မျက်နှာကြောတင်းပြီး ခပ်ချေချေနေတတ်သူတွေသာနားလည်နိုင်မယ့်အချက် (၄) ချက်
popolay.com
|
2019-08-07

၁။အပိုမလုပ်တတ်ဘူး။



မျက်နှာကြောတင်းပြီး ခပ်ချေချေနေတတ်သူတွေဟာအပိုမလုပ်တတ်ကြပါဘူး။ မိန်းကလေးအများစုက‘ချစ်’ တို့ ‘သဲ’ တို့အစရှိတဲ့အခေါ်အဝေါ်မျိုးတွေကို ကြိုက်နှစ်သက်လေ့ရှိကြပေမယ့် ခပ်ချေချေနေတတ်တဲ့ မိန်းကလေးတွေကတော့ ဒါမျိုးပြောတာကိုအပိုလို့သတ်မှတ်ထားကြပါတယ်။


၂။ စိတ်ထဲရှိတဲ့အတိုင်း ပြုမူနေထိုင်တယ်။



ခပ်ချေချေနေတတ်တဲ့ မိန်းကလေးတွေဟာ လူတွေရဲ့အထင်အမြင်ကိုသိပ်ဂရုစိုက်လေ့မရှိပါဘူး။ ဒါကြောင့်လဲ မျက်နှာကအမြဲတည်တင်းနေတာကြောင့် စိတ်ဆိုးနေတယ်၊ စိတ်မကြည်ဘူးလို့အမြဲတမ်းလိုလိုအထင်ခံရတတ်ပါတယ်။


၃။ မကြာခဏ ဗီလိန်ဖြစ်သွားတတ်တယ်။



ခပ်ချေချေ နေတတ်တဲ့ မိန်းကလေးတွေဟာ မျက်နှာထား တည်တင်းနေတာကြောင့် မတော်လို့ ပြဿနာကြားထဲရောင်သွားမိရင်အကျင့်မကောင်းဘူး၊အကျင့်ပုတ်တယ်လို့အလိုလိုနေရင်းအထင်ခံရနိုင်ပါတယ်။ “ကျွန်တော်တို့အားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ဘဝမှာ ဗီလိန်ဖြစ်ခဲ့ဖူးပါတယ်” ဆိုသလိုပါပဲ မျက်နှာထားတင်းတာကြောင့်အလိုလိုနေရင်း ဗီလိန်ဖြစ်သွားတတ်ပါတယ်။


၄။ တကယ်က ခင်ဖို့ကောင်းပါတယ်။



ခပ်ချေချေနေတတ်တဲ့ ကောင်မလေးတွေက မခင်တဲ့လူတွေကအတင်းလာရောတာ၊ စကားလာပြောတာတို့ကို နှစ်သက်ခြင်းမရှိလှပါဘူး။ တကယ်ခင်တဲ့လူတွေနဲ့ဆိုရင်တော့ ပေါတောတောနဲ့ စကားတွေအများကြီးပြောတဲ့ ငပေါတစ်ယောက်ပါပဲ။ ခင်တဲ့သူတွေနဲ့ဆို ပေါလွန်းလို့ လိုက်မမှီအောင် ဖြစ်တတ်ပါတယ်။

(ပိုပိုလေး)




Some text some message..