တစ်ဦးတည်းသော သား/သမီးတွေနဲ့ ချစ်သူဖြစ်ရင် ဒီလိုဒုက္ခတွေခံစားရမယ်
shwemom.com
|
2019-08-09

ညီအစ်ကို၊ မောင်နှမ မရှိပဲ တစ်ယောက်တည်းမွေးလာတဲ့ တစ်ဦးတည်းသော သားတွေ၊ သမီးတွေနဲ့ ချစ်သူ ဖြစ်ဖူးလား။ များသောအားဖြင့်တော့ တစ်ဦးတည်းသော သားသမီးတွေကအနှောင်အဖွဲ့ကင်းတယ်၊ မိဘကအလိုလိုက်ခံရတယ် စသဖြင့် ပြောကြလေ့ရှိပေမယ့် သူတို့ရဲ့ဆိုးကွက်တွေကလည်း မကုန်နိုင်အောင်ပါပဲ။

အဲဒီထဲကမှ ထူးခြားတဲ့အချက်လေးတွေကို ပြောရမယ်ဆိုရင်ဖြင့်…

(၁)။ တစ်ကိုယ်ကောင်းဆန်လိမ့်မယ်
များသောအားဖြင့် တစ်ဦးတည်းသော သားသမီးတွေက တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ သူတို့က ညီအစ်ကို၊မောင်နှမတွေနဲ့ ကြီးပြင်းလာတာမျိုးမဟုတ်တာကြောင့် သူတပါးကို စာနာရကောင်းမှန်း ၊ ဦးစားပေးရကောင်းမှန်းမသိကြဘူး။ သူတို့က သူတို့လိုချင်တာကိုပဲသိပြီး တစ်ကိုယ်ကောင်းဆန်တတ်သူတွေဖြစ်တတ်ကြပါတယ်။


n_defender/Shutterstock

(၂)။ လိုချင်တာမရရင် ဂျီကျမယ်
သူတို့ကအရမ်းကို ဂျီကျတတ်သူတွေပါ။ ငယ်ငယ်ကတည်းက တစ်ဦးတည်းမွေးလာတဲ့သူတွေဆိုတော့ မိဘတွေကအလိုလိုက်၊ ဖူးဖူးမှုတ်ထားကြသူတွေဆိုတော့ လိုချင်တာမရရင် ဂျီကျတာကအကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်။အဲဒီတော့ သင်လည်း သူတိ့ုဂျီကျသမျှကို ခံနိုင်ဖို့ ပြင်ထားပေတော့ပေါ့။

(၃)။ လွယ်လွယ်နဲ့ မရင့်ကျက်ကြဘူး
သူတို့ကအသက်တွေကြီးလာတဲ့တိုင်အောင် မရင့်ကျက်လာကြဘူး။ ဘဝကို လွယ်လွယ်ကူကူ နဲ့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်သူတွေဖြစ်ပြီး တခြားရွယ်တူတွေနဲ့ ယှဉ်လိုက်ရင် သူတို့ရဲ့မရင့်ကျက်မှုက ပိုလို့ ပေါ်လွင်လာတတ်သူတွေပါ။


WAYHOME studio/Shutterstock

(၄)။အရွဲ့တိုက်ချင်တဲ့စိတ် များကြတယ်
သူတို့ကအရွဲ့တိုက်ချင်တဲ့စိတ် များကြတယ်။ တစ်ခုခုဆို ဖြေရှင်းဖို့ထက်အရွဲ့တိုက်ဖို့ကိုပဲ စဉ်းစားကြတယ်။ သူတို့အမှားတစ်ခုခု လုပ်ခဲ့လို့အပြောခံရပြီဆိုရင်အဲဒီအမှားကိုပြင်ဖို့ထက် ထပ်ပြီးလုပ်ဖို့ကိုသာ စဉ်းစားကြသူတွေပေါ့။ ဒီလိုလူမျိုးတွေက နားလည်ရလည်းခက်ကြပြီး သူတု့ိကိုချစ်ရတာ လွယ်တော့မလွယ်လှဘူးရယ်။


fizkes/Shutterstock

(၅)။ ခွင့်မလွှတ်တတ်ကြဘူး
သူတို့ကိုယ်တိုင်သာ မှားချင်မှားမယ်၊ သူတို့အပေါ်အမှားလုပ်ရင်တော့ လွယ်လွယ်နဲ့ခွင့်မလွှတ်နိုင်ကြသူတွေပါ။ သင့်ချစ်သူက တစ်ဦးတည်းသော သား/သမီး ဆိုရင် သူတို့အပေါ် သင်အမှားတစ်ခုခု လုပ်လိုက်တဲ့အခါအဲဒါကိုအကြာကြီး မှတ်ထားတာမျိုး ၊ သတိရတိုင်းပြန်ပြောတာမျိုးလုပ်တာကို မကြာခဏ ကြုံရပါလိမ့်မယ်။

Linn




Some text some message..