ဒီလိုရှိတယ်ဗျ …ရွေးချယ်တယ်ဆိုတဲ့နေရာမှာလည်းကန့်သတ်ချက်တွေနဲ့ဘယ်လိုကြည့်ကောင်းမှ ဘာကြီးဖြစ်နေမှဆိုတာမျိုးတွေလည်းသတ်မှတ်ထားလို့မရပြန်ပါဘူး။အဓိကကတော့ရင်ဘတ်ကြီးထဲကနေခံစားမိပြီးသူရဲ့အပြုမူ သူ့ရဲ့စိတ်ဓာတ်နဲ့သူ့ရဲ့မေတ္တာတွေကိုကြည့်ပြီးသူဟာ ကိုယ့်ဘဝအတွက်ဆိုတာကိုစိတ်ထဲကသိနေတာမျိုးပါ။ ကိုယ်ကလည်းသူကလွဲရင်တစ်ခြားသူကို ရင်ခုန်ရင်ခုန်မယ် စိတ်ဝင်စားရင်တော့စားမယ် ဒါမဲ့ချစ်လို့မရတာမျိုးပါ။ နောက်တစ်ခုက တစ်ယောက်ပေါ်တစ်ယောက်နားလည်ပေးမိနေတာမျိုးပါ။ တကယ့်ဘဝလက်တွဲဖော်အစစ်ဆိုတာအားနည်ချက်ကိုဖုံးပေးပြီးအားသာချက်ကိုဖိတွေးပေးတတ်တဲ့အမျိုးပါ။ ကိုယ့်လက်တွဲဖော်အစစ်မှန်ဆိုတာ ချောတာတွေ လှတာတွေ စမတ်ကျတာတွေထက်ကိုယ့်ဘဝကိုအေးမြစေတဲ့သူ ကိုယ့်ကိုတန်ဖိုးထားလေးစားတဲ့သူ နောက်ဆုံးကတော့ကိုယ့်အပေါ်သစ္စာရှိပြီးရိုးမြေကျပေါင်းဖက်ချင်တဲ့သူဖြစ်နေဖို့ပါပဲ။ ဒါကြောင့်ဘဝလက်တွဲဖော်အစစ်မှန်ကိုရှာတဲ့အခါအပေါ်ယံခံစားချက်ထက်ကိုယ့်စိတက်ထဲကရောသူ့စိတ်ထဲကပါကိုယ့်ကိုတကယ်လက်ခံတန်ဖိုးထားနိုင်တဲ့သူဖြစ်နေဖို့ပဲလိုပါတယ်…
Unicode
လူသန်းပေါင်းများစွာထဲကမှ ကိုယ့်အပေါ်မေတ္တာစစ်ထားတဲ့လက်တွဲဖော်အစစ်ကိုရွေးချယ်တတ်ဖို့တော့လိုပါတယ်။ ဒီလိုရှိတယ်ဗျ …ရွေးချယ်တယ်ဆိုတဲ့နေရာမှာလည်းကန့်သတ်ချက်တွေနဲ့ဘယ်လိုကြည့်ကောင်းမှ ဘာကြီးဖြစ်နေမှဆိုတာမျိုးတွေလည်းသတ်မှတ်ထားလို့မရပြန်ပါဘူး။ အဓိကကတော့ရင်ဘတ်ကြီးထဲကနေခံစားမိပြီးသူရဲ့အပြုမူ သူ့ရဲ့စိတ်ဓာတ်နဲ့သူ့ရဲ့မေတ္တာတွေကိုကြည့်ပြီးသူဟာ ကိုယ့်ဘဝအတွက်ဆိုတာကိုစိတ်ထဲကသိနေတာမျိုးပါ။ ကိုယ်ကလည်းသူကလွဲရင်တစ်ခြားသူကို ရင်ခုန်ရင်ခုန်မယ် စိတ်ဝင်စားရင်တော့စားမယ် ဒါမဲ့ချစ်လို့မရတာမျိုးပါ။ နောက်တစ်ခုက တစ်ယောက်ပေါ်တစ်ယောက်နားလည်ပေးမိနေတာမျိုးပါ။ တကယ့်ဘဝလက်တွဲဖော်အစစ်ဆိုတာအားနည်ချက်ကိုဖုံးပေးပြီးအားသာချက်ကိုဖိတွေးပေးတတ်တဲ့အမျိုးပါ။ ကိုယ့်လက်တွဲဖော်အစစ်မှန်ဆိုတာ ချောတာတွေ လှတာတွေ စမတ်ကျတာတွေထက်ကိုယ့်ဘဝကိုအေးမြစေတဲ့သူ ကိုယ့်ကိုတန်ဖိုးထားလေးစားတဲ့သူ နောက်ဆုံးကတော့ကိုယ့်အပေါ်သစ္စာရှိပြီးရိုးမြေကျပေါင်းဖက်ချင်တဲ့သူဖြစ်နေဖို့ပါပဲ။ ဒါကြောင့်ဘဝလက်တွဲဖော်အစစ်မှန်ကိုရှာတဲ့အခါ အပေါ်ယံခံစားချက်ထက်ကိုယ့်စိတက်ထဲကရောသူ့စိတ်ထဲကပါကိုယ့်ကိုတကယ်လက်ခံတန်ဖိုးထားနိုင်တဲ့သူဖြစ်နေဖို့ပဲလိုပါတယ်…