![]()
ကိုယ်ဟာ ဘယ်နေရာမှာမှအသုံးမကျတော့သလို ခံစားချက်ဟာ လူတိုင်းဖြစ်တတ်ပါတယ်။
ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ တစ်ယောက်ယောက်ဆီကအပြောခံရတဲ့အခါ
စိတ်ဓာတ်တွေ ပြိုလဲသွားတတ်ပါတယ်။ ဘယ်သူမှ မွေးလာတည်းကပြည့်စုံတယ်ဆိုတာ
မရှိပါဘူး။ သင်ကြားရတယ် ၊ လေ့လာ ဆည်းပူးရတယ်။ လေ့လာတဲ့အခါ တက်ချင်စိတ်ပြင်းပြတာ
နဲ့ ၊အာရုံမထားတာပဲ ကွာပါတယ်။
အချို့တွေ ပညာရပ်တစ်ခုကို သင်တော့သင်နေတာပဲ။အဲ့ဒါနဲ့ပတ်သတ်ပြီး သူတကယ်
မတတ်မြောက်ဘူး။ စေ့စေ့ပေါက်ပေါက်မေးကြည့်ရင် မသိတာတွေကများနေတယ်။ ဒါဆို
သူစိတ်မဝင်စားလို့ပေါ့ ..ရှင်းနေတာပဲ။ သူစိတ်ဝင်စားတဲ့အရာပေါ်မှာတော့အသေးစိတ်သိရင်
သိမှာပေါ့။
ဒီလိုပါပဲ..အရာတစ်ခုပေါ် ကိုယ်နားမလည်သလို ၊ သေချာမသိသလို ခံစားရတဲ့အခါ
စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ကိုကိုယ် ဘောင်မဝင်ဘူးဆိုတဲ့အတွေးနဲ့ ချောင်မထိုးလိုက်ပါနဲ့။
ဘယ်သူမှအကုန်လုံးလိုက်မသိနေပါဘူး။ မသိရင် သိအောင်လုပ်ရမှာပေါ့။
ကိုယ်ဟာအသုံးမဝင်ဘူးလို့ ခံစားချက်ဝင်လာတဲ့အခါ… ဒါလေးတွေကို သတိရလိုက်ပါ..
ဘာလို့ ဒီလိုခံစားရတာလဲ စဉ်းစားပါ
အသုံးမဝင်ဘူးလို့ ခံစားချက်ဝင်ရခြင်းရဲ့အရင်းမြစ်ကို သေချာသိအောင်လုပ်ပါ။ ဘာမှမဟုတ်ပဲ
ဒီလိုအတွေးဝင်နေတာဟာ စိတ်ပျော့ညံ့နေလို့ပါ။ တကယ်လို့အကြောင်းရင်းအခိုင်မာကိုသိ
တယ်ဆိုရင် သင့်အတွေးကို ပြောင်းလဲသွားစေမယ့် ခြေလှမ်းကို လှမ်းလိုက်တာပါပဲ။
စာရွက်ပေါ်မှာ ဖြစ်နေတဲ့ခံစားချက်အပေါ် ချရေးလိုက်ပါ။ မေးခွန်းထုတ်ပါ။ တွေးပါ။
ဘယ်အရာက စိတ်အနှောင့်ယှက်ဖြစ်စေတာလဲ.. ဒါကို ဘယ်လိုကိုင်တွယ်မလဲ.. ယုံကြည်ရတဲ့
သူငယ်ချင်းကို ရင်ဖွင့်တာကလည်း သင့်ကိုအနည်းငယ်တော့ သက်သာစေပါလိမ့်မယ်။
ကိုယ်တကယ် စွဲလမ်းရတဲ့အရာပေါ်စိတ်လွဲှလိုက်ပါ…
![]()
ဝါဿနာပါရာကို လုပ်နေရခြင်းဟာ ဘယ်တော့မှငြီးငွေ့မှုမရှိဘူးတဲ့။ စိတ်ဝင်စားစရာကောင်းတာ
မို့ မသိရင် လေ့လာမယ်။ သိသွားရင် ကိုယ်တတ်တဲ့ပညာနဲ့အသုံးချမယ်။ ဒါပါပဲ.. ကိုယ်ဝါဿနာ
ပါတာမို့ မသိတာ မရှိဘူး။ ဒီတော့ လုပ်ရတာပျော်တယ်။ နောက်ထပ် လေ့လာစရာတွေ ထပ်တိုး
လာရင်လည်း မပျင်းမရိပဲ ဆက်လုပ်နေမိဦးမှာပဲ။ ကိုယ့်ရဲ့အာရုံက ဒီတစ်ခုတည်းမို့လို့ကိုး ။
ဒါကြောင့် ဘာပဲလုပ်လုပ် တကယ်စိတ်ဝင်စားဖို့ပဲလိုတယ်လို့ ပြောကြတာပါ။
နေ့တိုင်း ကောင်းမွန်တဲ့အရာတွေလုပ်ကြည့်ပါ..
လမ်းမှာ တောင်းနေတဲ့အဘွားကြီးတွေတွေ့ရင် လှူလိုက်တာတို့ ၊ ပစ္စည်းအလေးကြီးတွေ
သယ်လာတဲ့သူကို ကူသယ်ပေးတာမျိုး .. စသဖြင့် ကောင်းတာမှန်သမျှ လုပ်ကြည့်ပါ။
သူများကို ကူညီပေးရတာကလည်း စိတ်အာဟာရတစ်မျိုးပါပဲ။အကူညီတောင်းမှ ကူညီတာထက်
ကိုယ်ကအလိုက်တသိလုပ်ပေးလိုက်တာက ပိုပြီးပျော်စရာကောင်းပါတယ်။ ဒီနေ့တစ်နေ့တာ
အတွက် သင်ဟာ ကောင်းတဲ့ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပြီလို့
ဂုဏ်ယူရပြီပေါ့။
စိတ်အနာတရဖြစ်စေတဲ့လူတွေကို ရှောင်ပါ…
ဘာလို့ ဒီလူတွေကိုရှောင်ခိုင်းတာလဲ.. သူတို့က သင့်ဘေးနားမှာရှိနေလဲအကျိုးပြုနိုင်တာမှ
မဟုတ်တာ ။ သင့်စိတ်ကို ဒဏ်ရာဖြစ်အောင်လုပ်မှာလေ။ ဒီလူတွေနဲ့သင်ပေါင်းသင်းဆက်ဆံ
နေရတဲ့အခါ ကိုယ့်ကိုကိုယ်အသုံးမဝင်ဘူးဆိုတဲ့အတွေးတွေ ဝင်စေပါတယ်။ သူတို့က
သင့်ကို ဖိအားပေးလိမ့်မယ်။ လွှမ်းမိုး ချုပ်ကိုင်လိုက်မယ်။ သင်ကျရှုံးတဲ့အခါ လက်ညှိုးဝိုင်းထိုးလိမ့်
မယ်။ ဘယ်တော့မှ ဖေးမပေးမယ့် လူတွေမဟုတ်ပါဘူး။ သင့်ကိုစိတ်ဒဏ်ရာပဲပေးမယ်ဆိုတာ
ကြိုသိနေရင် ရှောင်လိုက်ပါ။ မခံစားပါနဲ့။ လစ်လျုရှုလိုက်ပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေနဲ့သာ
ပျော်ရွှင်စွာ နေပါ…