![]()
ကိုယ့်ရဲ့ချစ်သူက ကိုယ့်မျက်စိရှေ့မှာပဲ နောက်တစ်ယောက်နဲ့ သာယာကြည်နူးနေတဲ့အဖြစ်မျိုးကို ကြုံဖူးတဲ့သူတွေ ရှိပါသလား..?
အကယ်၍ ရှိတယ်ဆိုရင် ကိုယ်တစ်ယောက်ထဲ ချစ်သူရတာ ကံဆိုးလိုက်တာလို့ မတွေးပါနဲ့တော့၊ ဒီတစ်ယောက်ထက်စာရင် ကိုယ်ကပိုပြီး ကံကောင်းနိုင်ပါသေးတယ်။
ချစ်သူရဲ့ မွေ့နေ့မှာအမှတ်ရလေးဖြစ်သွာအောင် surprise လုပ်ချင်လို့ မိုင်ပေါင်း ၁၅၀၀ ခရီးကနေ ဝက်ဝံရုပ်ဝတ်စုံလေး ဝတ်ထားပြီးအရောက်လာခဲ့တဲ့ လူငယ်ဟာ သူလုံးဝထင်မှတ်မထားတဲ့ မြင်ကွင်းကြောင့် ရင်ကိုအစိမ်းလိုက်ခွဲပြီး ဆားနဲ့ပက်ခံလိုက်ရသလို နှလုံးသားတွေ ကြေကွဲခဲ့ရပါတယ်။
သူ့ရဲ့ကောင်မလေးကအခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ကြည်နူးနေတဲ့ မြင်ကွင်းက သူ့ရဲ့ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလိုအံ့သြထိတ်လန့် ကြေကွဲမှုများစွာနဲ့ တဒင်္ဂအသက်ရှု ရပ်တန့်သွားစေခဲ့ပါတယ်။ ဝက်ဝံ ဝတ်စုံခေါင်းစွပ်ကြီးနဲ့မို့ ကောင်မလေးက ချက်ခြင်းသူ့ကို သတိမထားမိပဲ ချစ်သူအသစ်နဲ့ ကြည်နူးနေပါတယ်။
သူဘာလုပ်ရမယ်မှန်းမသိတဲ့ နောက်ဆုံးမှာ လူငယ်က သူ့ရဲ့ ဝက်ဝံခေါင်းစွပ်ကို ဖြုတ်လိုက်ပြီး ချစ်သူကို တွေတွေကြီး ရပ်ကြည့်နေလိုက်မိပါတယ်။ ကောင်မလေးက သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ ခံစားရတာကြောင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဝက်ဝံရုပ်ဝတ်စုံကြီးနဲ့ သူမကို စိုက်ကြည့်နေတဲ့ သူမရဲ့အဝေးရောက် ချစ်သူကို တွေ့လိုက်ရပါတယ်။
အရမ်းအံ့သြထိတ်လန့်သွားပြီး ဘာမှပြန်မပြောနိုင်ခင်မှာ လူငယ်က သူ့ရဲ့မျက်ရည်တွေ ချစ်သူကောင်မလေးကို မမြင်စေချင်လို့အရုပ်ခေါင်းကို ချက်ခြင်းပြန်စွပ်လိုက်ပြီး တစ်လှမ်းခြင်း လှည့်ထွက်သွားခဲ့ပါတယ်။
ကောင်မလေးကအနောက်ကနေ ပြေးလိုက်သွားပြီး လူငယ်ရဲ့ လက်ကို ဆွဲကာ တောင်းပန်စကားတွေ ပြောနေပေမယ့် လူငယ်ကတော့ ဘာမှတုံ့ပြန်မှုမရှိပဲ ဆက်လျှောက်သွားပါတယ်။
နောက်ဆုံးမှာ ကောင်မလေးက သူ့ရှေ့က ပိတ်ရပ်ပြီး လူငယ်ကို တင်းတင်းကြပ်ကြပ်ကြီး ဖက်ထားလိုက်ပါတယ်။ သူတို့နှစ်ယောက် နောက်ဆုံးမှာ ပြန်လည်ဆုံးဆည်းသွား၊ မသွားဆိုတာကတော့ မသိနိုင်တော့ပါဘူး။
တရုတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီဓါတ်ပုံနဲ့ ဒီအဖြစ်ပျက်တွေကို လူမှုကွန်ယက် တွစ်တာပေါ်မှာ တင်ထားခဲ့ရာမှ လျှပ်စီးလက်သလို ပျံ့နှံ့ခဲ့ပြီး ဝေဖန်ပြောဆို ရေသားမှုတွေ ပလူပျံသွားခဲ့ပါတယ်။အများစုကတော့ သစ္စာမရှိတဲ့ ဒီလိုမိန်းကလေးမျိုးကို မေ့လိုက်ပြီး ကိုယ့်လမ်းကို ဆက်လျှောက်ဖို့ လူငယ်ကို တိုက်တွန်းထားပါတယ်။ ဘဝမှာ သူ့ထက်သာတဲ့ မိန်းကလေးတွေအများကြီးတွေ့နိုင်ပါတယ်လို့ နှစ်သိမ့်ထားကြပါတယ်။
စာဖတ်သူရော ဒီလိုသစ္စာမရှိတဲ့ ချစ်သူမျိုးကို ကိုယ့်မျက်စိရှေ့မှာ ပက်ပင်းတိုး ကြုံလာခဲ့ရင် ဘယ်လိုတုံ့ပြန်မိမလဲဆိုတာ ဝေမျှခဲ့ပါဦး။