![]()
Super Model M Seng Lu နဲ့အတူ Weekend getawayအနေနဲ့ စင်ကာပူကိုသွားရင်းနောက်ထပ်ပြောပြချင်တာကတော့အားလုံးစိတ်ဝင်စားကြမယ့် Singapore Night Lifeအကြောင်းပေါ့။ Singapore ရဲ့ ပို့ဆောင်ဆက်သွယ်ရေးကအရမ်းအဆင်ပြေတော့ သွားရလာရတာအရမ်းကိုလွယ်ကူတယ်။ နောက်တစ်ခုက မိန်းကလေးတွေNight out ထွက်လို့အိမ်ပြန်နောက်ကျရင်တောင်စိုးရိမ်စရာမရှိအောင်ကို Safe ဖြစ်တဲ့နိုင်ငံတစ်ခုပါ။ လူများပြီး စားသောက်စရာတွေရွေးချယ်စရာအများကြီးရှိတဲ့နေရာသွားချင်ပါတယ်ဆိုရင် တော့ကျွန်တော့်အနေနဲ့ Clark Quayကို recommend ပေးချင်ပါတယ်။ Clark Quay က စားသောက်စရာတွေ စုံတဲ့အပြင် Night out ထွက်မယ်ဆိုရင်လည်းအရမ်းမိုက်တဲ့အတွက်ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့အတူ Singapore River ဘေးမှာထိုင်ပြီးစကားတွေပြောရင်းကိုယ်ကြိုက်တဲ့အကြောင်းအရာတွေဆွေးနွေးလို့ကောင်းတဲ့နေရာလေးပါ။ နောက်ပြီးမိသားစုနဲ့မှ သွားချင်ပါတယ်ဆိုတဲ့လူတွေအတွက်လည်း Clarke Quay ကအရမ်းကိုသင့်တော်တဲ့နေရာလေးပါ။ Clark Quay မှာဆိုင်တွေများတယ်ဆိုပေမယ့်အစားအသောက်မကောင်းတဲ့ဆိုင်ဆိုတာမရှိသလောက်ပါပဲ မျက်လုံးမှိတ်ပြီး ဝင်ထိုင်မယ်ဆိုရင်တောင်မကောင်းတဲ့ ဆိုင်ထိုင်မိဖို့ကခက်ပါတယ်။ ဆိုင်တော်တော်များများမှာလည်း Live Performance ရှိတော့ Chill လို့အရမ်းကောင်းတာပေါ့။ Clark Quay မှာ pre-drinkအနေနဲ့ စားသောက်ပြီး Club ထပ်သွားမယ်ဆိုရင်လည်းကမ္ဘာပေါ်မှာအကောင်းဆုံး Top Ten Club စာရင်းဝင် တစ်ခုဖြစ်တဲ့ Zouk Club ရှိနေတော့အရမ်းကိုအဆင်ပြေပါတယ်။ Zouk Club ကိုမရောက်ဖူးရင်တော့ Singapore ရဲ့ NightLife ကို ခံစားဖူးတယ်လို့ဆိုလို့မရပါဘူး။ Zouk ဆိုတာ ပြင်သစ်စကား မှာ Party ဆိုတဲ့အဓိပ္ပါယ်လို့ဖွင့်ဆိုလို့ရပါတယ်။ Zouk Club ကအပတ်တိုင်းမှာလည်းမတူတဲ့ Event တွေ DJ တွေနဲ့ဆိုတော့အရမ်းကို
Club သွားရတာကြိုက်လို့အပတ်တိုင်းသွားရင်တောင်ပျင်းစရာကောင်းမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ Zouk သွားတဲ့နေ့ကအတွေ့အကြုံကိုပြောရမယ်ဆိုရင်နေ့လည်မှာ Shopping တွေအကြီးအကျယ်ထွက်ထားလို့ပင်ပန်းနေပြီဖြစ်တဲ့အတွက် Club ထဲမှာမကဲနိုင်လောက်တော့ဘူးလို့တွေးထားပေမယ့်လည်း တကယ်တမ်း Zouk ကိုရောက်တဲ့အခါ Music တွေ beat တွေကအရမ်းကိုကောင်းနေတော့ ခန္ဓာကိုယ်က သူ့အလိုလို့ လိုက်ကမိတော့တာပဲ။ တကယ်အမိုက်စား Beat တွေနဲ့အမိုက်စား sound system တွေကြောင့်အပျော်ကြီးပျော်ခဲ့ရပါတယ်။ မနက် 4နာရီမှ M Seng Luနဲ့အတူ ပြန်ဖြစ်ကျပါတယ်အဲ့လောက်ထိပျော်စရာကောင်းတာကြောင့်ပင်ပန်းနေပြီ club မသွားနိုင်တော့လောက်ဘူးလို့မထင်လိုက်ပါနဲ့ Zouk ကိုရောက်သွားရင် ကိုယ့်ဘယ်လောက်ထိတောင်ကနိုင်လဲဆိုတာသိသွားမှာပါနော်။ ရန်ကုန်မှာရှိတဲ့ Club တွေကိုငြီးငွေ့သွားပြီဆိုရင် Weekend get awayအနေနဲ့ Singapore ရဲ့ NightLife မှာမတူညီတဲ့ခံစားချက်တွေရဖို့ကိုတော့ သွားဖြစ်အောင်သွားလိုက်ပါ။
High End မှ သွားချင်တယ်၊ Rooftop bar မျိူးမှ သွားချင်ပါတယ်ဆိုတဲ့သူတွေအတွက်လည်း နောက်တစ်နေရာ မိတ်ဆက်ပေးချင်ပါသေးတယ်။ သူကတော့ Central Business District Area မှာရှိတဲ့ Empire Lounge ပါ။ Rooftop Barအနေနဲ့ တော့ Empire Lounge က 45 ထပ်မှာရှိပါတယ်။ Empire Lounge ကနေ Singapore ရဲ့အဓိကခံစားရမယ့် Night Scene ဖြစ်တဲ့ Marina Bay Sand ရဲ့ Led Performance ကိုလည်း Cocktails တစ်ခွက်နဲ့ကောင်းကောင်းရှုစားနိုင်ပါတယ်နော်။ Empire Lounge က outdoor ရှိသလို Indoor area မှာလည်းအရမ်းကိုStylish ဖြစ်တဲ့ Decoration နဲ့ မို့တကယ်ကို Chill လုပ်ဖို့သင့်တော်တဲ့ Bar တစ်ခုပါ။ Empire Lounge ကိုသွားတဲ့ လူတော်တော်များများက CBD ကဆိုတော့အလုပ်မှာ Professional ကျပြီး Style ကျတဲ့ ဖူးစာရှင်မျိုးနဲ့လည်းတွေ့နိုင်တယ်နော်။ သွားမယ်ဆိုရင် Friday ၊ Saturday ကတော့ကောင်းဆုံးပေါ့။
Club တွေလည်းမသွားချင်ဘူး High End Bar လည်းမသွားချင်ဘူး သူငယ်ချင်းတွေနဲ့ ဘီယာလေးသောက်ပြီးအစားအသောက်ကောင်းကောင်းလေးနဲ့ ဆိုင်မျိူး မိတ်ဆက်ပေးပါဦးလို့ပြောရင်တော့ Mischief ကိုညွန်ပေးချင်ပါတယ်။ Mischief က Esplanade မှာရှိပါတယ်၊ပေါ့ပေါ့ပါးပါးသူငယ်ချင်းတွေနဲ့အတူ gathering လုပ်လို့ကောင်းတဲ့ ဆိုင်တစ်ဆိုင်ပါ။Singapore Tourism Board ရဲ့ Slogan : Passion Make Possible ဆိုတဲ့အတိုင်း Mischief ရဲ့ menu မှာဆို Passion တွေနဲ့အသစ်တွေဖန်တီးထားတာကိုတွေ့ရမှာပါ။ သူတို့ရဲ့အစားအသောက်တွေက Fusion တွေပါ။ America နဲ့အရှေ့တောင်အာရှအစားအစာတွေကိုရောစပ်ပြီးအသစ်တစ်ဖန်ပြန်လည်အသက်သွင်းထားတဲ့ ဟင်းလျာတွေပဲဖြစ်ပါတယ်။ ဆိုင်ကလည်းလူငယ်ဆန်ပြီးလူငယ်အများစုသာလာတတ်တာမို့Enviroment တစ်ခုလုံးကပျော်စရာကောင်းပြီးအရမ်းကို Relax ဖြစ်စေပါတယ်။ M Seng Lu က သူတို့ရဲ့ Full Platter ကိုအကြိုက်ဆုံးပဲလို့ပြောပါတယ်။ ဒါကြောင့် Mischief ရောက်ရင်စားဖို့မမေ့နဲ့နော်။
ကဲအခုဆိုရင် Singapore Weekend Getaway မှာ Super Model M Seng Lu ရဲ့ Night Life ဖြတ်သန်းခဲ့ပုံလေးနဲ့အတူ တကယ်ကိုသွားပြီးပျော်ပါးဖို့ထိုက်တန်တဲ့ Singapore ရဲ့ Night Lifeအကြောင်းလေးတွေ ကိုထပ်ပြီးဝေမျှပေးလိုက်ပါတယ်နော်။