ကလေးငယ်လေးတွေကို ဘာလို့ရေကူးကန်ခေါ်သွားပေးသင့်တာလဲ
trend.com.mm
|
2019-07-26

လမ်းတောင်ကောင်းကောင်းမလျှောက်တတ်သေးတဲ့ ကလေးတစ်ယောက်ကို ရေကူးကန်
ခေါ်သွားတယ်ဆိုတာ ကောင်းတဲ့အိုင်ဒီယာတစ်ခုဖြစ်ပါ့မလားလို့ မိဘတွေ စိုးရိမ်ကောင်း
စိုးရိမ်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးလေးတွေကို ရေနဲ့ထိတွေ့ခြင်းမှာအကျိုးကျေးဇူးတွေရှိပါတယ်။


ကလေးတွေရဲ့သိမြင်မှုစွမ်းရည် တိုးတက်စေတယ် ..


ကလေးလေးတွေကို ရေနဲ့ထိတွေ့ပေးခြင်းဟာ သိမြင်မှုစွမ်းရည်ကို တိုးတက်စေသလို
ကလေးရဲ့ကြီးထွားနှုန်းကိုလည်းအထောက်ကူပြုနိုင်ပါတယ်။ ကလေးရဲ့တုံ့ပြန်မှုအားတွေ
ပိုကောင်းလာပြီး ကြီးလာတဲ့အခါ စာဖတ်အား ၊ ဘာသာစကား တိုးတက်မှု ၊ သင်ကြားရေး နဲ့
အာရုံစိုက်အားတွေ ပိုကောင်းလာနိုင်ပါတယ်။


ကလေးတွေဟာ ရေထဲရောက်တဲ့အခါ သူတို့လက်ကလေးတွေက လှုပ်နေတယ်.. တစ်ချိန်တည်း
မှာပဲ ခြေထောက်လေးတွေကလည်း လိုက်ခတ်နေတယ်ဆိုတာကို သူတို့ဦးနှောက်မှာ မှတ်ထား
နိုင်ပါတယ်။ ရေကူးခြင်းဟာ သင့်ရဲ့ကလေး ဦးနှောက်တည်ဆောက်ပုံကို မြန်မြန်တိုးတက်စေပါ
တယ်။


ရေနစ်ခြင်းကို လျော့ချပေးနိုင်


ရေနဲ့ ထိတွေ့ပေးခြင်းကအသက် ၄နှစ်နဲ့အထက် ကလေးတွေကို ရေမနစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါလောက်ထိတွေ့ပေးလိုက်တာနဲ့ ရေမနစ်နိုင်တော့ဘူးလို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ ကလေးက ငယ်စဉ်ကတည်းက ထိတွေ့ထားတော့ ရေကိုမကြောက်တော့ဘူးပေါ့။
အသက် ၁နှစ်ကနေ ၄နှစ်ရှိ ကလေးငယ်တွေ ရေနစ်ခြင်းဟာ သူတို့ကိုသေစေနိုင်ပါတယ်။
အိမ်မှာ ရေကူးကန်ရှိရင် ကလေးတွေကိုအစတည်းက သေချာဂရုစိုက်ပြီး သင်ကြားပြသပေးသင့်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေဟာ ရေကူးခြင်းအတတ်ပညာကို သင်ကြားနိုင်ပါတယ်။


ယုံကြည်မှုရှိစေနိုင်



တကယ်ပါ.. ကလေးတွေကို ငယ်ငယ်တည်းက ရေနဲ့ထိတွေ့ပေးတာဟာ သူတို့ရဲ့အကြောက်
တရားကို ရင်ဆိုင်တိုက်ခိုက်ခိုင်းတာနဲ့အတူတူပါပဲ။ တစ်ချို့ကလေးတွေဆို ရေအရမ်းကြောက်
တယ်။ တဖြည်းဖြည်းနဲ့ သူ့ကြောက်စိတ်လျော့နည်းသွားအောင် ဂရုစိုက်ပြသပေးဖိ့ုလိုပါတယ်။
အဲ့ဒီအခါ သူအရမ်းကြောက်ခဲ့တဲ့အရာတစ်ခုက ဘာမှလည်းမဟုတ်ပါလား ၊ သူနိုင်တယ်ဆိုတာ
သိလိုက်ရတဲ့အခါ ကလေးအတွက် ယုံကြည်မှုရလာစေတယ်။ လုံးဝ ရေမကူးတတ်တဲ့ကလေးတွေ
ထက် ရေကူးတတ်တဲ့ကလေးတွေက ပိုပြီးယုံကြည်မှုရှိတတ်ကြပါတယ်။



– ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်
– စိတ်အားပြင်းပြမှုရှိ
– ကိုယ့်ကိုကိုယ် တန်ဖိုးထားလာ
– ဘယ်သွားသွား ဘာလုပ်လုပ် သက်တောင့်သက်သာရှိနေ


ကဲ.. ရေကူးခြင်းက သင့်ရဲ့ကလေးငယ်ကို ဘယ်လောက်ထိ တိုးတက်မှုရှိစေလဲဆိုတာ
သိသွားပြီဟုတ်..အခုကစပြီး ကလေးတွေကို မကြာခဏ ရေကူးကန်ခေါ်သွားပေးလိုက်ပါ…




Some text some message..