![]()
တချို့တွေက ပြောကြပါတယ်။ ယောင်္ကျားပဲ ဘာလို့မျက်ရည်ကျရမှာလဲ။ တကယ်တော့ ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် မျက်ရည်ကျတာက ကျတာပါပဲ။ လေ့လာတွေ့ရှိမှုတွေအရတော့ ခံစားမှုအားပိုကောင်းတဲ့အမျိုးသားတွေဟာအမျိုးသမီးတွေထက်တောင် ငိုတတ်ကြသေးတယ်လို့ ဆိုကြတယ်။ ကဲ…ဒီတော့ ယောင်္ကျားလေးတွေက ဘယ်လိုအချိန်တွေမှာ မျက်ရည်ကျတတ်ကြလဲ။ ဖတ်ကြည့်ရအောင်..။
(၁)။ သူတို့အရမ်းချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်
ကိုယ်အရမ်းချစ်တဲ့သူတစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ယောင်္ကျားလေးတွေ မျက်ရည်ကျတတ်ပါတယ်တဲ့။ ဘယ်လောက်ပဲအသည်းမာတဲ့ ယောင်္ကျားလို့ပြောပြော သူတို့အရမ်းချစ်တဲ့ ကောင်မလေးကို ဆုံးရှုံးလိုက်ရပြီလို့ သိလိုက်ရတဲ့အချိန်တွေဆို ငိုပေတော့ပဲ..။
![]()
LightField Studios/Shutterstock
(၂)။အရမ်းကြိုးစားထားတဲ့ကိစ္စတစ်ခု မအောင်မြင်လာတဲ့အချိန်
ကိုယ်က ဘဝနဲ့ရင်းပြီး ကြိုးစားထားရတဲ့ ကိစ္စတစ်ခု မအောင်မြင်ပဲ လုံးဝကျရှုံးသွားချိန်မှာလည်း ယောင်္ကျားလေးတွေက မျက်ရည်ကျတတ်ကြပါတယ်။ ဒါက ဝမ်းနည်းပြီးကျတဲ့မျက်ရည်ဆိုတာထက် ပင်ပန်းလွန်းခဲ့တာတွေ၊အရမ်းမျှော်လင့်ထားမိတာတွေကြောင့်အားမလိုအားမရဖြစ်ပြီး ကျတဲ့မျက်ရည်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
(၃)။ သူတို့ဘဝကို သူတို့အလိုမကျ ဖြစ်တဲ့အချိန်
လူသားတွေငိုတယ်ဆိုတာ ဝမ်းနည်းတာကြောင့်၊ ဒေါသထွက်တာကြောင့်၊အပြစ်ရှိတယ်လို့ခံစားရတာကြောင့်၊ ပျော်လွန်းတာကြောင့် စသဖြင့်အများကြီးပါပဲ။ ဒါပေမယ့် တချို့ယောင်္ကျားလေးတွေကျပြန်တော့လည်း သူတို့ဘဝကို သူတို့အလိုမကျလွန်းရင် မျက်ရည်ကျတတ်ကြတယ်။ သူတို့က သူတို့ကိုယ်သူတို့အရှုံးသမားတွေလို့ ခံစားတတ်ကြပြီး ပိုပြီးအောင်မြင်လာအောင်လုပ်ဖို့ထက် ငိုလိုက်ဖို့ကိုပဲ စိတ်အားထက်သန်ကြသူတွေပေါ့။
![]()
Marjan Apostolovic/Shutterstock
(၄)။ မိဘအပေါ် ဂရုမစိုက်မိတာတွေ ပြန်တွေးတဲ့အချိန်
မိဘတွေအသက်ရှိနေတုန်းကတော့ မိဘအပေါ်မှာ ဆိုးခဲ့မိုက်ခဲ့သမျှက မိဘတွေမရှိတဲ့အချိန်ကျမှ ပြန်တွေးပြီး စိတ်မကောင်းဖြစ်ဖို့ပါပဲ။ ယောင်္ကျားလေးတချို့ကတော့အဲဒီလို နောင်တစိတ်တွေနဲ့အသက်ရှင်နေကြသူတွေဖြစ်ပြီး မိဘအပေါ် ဂရုမစိုက်မိတဲ့အချိန်တွေကို ပြန်တွေးနေတတ်ကြတယ်။အဲဒီနောက်တော့ သူတို့ ငိုကြတာပါပဲ။
(၅)။ သူတို့ရဲ့ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့အချိန်
ယောင်္ကျားတစ်ယောက်ကအကြောင်းကိစ္စတစ်ခုကြောင့် သူ့ရဲ့မိသားစုကို ဆုံးရှုံးလိုက်ရတဲ့အချိန်တွေမှာလည်း ငိုတတ်ကြပါတယ်။ သူတို့ရဲ့ဇနီး၊ဒါမှမဟုတ် သားသမီး စတဲ့သူတွေက သူတို့ဘဝထဲကနေ ထွက်သွားပြီလို့ ခံစားရရင် သူတို့ ငိုတတ်ကြတယ်။
![]()
Pressmaster/Shutterstock
Linn