![]()
ချစ်သူတွေဖြစ်ပြီးတဲ့နောက် သူက ကိုယ့်ကို Silent တွဲနေတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားရဖူးလား။ စိတ်ထဲမှာ သူက ကိုယ့်ကို တိတ်တိတ်ပုန်းတွဲနေတယ်လို့ပဲ ထင်လာမိပြီး ကိုယ့်အပေါ် ရိုးရော ရိုးသားရဲ့လားလို့ ခံစားလာမိတာမျိုးလေ။အဲဒီလိုဆိုရင် သူနဲ့တွဲရတာလည်း သံသယတွေများလာ၊ မပျော်မရွှင်တွေဖြစ်လာပြီး တကျက်ကျက်နဲ့ရန်တွေဖြစ်ရဖို့ပါပဲ။အထူးသဖြင့် ဒီလိုအချက်တွေကိုကြုံလာရတယ်ဆိုရင် သူက ကိုယ့်ကို Silent တွဲနေတယ်လို့ ခံစားရလေ့ရှိပါတယ်…။
(၁)။ ချစ်သူတွေဖြစ်နေကြောင်း ပတ်ဝန်းကျင်ကိုအသိပေးဖို့ဆန္ဒမရှိဘူး
သူက ကိုယ်နဲ့ချစ်သူတွေဖြစ်နေကြတဲ့အကြောင်းကို သူ့ပတ်ဝန်းကျင်ကိုအသိမပေးချင်ဘူး။ သူ့ရဲ့အလုပ်ကလူတွေ၊ ကျောင်းက သူငယ်ချင်းတွေနဲ့ ကိုယ့်ကို မိတ်ဆက်မပေးချင်ဘူး။ ဒီလိုနဲ့ ကိုယ့်စိတ်ထဲမှာ သူက ကိုယ့်ကို တိတ်တိတ်ပုန်းတွဲချင်နေတာလို့ ထင်လာမိတော့တာပါပဲ။
![]()
Mindmo/Shutterstock
(၂)။ လျို့ဝှက်တတ်တယ်
သူ့ရဲ့အကြောင်းတွေ တော်တော်များများကို ကိုယ့်ကိုပြောပြဖို့ ဆန္ဒရှိမနေတာကလည်း ကိုယ့်ကို Silent တွဲနေတာလားဆိုတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။ သူ့မိသားစုအကြောင်း သင့်ကို သိပ်မပြောပြချင်ဘူး။ သူ့အလုပ်ထဲက လူတွေအကြောင်း၊ သူ့သူငယ်ချင်းတွေအကြောင်းဆို သင့်ရှေ့မှာ စကားတောင်မစဘူး။အဲဒီလိုဆိုရင် သင့်စိတ်ထဲမှာ ခံစားချက်တွေကောင်းမှာမဟုတ်တော့ဘူးလေ…ဟုတ်တယ်ဟုတ်?
(၃)။ သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ရင်းနှီးအောင်မကြိုးစားဘူး
သူက သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့တင် မိတ်မဆက်ပေးတာမဟုတ်ဘူး၊ ကိုယ့်ရဲ့သူငယ်ချင်းတွေ၊မိသားစုဝင်တွေနဲ့လည်း ရင်းနှီးအောင်မကြိုးစားဘူးဆိုရင် သူက ကိုယ့်ကို တကယ်ရောချစ်ရဲ့လားလို့ သံသယဝင်လာမိမှာပါ။အဓိက ကတော့ သူကိုယ့်ကို ရေရှည်လက်တွဲဖို့ တကယ်ရော စဉ်းစားထားရဲ့လားဆိုတာကိုပေါ့။ သူက ကိုယ့်ဘဝထဲကို ဝင်လာချင်တဲ့သူမဟုတ်ဘူးလို့ မကြာခဏတွေးနေမိမှာလည်းအမှန်ပါပဲ။
![]()
oneinchpunch/Shutterstock
(၄)။ သင့်ကိုသိပ်ပြီး စိတ်ပူတာမျိုးမရှိဘူး
သူက ကိုယ့်အပေါ်စိတ်ပူတာမျိုး သိပ်မရှိဘူး။ ကိုယ်ရုံးကနေ ပြန်ရောက်တာနောက်ကျရင်လည်းအေးဆေးပဲ။ သူငယ်ချင်းတွေနဲ့ ညနက်တဲ့အထိ သွားသောက်နေတယ်ဆိုရင်လည်း စိတ်မပူဘူး။ ဖုန်းလေးတစ်ချက်တောင်ဆက်ဖော်မရဘူး။ ဒီလိုဆိုရင် သူ ကိုယ့်ကို တကယ်ရောချစ်ရဲ့လားလို့ ခံစားလာမိပြီလေ။ ကိုယ့်အတွက် စိတ်မပူပေးဘူးလို့ ခံစားရတဲ့အချက်က သူကိုယ့်ကို တကယ်အလေးအနက်ထားရဲ့လားဆိုတဲ့အတွေးမျိုး ဝင်လာစေပါတယ်။
![]()
Stock-Asso/Shutterstock
(၅)။ သင့်အကြောင်းကို သေချာသိဖို့ မကြိုးစားဘူး
သင့်ဘဝမှာ ဘယ်လိုကိစ္စတွေဖြစ်ခဲ့လဲဆိုတာ သူ သိဖို့မကြိုးစားဘူး။ သင် ဘယ်လိုအရာတွေကိုမကြိုက်ဘူးလဲ၊ ဘာတွေကိုကြိုက်လဲ..စတာတွေကို မှတ်ထားဖို့မကြိုးစားဘူး။ သင်နဲ့အတူရှိနေချိန်တွေမှာ ပျော်နေတာပဲရှိတယ်၊ ကျန်တဲ့အရာတွေကို ဘာမှအလေးအနက်မထားဘူးဆိုရင် သင့်စိတ်ထဲမှာ တွေးလာမိပါလိမ့်မယ်။ “သူင့ါကိုအပျော်တွဲနေတာလားမသိဘူး” ဆိုပြီးတော့ပေါ့….။
Linn