ရာသီခွင်လိုက် မိန်းကလေးတွေသူတို့ချစ်သူအပေါ်ဘယ်လောက်ချစ်လဲသိနိုင်မည့်အချက်များ
weddingguide.com.mm
|
2019-07-24

ရာသီခွင်အလိုက်ချစ်သူအပေါ်ဘယ်လောက်ချစ်လဲဖော်ပြတတ်တဲ့ မိန်းကလေးတို့ရဲ့အမူအကျင့်များကိုဖော်ပြပေးလိုက်ပါတယ်။


(၁) Aries (March 21~ April 19)


မိဿရာသီဖွား မိန်းကလေးတွေက သူတို့တစ်ကယ်ချစ်ရင် သင့်ကိုသိခွင့်ပေးပါလိမ့်မယ်။


တစ်ကယ်လို့သူမဖက်က ချစ်တဲ့ပုံမျိုးမပြရင်တော့ တစ်ကယ်မချစ်လို့ပါတဲ့။


Aries ဖွား မိန်းကလေးတွေက သူတို့ရဲ့ ခံစားချက်တွေနဲ့ ပတ်သတ်ပြီး စိတ်ချသေချာလေ့ရှိပြီး


ခံစားချက်တွေကို ဖုံးကွယ်လေ့ရှိသူတွေ မဟုတ်ပါဘူး။


(၂) Taurus (April 20 ~ May 21)


ပြိဿရာသီဖွား မိန်းကလေးတွေကတော့ ပရော်ပရည်လုပ် တတ်ကြပြီး romantic ဆန်ဆန်အမူအရာ


လုပ်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်စတင်သိကြတဲ့အချိန်မှာတော့ သူတို့ဘက်က


ဘာအကြောင်းနဲ့မှ စလာမှာမဟုတ်ပါဘူး။ သူတို့က relationship မှာပဲတွယ်ကပ်နေလေ့ရှိပြီး


သင့်ကို လွယ်လွယ်ကူကူနဲ့တော့ မစွန့်လွှတ်ပါဘူး။ သင့်ကိုသူချစ်နေပီဆိုတာနဲ့ သင်နဲ့ပတ်သတ်တဲ့


အရာရာတိုင်းကို ဖြစ်မြောက်အောင်လုပ်ဖို့ ဆုံးဖြတ်ပြီးဖြစ်ပါလိမ့််မယ်။


(၃) Gemini (May 22 ~ June 21)


မေထုန်ရာသီဖွားကောင်မလေးကတော့ ချစ်မိပြီဆိုရင် သူမကိုယ်သူမအလှပဆုံး၊အတင့်တယ်ဆုံး


အနေအထား ဖြစ်အောင် ပြုမူပါလိမ့်မယ်။ သူမကို သူမအကောင်းဆုံးဖြစ်အောင် ဝတ်ဆင်မယ်။


အလှဆုံးဖြစ်အောင်ပြင်မယ်။ သူမသင့်ကို ချစ်နေပြီဆိုတာနဲ့ သင့်အတွက် လုံးဝစွဲမက်ဖွယ်ကောင်းအောင်


ကြိုးစားပြင်ဆင်ပါလိမ့်မယ်။


(၄) Cancer (June 22 ~ July 22)


ကရကဋ်ရာသီဖွားမိန်းကလေးကတော့ ချစ်မိပြီဆိုရင် လုံးဝ serious ပါတဲ့။


သူမရဲ့ ဘဝမှာအားနည်းချက်ဖြစ်သွားမှာမျိုးကိုအလွယ်တစ်ကူလက်မခံချင်တာပါ။


ဒါကြောင့် သူမသင့်ကို ချစ်/မချစ် သိချင်ရင်အကောင်းဆုံးကတော့ သူမသင်နဲ့အတူရှိနေဖို့အတွက်


သင့်ဘက်ကဘယ်လောက်ထိ နစ်မြုပ်ထားလဲ စမ်းသပ်တာကို စောင့်ကြည့်ရပါလိမ့်မယ်။


(၅) Leo (July 23 ~ August 22)


သိဟ်ရာသီဖွား ကောင်မလေးကတော့ ချစ်မိရင်အလွန်လေးလေးနက်နက်ရှိမဲ့ သူပါ။


တစ်ယောက်နဲ့တစ်ယောက် စိတ်လှုပ်ရှားစရာတွေကို ဖန်တီးယူစရာမလိုဘဲ သူတို့ချစ်ခြင်း


ဘယ်လောက်ထိလေးနက်တယ်ဆိုတာကို သင်ခံစားမိအောင် လုပ်ပါလိမ့်မယ်။


(၆) Virgo (August 23 ~ September 22)


ကန်ရာသီဖွားကောင်မလေးအနေနဲ့အကြောင်းအရာအားလုံးကို သေသေချာချာမသိဘဲ လူတစ်ယောက်ကို ချစ်မိတဲ့အထိ


သူမကို သူမခွင့်မပြုပါဘူး။ ဒါကြောင့် Virgo ကောင်မလေးက သင်နဲ့ သင့်ဘဝအကြောင်းအရေးပါတဲ့


မေးခွန်းတွေကို မေးနေပြီဆိုရင်တော့ ဒါကသူသင့်ကိုအမှန်တစ်ကယ်ချစ်မြတ်နိုးလို့ပါ။


(၇) Libra (September 23 ~ October 22)


တူရာသီဖွားတွေက နှစ်လိုဖွယ်ကောင်းပြီး ဖော်ရွေတတ်သူတွေဖြစ်ပါတယ်။


သူတို့ကိုယ်တိုင်ကလည်း ဆွဲဆောင်မှုရှိသူတွေဖြစ်တဲ့အတွက် သူတို့နားမှာလည်း ချောမောပြီး စွဲဆောင်မှုရှိသူတွေနဲ့


ဝန်းရံနေတတ်ပါတယ်။ Libra ကောင်မလေးတွေချစ်မိပြီ ဆိုရင်တော့ သူတို့ရဲ့ဆွဲဆောင်နိုင်တဲ့


အရည်အချင်းနှင့် ပြီးပြည့်စုံမှုတွေကို သင့်အပေါ်မှာပဲ စူးစိုက်ထားပါလိမ့်မယ်။


(၈) Scorpio (October 23 ~ November 22)


လျှို့ဝှက်တတ်ပြီးအပြောအဆိုလိမ္ပ္မာသိုသိပ်တာကြောင့် သင့်အပေါ်မှာ ထားတဲ့ သူမခံစားချက်ကို သိရဖို့ခက်ခဲပါလိမ့်မယ်။


ဒါ့အပြင် သူတို့ရဲ့ခံစားချက်တွေကို ဖုံးကွယ်တဲ့နေရာမှာ သိပ်တော်တဲ့သူတွေဖြစ်တာကြောင့် သူမ သင့်ကိုချစ်၊မချစ် မသိနိုင်ပါဘူး။


ဒါပေမဲ့ မျက်ဝန်းတွေက စကားပြောတတ်တာကြောင့် သူမရဲ့ မျက်ဝန်းတွေကိုအချိန်ကြာစူးစိုက်ကြည့်ပြီး သိနိုင်အောင်ကြိုးစားလို့ရပါတယ်။


(၉) Sagittarius (November 23 ~ December 21)


ဓနုရာသီဖွားတွေက သူမသင့်ကို ချစ်ပြီဆိုရင်တော့ သူမဘေးမှာ သင့်ကို တစ်ချိန်လုံးကြိုးဆွဲထားသလိုထားပြီး


သင်နဲ့အတူ စွန့်စားခန်းတွေဖွင့်ချင်သူပါ။ သူမရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ သင်နဲ့ပေါင်းစည်းဖို့ကြိုးစားပါလိမ့်မယ်။


(၁၀) Capricon (December 22 ~ January 20)


မကာရ ရာသီဖွားတွေက relationshipအစပိုင်းတွေမှာအနည်းငယ်မောက်မာတတ်ကြပြီး စိတ်ထဲမှာလည်း


တစ်ထင့်ထင့် ဖြစ်နေတတ်ကြပါတယ်။ သူတို့ဒီလိုပြုမူတာက သူတို့ရဲ့ချစ်သူမှာ လေးနက်တဲ့ ချစ်ခြင်းမျိုးရှိ၊မရှိ


မသေချာသေးတဲ့အတွက်ပါ။ ဒါပေမဲ့ သင်သူမအနားမှာရှိနေတဲ့ သင့်ကို ဖော်ရွေပြူငှာပြီး


စိတ်ချမ်းမြေ့စေပြီ ဆိုရင်တော့ သူမသင့်ကို ချစ်နေပါပြီ.


(၁၁) Aquarius (January 21 ~ February 18 )


ကုမ်ရာသီဖွားမိန်းကလေးတွေကတော့ သူမခံစားချက်တွေကို ဘယ်တော့မှ ဖွင့်ဟတတ်သူတွေမဟုတ်ပါဘူး။


အဓိကကတော့ သူမခံစားချက်တွေကို သူမကိုယ်တိုင်တောင်နားမလည်နိုင်လို့ပါတဲ့။


သူမက ဉာဏ်ရည်ထက်မြတ်သူတစ်ဦးဖြစ်ပေမဲ့ ခံစားချက်တွေကိုအဓိပ္ပာယ်ဖော်တဲ့ နေရာမှာတော့ တုံးအသူတစ်ဦးဖြစ်ပါတယ်တဲ့။


(၁၂) Pisces ( February 19 ~ March 20)


ရာသီခွင်တွေအားလုံးထဲမှာမှ ပြင်းပြတဲ့ စိတ်ခံစားမှုရှိသူတွေက မိန်ရာသီဖွားတွေပဲဖြစ်ပါတယ်။


ဒါပေမဲ့ သူမကိုယ်သူမအသဲမကွဲရစေဖို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာလည်းကောင်းကောင်းသိသူတစ်ယောက်ပါတဲ့။


သူမဘယ်လိုခံစားရတယ်ဆိုတာ ဖုံးကွယ်တတ်လေ့ မရှိတတ်တာကြောင့် သင့်အနေနဲ့ သူမ သင့်ကို ချစ်၊ မချစ် သိရဖို့ သိပ်မခက်ခဲပါဘူးတဲ့။

Myanmar Wedding Guide



Some text some message..